ကျောက်ကျောကို မနှစ်သက်သူ မရှိသလောက်ပါပဲ။ဒါကြောင့် ကျောက်ကျော လုပ်နည်းမျိုးစုံကို တီထွင်ပြီးရင်း တီထွင်လာကြပါတယ်။ အခုတစ်ခါ နဂါးမောက်သီးကျောက်ကျောတဲ့လေ။နဂါးမောက်သီးက ကျန်းမာရေးဓာတ် စာသီးဖြစ်လို့ လူကြီးတွေနဲ့လည်း တည့်ပါတယ်။ နဂါးမောက်သီးမှာ အဖြူသီး ၊ အနီသီးရယ်လို့ ရှိပါတယ်။ဒါက တော့ အနီသီးနဲ့လုပ်တာပါ။ နဂါးမောက်သီးအနီ မေမြို့မှာ အများကြီး တွေ့ ခဲ့ပါတယ်။ အနီသီးအရောင်က ဆိုးဆေးမလို သဘာဝအရ အခုလို တောက်ပပြီး လှနေတာပါ။ ကဲ ကြည့်ရအောင်။ဘယ်လို လုပ်ထားလဲ လို့လေ။
ပါဝင်ပစ္စည်းများ
- ရေ ၁.၅ လီတာ (၆ ခွက်)
- ကျောက်ကျောမှုန့် Agar Agar Powder ၁၅ ဂရမ်
(စားပွဲဇွန်း ၂ဇွန်း ) သို့မဟုတ် ကျောက်ကျောချောင်း Agar Agar Strips ဆို ၂၀ ဂရမ်ပေါ့။
- ပျားရည် ၂၀၀ ဂရမ် (ပျားရည်မရှိရင် သကြား ထည့်နိုင်ပါတယ်)
- နဂါးမောက်သီးအတွင်းသား ခြစ်ယူထားသော ၁ ခွက်အပြည့်။
- (အနီဆို ဆိုးဆေးမလိုပါဘူး)
- ဆွမ်းမွှေးရွက် ၃ ရွက် ရေဆေးပြီး ထုံးထားပါ။
- ဆားနည်းနည်း။
- ကျောက်ကျောထည့်ရန် ပုံစံခွက်ကလေးများ။
ပြုလုပ်ပုံ
- အိုးအရွယ်လတ်တစ်လုံးထဲ ရေ ၊ ဆွမ်းမွှေးရွက် ၊ ပျားရည် (သကြား) ၊ ဆားနည်းနည်း ၊ကျောက်ကျော မှုန့်အားလုံး ရောကြိုပါ။
- အားလုံးပျော်ဝင်အောင် မွှေပေးနေပါ။ ဆူလာပြီး အရည်က ပျစ်လာတဲ့အခါ မီးဖိုပေါ်ကချပါ။ ဆွမ်းမွှေး ရွက် အထုံးလေးကို ဖယ် ပစ်လိုက်ပါ။(သူ့ကို အနံ့ယူရုံပဲ ထည့်ထားတာမို့ပါ)
- ကျောက်ကျောထည့်ရန် ပုံစံခွက်ကလေးများထဲသို့ နဂါးမောက်သီးခြစ်ထားတာလေးတွေ ထည့်ပါ။သူအ ပေါ်ကိုမှ ကျောက်ကျော အရည်ကျိုထားတာကို ဖြည်းဖြည်းလောင်းထည့်ပါ။
- အေးခဲသွားအောင် ခဏစောင့်ပါ။
- ပြီးရင် ရေခဲသေတ္တာ ထဲ ထည့်ထားလိုက်ပါ။
- သုံးဆောင်တည်ခင်းချိန်ရောက်မှ ထုတ်ပြီး ပန်းကန်ပြားထဲ မှောက်လိုက်ပါ။
- ပုံမှာပြထားသလို စားချင့်စဖွယ် နဂါးမောက်သီးကျောက်ကျောတုံးလေးကို မြင်ရပါမယ်။
Pissaya Info
The post နဂါးမောက်သီးကျောက်ကျော appeared first on Myanmar Farmers' Portal.