ပါဝင်ပစ္စည်းများ
၁။ သံပရာသီး ၅၀ လုံး
၂။ ဆား ၁၆၀ ဂရမ်
၃။ သကြား ၁၆ ဂရမ် (၁ ကျပ်သား)
၎။ သနပ်မဆလာ ၈၀ ဂရမ် ( ၅ ကျပ်သား)
၅။ ဇီယာ ၁၆ ဂရမ် (၁ ကျပ်သား)
၆။ မုန်ညင်းစေ့ ၈၀ ဂရမ် (၅ ကျပ်သား)
၇။ ပဲနံ့သာစေ့ ၁၆ ဂရမ် (၁ ကျပ်သား)
၈။ ငရုတ်သီးအစိမ်းမှုန့် ၈၀ ဂရမ် (၅ ကျပ်သား)
၉။ ကြက်သွန်ဖြူ ၂၄၀ ဂရမ် (၁၅ ကျပ်သား)
၁၀။ ဆီ ၂၅ ကျပ်သား
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ရေနွေးကျိုပါ။ ဆူပွက်ပါက သန့်စင်သော သံပရာသီးများကို ရေနွေးနှင့် ရော၍ (၃) မိနစ်ခန့် မွှေပါ။
၂။ ထို့နောက် သံပရာသီးများအား ရေနွေးတွင် စိမ်ပြီး ရေစင်အောင် စစ်ပါ။
၃။ ၎င်းသံပရာသီးများကို ထိပ်ပိုင်းလေးစိပ်ခွဲ၍ ဆားအနည်းငယ်သိပ်ထားပါ။
၎။ ပြီးလျှင် ဖန်ပုလင်းထဲသို့ ဖိသိပ်ထည့်၍ နေပူလှန်းပါ။
၅။ (၂) ရက်ခန့် နေလှန်းညပီးနောက် ဆားနှင့်သကြားရောကြိုထားသော ရေကျက်အေးလောင်းထည့်၍ နေပူပြန်လှန်း ပါ။
၆။ နှပ်ပြီးသော သံပရာသီးများအား သနပ်ပြုလုပ်၍လည်းကောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ဖြင့် ရောသုပ်၍ လည်းကောင်း စားသုံးနိုင်ပါသည်။
သံပရာသီး သနပ်ပြုလုပ်နည်း
၁။ ပထမဦးစွာ ဆီသန့်အားအပူပေးပြီး ငရုတ်သီးအစိမ်းမှုန့်၊ သနပ်မဆလာ၊ ထောင်းပြီးသား ဇီယာနှင့် မုန့်ညင်းစေ့ ဆားအနည်းငယ်တို့အား ရောထည့်၍ မွှေပါ။
၂။ နပ်ပြီးသား သံပရာသီးများအား ရောမွှေပြီး မီးဖိုပေါ်မှ ချ၍ ဆီအပူချိန် လျော့လာပါက ပဲနံ့သာစေ့ အနည်းငယ်နှင့် ကြက်သွန်ဖြူထည့်ပါ။
၃။ ထို့နောက် ပလပ်စတစ်အိတ် (သို့) ဗူးတို့ဖြင့် ထည့်သွင်းပါ။
(ဆီမြှုပ်အောင်ထည့်၍ လေလုံအောင် ထားပါ၊ ကြာရှည်ခံပါသည်။)
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post သံပရာသီးသနပ် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.