Matcha Green Tea Agar Agar with sweet Black Sesame Sauce
နည်းနည်းထူးဆန်းတဲ့ အရသာနဲ့ ကျောက်ကျောလုပ်နည်းလေးကို အဆန်းမို့ အဆန်းကြိုက် သူတွေအတွက် တင်ဆက်ပေးလိုက်ပါ တယ်။ သူ့ကို လုပ်ဖို့ကတော့ (Matcha Green Tea) လက်ဖက်စိမ်းမှုန့်လိုပါတယ်။ နှမ်းနက်အမှုန့်လည်း လိုပါတယ်။ နှမ်းနက်ကို လှော်ပြီး ထောင်းထားလိုက်ပါ။
(မှတ်ချက် – လက်ဖက်စိမ်းမှုန့် မရှာတတ်ရင် အချိုခြောက်အရည်ယူပြီး အရောင်ဆိုးဆေးအစိမ်းနဲ့ တွဲသုံးပါလို့ အကြံပြုလိုပါတယ်)
ပါဝင်ပစ္စည်းများ
အာဂါး အာဂါး ကျောက်ကျောမှုန့် (0.88 ounce) ပါ နှစ်ထုပ်
အုန်းနို့ သုံးခွက် (ခွက်နှစ်ခွက်နဲ့ တစ်ဝက်စီခွဲထည့်ထားလိုက်ပါ)
သကြားအပွင့်သေး ၂ ၁/၃ ခွက်၊
(အချိုရည်ကြိုရန် ထမင်းစားဇွန်း ၄ ဇွန်း)
ရေ ၇ ၁/၃ ခွက်
နွားနို့ ၃/၄ ခွက်
လက်ဖက်စိမ်းအမှုန့် matcha green tea ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
နှမ်းနက်မှုန့် ၂ ဇွန်း (ထမင်းစားဇွန်း)
အာလူးမှုန့် ၂ ဇွန်း ( ထမင်းစားဇွန်း)
Wasabi powder ၀ါဆာဘီမှုန့် နည်းနည်းလေး လက် ၂ ချောင်းနဲ့ ပါရုံလေး (1 pinch)
ချင်းထောင်း (သို့) အမှုန့် ၁/၈ (လက်ဖက်ရည်ဇွန်း)
ပျားရည် ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဟင်းချက်ရာသုံးသော ပြောင်းအချိုရည် corn syrup ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဆားနည်းနည်းလေး (အရသာပါရုံ) 1pinch salt
သရက်သီးမှည့် လှီးထားတုံးထားတာ (အကြမ်းပန်းကန်တစ်လုံး)
ပြုလုပ်ပုံ
နှမ်းနက်အချိုရည် ပြုလုပ်ရန်
အာလူးမှုန့် + ၀ါဆာဘီ + ဆား + ချင်း ကို ရေခွက် တစ်ဝက်နဲ့ ရောပါ။
သကြားလေးဇွန်းထည့် မီးဖိုပေါ် ကျိုချက်ပါ။
အာလူးပျော်ဝင်သွားသည် အထိ မီးအေးအေးဖြင့် မွှေကျိုပါ။
သေချာပျော်သွားရင် ပြောင်းအချိုရည်နဲ့ ပျားရည်ထည့်ပြီး ဆူပွတ်အောင်တည်ပါ။
ပြီးရင် အအေးခံထားပါ။ တည်ခင်းချိန်ကျမှ ကျောက်ကျောတုံးပေါ် ဆမ်းပေးရမယ့် အချိုရည် ဖြစ်ပါတယ်။
ကျောက်ကျော ပြုလုပ်ပုံ
အိုးငယ်တစ်လုံးထဲ လက်ဖက်မှုန့်ကို တစ်ဝက်ထည့်ပါ။
ကျောက်ကျောမှုန့် ရေထည့်ပါ။
မီးဖိုပေါ် ကျိုချက်ပါ။
အားလုံး ပျော်ဝင်သွားတဲ့အထိ မီးအေးအေးနဲ့ သစ်သားယောက်မသုံးပြီး မွှေကျိုပါ။
သေချာပျော်ဝင်သွားရင် မီးလျှော့လိုက်ပါ။ ဆက်မွှေနေပါ။
နောက်အိုးတစ်အိုးထဲ အုန်းနို့ +ကျန်ကျောက်ကျောမှုန့်တစ်ဝက် + သကြား + ဆား + လက်ဖက်မှုန့်ကျန်တစ်ဝက် + နို့စိမ်းထည့်ကျိုပါ။
မီးအေးအေးနဲ့ မွှေပေးနေပြီးမှစောစောကျိုထားတဲ့အရည်လောင်းထည့်ပြီး သစ်သားယောက်မသုံးပြီး ဆက်မွှေကျိုပါ။
သေချာပျော်ဝင်သွားရင် မီးလျော့လိုက်ပါ။ ဆက်မွှေနေပါ။ ပြီးရင် မီးပိတ်လိုက်ပါ။
အနည်းဆုံး တစ်လက်မ၊ တစ်လက်မခွဲအထူ ထုရှိတဲ့ ထည့်စရာခွက် (သို့) ဗန်းယူပါ။
သူ့ထဲ လောင်းထည့်ပါ။
၃နာရီ အအေးခံထားလိုက်ပါ။
တည်ခင်းချိန်
ဗန်းနဲ့ လုပ်ထားရင် တည်ခင်းချိန်မှ လိုသလို လှီးဖြတ်ပါ။
ပုံစံခွက် နဲ့ဆို တည်ခင်းမယ့် ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။
ပြီးမှ အပေါ်ကို သရက်သီးတုံးလေးတင်ပေးပါ။
နှမ်းနက် အချိုရည်ကို ကျောက်ကျောတုံးပေါ်ကနေ တစ်ပန်းကန်ပွဲအတွက် ၂ ဇွန်း လောက်စီ ဆမ်းပေးပါ။
Pissaya Info
The post လက်ဖက်စိမ်းနဲ့ နှမ်းနက်ကျောက်ကျော appeared first on Myanmar Farmers' Portal.