Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

န⁠နွင်းပင် စိုက်ပျိုးနည်း

$
0
0

မူရင်းဒေသ

နနွင်းပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။ ဘီစီ (BC) ၆၀၀ ခန့်ကတည်းက ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲခဲ့ကြောင်း သိရသည်။ အိန္ဒိယတိုင်းရင်းဆေးများတွင် ယနေ့တိုင်တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြောင်းသိရသည်။  အိန္ဒိယနိုင်ငံမှ တစ်ဆင့် အာရှနိုင်များဖြစ်သော တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ စသော နိုင်ငံများသို့ ပျံ့နှံ့ပြီး နောက်ဆုံးတွင် တစ်ကမ္ဘာလုံးသို့ ရောက်ရှိ ခဲ့သည်။ နနွင်းကို အချို့က ဂျင်းဝါ (Yellow Ginger) ဟုလည်းကောင်း၊ အိန္ဒိယဂုံဂမံ (Indian Saffrom) ဟုလည်းကောင်း ခေါ်ကြသည်။ နနွင်းကို မြန်မာနိုင်ငံတွင် ဆနွင်းဟုလည်း ခေါ်ကြသည်။

မျိုးရွေးချယ်ခြင်း

နနွင်းကို အပင်၏မြစ်ဆုံကိုလည်းကောင်း၊ ထိုမြစ်ဆုံအတက်များကို ဖဲ့၍ရသော အတက်ကိုလည်းကောင်း၊ မျိုးအဖြစ်အသုံးပြုရသည်။ ထိုမျိုးအဖြစ်သုံးမည့် မြစ်ဆုံနှင့် အတက်များကို သစ်ပင်ရိပ်ရှိသော မြေနေရာတွင် ကျင်းတူး၍ သဲခံပြီး ထည့်ထားရသည်။ အပေါ်ယံမှ မြေဖို့ပြီး အစိုဓါတ် အနည်းငယ်ရှိအောင်ရေလောင်းပေးရသည်။ အတက်များနေပူမိပြီး ခြောက်၍ ပိန်ရှုံ့သွားလျှင် အပင်ပေါက်မကောင်းပါ။

စိုက်ပျိုးခြင်း

နနွင်းတက်များကို ဘောင်ဖော်ပြီး စိုက်ပျိုးရသည်။ ဘောင်အမြင့် ၆လက်မခန့်အကျယ်မှာ (ကျောက်ဆည်ခရိုင်၌) ၃ ပေ ခန့် ကျယ်ပြီး၊ (ရှမ်းတောင်ပေါ်ဒေသ၌) ၁ – ပေ ခန့် အကျယ်ထားကြသည်။ ဘောင်အရှည်မှာ မြေပြင်ညီအညီနှင့် ဘောင်အကျယ်အရ ပေ  ၃၀ မှ ၆၀ အထိ ရှိကြသည်။ ဘောင်အကျယ်အရ ပေ ၃၀ မှ ၆၀ အထိ ရှိကြသည်။ ဘောင်အကျယ်ပေါ်တွင် နနွင်းမျိုး ၆-ခု ခန့်ကို ဘောင်ပေါ်တွင် ကန့်လန့်စိုက်ပျိုးပြီး ဘောင်အကျဉ်းပေါ်တွင် တစ်ပင်ချင်းသာ စိုက်ကြသည်။ မြေပြန့်ဒေသတွင် ဆည်ရေသောက်ဒေသ၌ မတ်၊ ဧပြီ၊ ဇူလိုင် (နယုန်၊ ၀ါဆို) လတို့တွင် စိုက်ပျိုးကြသည်။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတို့တွင် အရွက်များ ၀ါလာပြီး တူးဖော်၍ရပြီဖြစ်သည်။  တူးဖော်သည့် အခါ အပင်ခြေတွင် နနွင်းတက်များကို တွေ့ရမည်ဖြစ်သည်။ စိုက်ပျိုးရန် နနွင်းတက်အစိုပိဿာချိန် ၃၀၀ – ၄၀၀ ခန့်သုံးစွဲရပြီး၊ ၊ နနွင်း တက်အခြောက် ပိဿာချိန် ၆၀၀ – ၇၀၀ ခန့် ရရှိသည်။ နနွင်းတက်အစိုကို ရေနွေးဆူဆူတွင် နာရီဝက်ခန့်ဖျော်ပြီး (ပြုတ်) မှ နေ ရောင်ခြည်တွင် ၄ ရက်လှန်းရသည်။ သို့မှသာ ကောင်းစွာ ခြောက်သည်။ ပိုးမွှားမကျဘဲ အရောင်လှသည်။ စားသုံး၍ ရပြီဖြစ်သည်။

မျိုးများ

နနွင်းမျိုး ၇ မျိုး ရှိသည်။ နနွင်းဝါသည် ယခုစားသုံးနေသော မျိုးဖြစ်သည်။ နနွင်းနီမျိုးမှာလည်း စားသုံးသောမျိုးဖြစ်ပြီး အညှီအဟောက် အနံ့ကို ပိုမိုထိန်းနိုင်သည်။ နနွင်းနက်သည် ဆံပင်ကို နက်စေသော သတ္တိရှိသည်။ နနွင်းဖြူမျိုးသည် အရောင်ရှိသော်လည်းဖျော့ဖျော့ သာရှိပြီး အာနိသင်နည်းပါးသည်။ နနွင်းခါးမျိုးသည် အလွန်ခါးသည်။ မျိုးကွဲသုံးခုရှိရာ ဥသေးအ၀ရင့်မှာ အကောင်းဆုံးဖြစ်သည်။ နောက် တစ်မျိုးမှာ ဥကြီး အ၀ါရင့်နှင့် ဥသေးအ၀ါနုတို့ဖြစ်သည်။ နနွင်းပြာ (ဂမုန်းလိပ်ပြာ ဟုလည်းခေါ်သည်) မျိုး၊ အနွယ်ကို သုံးရသော နနွင်းနွယ်မျိုး၊ ဆေးရွှေဟုခေါ်သော သစ်နနွင်းမျိုးတို့ဖြစ်ကြသည်။

ဆေးဘက်ဝင်မှု

နနွင်းမှုန့်ကို မီးရှို့လိုက်လျှင် အငွေ့တွေထွက်လာပြီး ခြင်ကောင်တွေကို သေစေနိုင်သည်။ ထို့ပြင် အရောင်ကျစေနိုင်တဲ့ သတ္တိ၊ ပိုးမွှား တွေကို ကာကွယ်နိုင်သော သတ္တိ၊ နှလုံးနှင့် သွေးကြောကျဉ်းသောရောဂါရှင်များ အတွက် သွေးကြောပိတ်ခြင်း၊ ရုတ်တရက်သေခြင်းတို့ကို ကာကွယ်နိုင်သော သတ္တိတို့ နနွင်းတွင်ရှိသည်။ နေ့စဉ်စားသောက်နေသော ဟင်းလျာတွင် နနွင်းကို အသင့် အတင့် ထည့်ပြီး ချက်ပြုတ်၍ စားသောက်လျှင် အဆစ်အမြစ်ရောင်ခြင်းနှင့် နှလုံးရောဂါတွေကို သက်သာစေနိုင်သည်။ ထို့ပြင် သားအိမ်ရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်း၊ အသည်းရောင်ခြင်းတို့ကို သက်သာစေနိုင်ပါသည်။ သို့ရာတွင် နနွင်းသည် သည်းခြေအိတ်တွင် ကျောက်တည်လျှင်လည်းကောင်း၊ သည်ခြေပြွန်ပိတ်နေလျှင်လည်းကောင်း နနွင်းကို လုံးဝအသုံးမပြုသင့်ပါ။

နနွင်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုစွဲနာများကိုပါ ကာကွယ်ကုသနိုင်ပါသည်။ အသား၊ ငါးတို့ကို နနွင်းနယ်ပြီး ထားလျှင် အချိန် အကြာကြာအထားခံသည်။ နနွင်းနှင့် နယ်ပြီး နေလှန်းလျှင်လည်း ပိုမိုအထားခံသည်။

Source – စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့

 

The post န⁠နွင်းပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>