ဒီနေ့မှာတော့သစ်တော်သီး ကျောက်ကျော ပြုလုပ်မှာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးရဲ့ အရသာကိုပဲ ဦးစားပေးလုပ်ထားတာမို့ စားလို့ကောင်းမှာ သေချာပါတယ်။
ပါဝင်ပစ္စည်းများ
သစ်တော်သီး ၃ လုံး
ကျောက်ကျောမှုန့် ၁၀ ဂရမ်
လိမ္မော်သီးအရည် ၅၀ မီလီလီတာ
သကြား ၂ ဇွန်း
ဆားလိုသလောက်
ပြုလုပ်ပုံ
သစ်တော်သီးတွေ ရေဆေးပြီး အခွံနွာပါ။
အပေါ်မှာ အလှတင်ဖို့ အခွံမခွာဘဲ ပါးပါးလှီးထားတဲ့ ၅ စိတ်လောက်တော့ ချန်ထားပါ။
သူတို့ကို အရောင်မမည်းအောင် ဆားရည်စိမ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။
ကျန်သစ်တော်သီးတွေကို အခွံနွာပြီး အလယ်အူအစေ့ဖယ်ပြီး blender ဖျော်ရည် စက်နဲ့ ကြိတ်လိုက်ပါ။
လိမ္မော်သီးအရည် ၅၀ မီလီလီတာ ရောပါ။
ထပ်ပြီး ညက်ညက်လေးဖြစ်ဖို့ လှည့်ကြိတ်ခြေပါ။
၃၅၀ မီလီလီတာလောက်တော့ အနည်းဆုံးရမှသာ မုန့်လုပ်ဖို့ကောင်းမှာ ဖြစ်ပါတယ်။
ဒယ်အိုးထဲ သစ်တော်သီးကြိတ်ခြေထားတဲံ ပျော့ဖက်တွေရယ်၊ သကြားရယ်၊ အရသာရှိရုံ ဆားလေးနည်းနည်းရယ်၊ ကျောက်ကျောမှုန့်ရယ် ရောထည့်ပြီး မီးအပူပေးပါ။
မွှေပေးပါ။ နည်းနည်းဆူလာတာနဲ့ မီးပိတ်လိုက်ပါ။
ပွက်ပွက်မဆူပါစေနဲ့။
ပြီးရင် ပုံစံခွက်ထဲထည့် အအေးခံပါ။
လိုအပ်ရင် ရေခဲသေတ္တာထဲ ထည့်ပါ။
တည်ခင်းချိန်မှသာ ကြိုက်နှစ်သက်သလို အရွယ်ပုံစံ လှီးဖြတ်တည်ခင်းနိုင်ပါတယ်။
အနံ့အရသာထူးခြားတဲ့ သစ်တော်သီး ကျောက်ကျောပါပဲ။
Pissaya Info
The post သစ်တော်သီး ကျောက်ကျော ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.