Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပူစီနံ⁠ကျောက်⁠ကျော

$
0
0

ကျောက်ကျောတွေကို ပူစီနံနံ့ ကြိုက်သူအတွက် ပူစီနံနဲ့ လုပ်နိုင်ပါတယ်။အနောက်နိုင်ငံသားတွေက ကြိုက်ပါ တယ်။ ပီကေစားရသလို အနံမျိုးပါတဲ့ ခပ်ချိုချို ကျောက်ကျောတုံးလေးဖြစ်ပါတယ်။ခံတွင်းလည်း ရှင်းစေပါ တယ်။

ပါဝင်ပစ္စည်းများ

  • ပူစီနံ ရွက် လေးငါးခြောက်ရွက်
  • ရေ ၅၀၀ မီလီမီတာ (သို့) ၂.၁ ခွက်
  • ကျောက်ကျောမှုန့် 5 gms (သို့) 0.18 Oz
  • သကြား 100 gms (သို့) ၀.၄၇ ခွက်
  • အစာဆိုးဆေး အစိမ်းရောင် ၁ စက် ၊ ၂ စက်
  • ဆားလက်ဖျားနဲ့ ပါလေရုံနည်းနည်းလေး
  • ဂျယ်လီထည့်ပုံစံခွက်လေးများ (သို့) ခွက်အကြည်လှလှလေးတွေ

(ကွတ်ကီးပုံစံခွက်လေးတွေဆိုလည်း ရပါတယ်)

ပြုလုပ်ပုံ

  • ပူစီနံရွက်လေးတွေကို ဆေးပြီး ကြိတ်ခြေအရည်ညှစ်ယူပါ။
  • ကျောက်ကျောမှုန့် ၊ ရေ ၊ သကြား ၊ ဆား အားလုံးနဲ့ ရောပြီး ကျိုပါ။
  • အစိမ်းရောင် အစာဆိုးဆေး ၁ စက် (သို့) ၂ စက်ထည့်ပါ။ နှံ့အောင်မွှေပါ။
  • ဆူလာရင်ချပြီး ချက်ချင်း ပုံစံခွက်လေးတွေထဲ ခွဲထည့်ပါ။
  • ၁၀ မိနစ်လောက် အပြင်မှာထားပြီး ရေခဲသေတ္တာ ထဲထည့်ပါ။
  • တည်ခင်းတဲ့အခါမှာ ပုံမှာပြထားသလို ပန်းကန်ပြားထဲမှောက်ချပြီး တည်ခင်းပါ။

Pissaya_Info

The post ပူစီနံ⁠ကျောက်⁠ကျော appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles