Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သို⁠လှောင်သီး⁠နှံအင်းဆက်ဖျက်ပိုးများအား ကာကွယ်⁠နှိမ်နင်း⁠နိုင်သည့် အပင်များ⁠နှင့်အသုံးဝင်ပုံ အပိုင်း (၂)

$
0
0

လင်းနေ         

လင်းနေအတက်ကို အမှုန့်အဖြစ်လည်းကောင်း ၊ အဆီထုတ်၍ လည်းကောင်း၊ စစ်ကျရည် ထုတ်၍ လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်း ကောင်း အသုံးပြုနိုင်သည်။

(က) လင်းနေအခြောက်မှုန့် (၆၀) ကျပ်သားကို မျိုးစေ့ (၃၀) ပိဿာနှုန်းဖြင့် လူးနယ်သိုလှောင်ပါ။

(ခ) စပါးသိုလှောင်ရန်အတွက် စပါးတစ်တင်းခွဲလျှင် လင်းနေအတက်မှုန့် (၆၀) ကျပ်သားနှုန်းဖြင့် လူးနယ်သိုလှောင်ပါ။ ဤနည်းဖြင့် (၆) လကျော်အထိ အာနိသင် ထက်မြက်သည်။

(ဂ) ယေဘုယျအားဖြင့် သိုလှောင်သီးနှံများအတွက် (၃၀) ဒီဂရီစင်တီဂရိတ်ရှိလျှင် သိုလှောင်သီးနှံပိဿာ (၁၀၀)ကို လင်းနေမှုန့် တစ်ပိဿာနှုန်း၊ အခန်းတွင်းအပူချိန် (၂၀) ဒီဂရီစင်တီဂရိတ်ရှိလျှင်  သိုလှောင်သီးနှံပိဿာ (၁၀၀) ကို လင်းနေမှုန့် (၂) ပိဿာနှုန်းဖြင့် လူးနယ်သိုလှောင်ပါ။

(ဃ) လင်းနေဖျော်စပ်ရည် (၅) မျိုးတို့တွင် သိုလှောင်အင်းဆက်များအာ တုံးကနဲ သေနိုင်သော အာနိသင် (၅၀ – ၁၀၀) ရှိသည်။ ဆေးဖျော်စပ်ရန်အတွက် အသုံးပြုမည့် လင်းနေဆီကို လင်းနေ အတက်များမှ ပေါင်းခံခြင်းဖြင့် ထုတ်ယူရသည်။

အမှတ်(၅) ဖျော်ရည်ကို မျိုးစေ့စီရင်ရာတွင် အသုံးပြုလိုလျှင် ဆေးပြင်းအား ၂% (သို့မဟုတ်) ၄% ကို မျိုးစေ့တွင် လူးနယ်၍ သိုလှောင်ပါက (၄)လ အထိ သိုလှောင်သီးနှံအင်းဆက်ဖျက်ပိုးများ လုံးဝကင်းစင်စေသည်။ ထို့ထက်တာရှည်သိုလှောင်မည်ဆိုပါက မျိုးစေ့များအပေါ်သို့ ယင်းဖျော်ရည်ကို ထပ်မံပက်ဖျန်းပေးလျှင် အာနိသင် နောက်ထပ်(၆) လတာရှည်ခံသည်။

အမှတ် (၁ နှင့် ၃) ဖျော်ရည်ကို မျိုးစေ့စီရင်ရာတွင် အသုံးပြုမည်ဆိုပါက မျိုးစေ့မသိုလှောင်မီ ဆေးအာနိသင် ၂% (သို့မဟုတ်) ၄% ပြင်းအားရအောင်ဖျော်စပ်ပြီး အသုံးပြုလျှင် အာနိသင်သက်ရောက်မှုမှာ အထက်အတိုင်း ဖြစ်သည်။

ဆေးပြင်းအား ၂% အသုံးပြုလျှင် အချိန်တိုတိုဖြင့် အာနိသင် ပျက်ပြယ်သွားနိုင်သဖြင့် တာရှည်သိုလှောင်သော သီးနှံအတွက် ပြင်းအား ၄% သုံးသင့်သည်။ မျိုးစေ့ ဆေးစီရင်ပြီး ခြောက်သွေ့ပြီးမှသာ သိုလှောင်သိမ်းဆည်းရမည်ဖြစ်သည်။

မာလာသီယွန် ပိုးသတ်ဆေးနှင့် လင်းနေမှုန့်တို့ကို စပါးစေ့များပေါ်တွင် သီးခြားစီပက်ဖြူး၍ နှိုင်းယှဉ်ကြည့်ရာ သိုလှောင်ကာလ (၁၈၈) ရက်အကြာ တွေ့ရှိချက်အရ လင်းနေမှုန့်ဖြင့် စီရင်သော စပါးမျိုးစေ့များတွင် (၁၁.၃) သာ စပါးစေ့ ထိုးပိုးက ဖျက်ဆီးပြီး မာလာသီယွန် ဆေးဖြင့် စီရင်သော စပါးစေ့များ ရာနှုန်းပြည့် ဖျက်ဆီးခြင်းခံရသည်ကို တွေ့ရှိရသည်။

ဆေးဂန္ဓမာ

ဆေးဂန္ဓမာခြောက်များကို အမှုန့်ထောင်း၍ အစေ့အဆန်နှင့် အလေးချိန်အားဖြင့် ၂% ရောစပ်မွှေ၍ သိုလှောင်ပါက ဆန်စေ့ထိုးပိုးကို ကောင်းကောင်းနှိမ်နင်းနိုင်သည်။

နနွင်းတက်

နနွင်းတက်များကို ပါးပါးးလှီးအခြောက်ခံ၍ အမှုန့်ထောင်းကာ အစေ့အဆန်များနှင့် အလေးချိန်အားဖြင့် ၂%ရောမွှေ၍ သိုလှောင်ခြင်း အားဖြင့် သိုလှောင်သီးနှံဖျက်ပိုးများ အထူးသဖြင့် ဆန်စေ့ထိုးပိုးကို ကာကွယ်နှိမ်နင်းနိုင်သည်။

ပဲနံ့သာပင်

ပဲနံ့သာပင် ပဉ္ဖငါးပါးကို အခြောက်လှန်း၍ အမှုန့်ပြုလုပ်ကာ အစေ့အဆန်များနှင့် ရောမွှေသမကာ သိုလှောင်နိုင်သည်။

ဆေးရွက်ကြီး

သီးနှံပုံများကို ပလတ်စတစ်ဖြင့် လုံအောင်ဖုံး၍ ဆေးရွက်ကြီးကို မီးရှို့ကာ မီးခိုးမှိုင်းတိုက်ခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နှိမ် နင်းနိုင်သည်။

နနွင်း

စပါးစေ့ကို နနွင်းမှုန့် ၂%နှင့် ရောစပ်မွှေသမပြီး သိုလှောင်ပါက ဆန်စေ့ထိုးပိုးနှင့် ခေါင်းလုံးကျိုင်းတို့ကို ကာကွယ်နှမ်နင်းနိုင်သည်။

သြဇာ

သြဇာစေ့ကို စပါးစေ့များနှင့် လူးနယ်၍ သိုလှောင်ခြင်းဖြင့် သိုလှောင်စပါးများတွင်ပိုးထိုး လောက်ကိုက် ကင်းစေသည်။ သြဇာရွက်ခြောက် များကိုလည်း စပါးကို သိုလှောင်ရာတွင် တစ်လွှာခြင်းထည့်ပေးခြင်းဖြင့် သိုလှောင်သီးနှံဖျက်ပိုးများကို ကာကွယ်နိုင်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya_Info)

The post သို⁠လှောင်သီး⁠နှံအင်းဆက်ဖျက်ပိုးများအား ကာကွယ်⁠နှိမ်နင်း⁠နိုင်သည့် အပင်များ⁠နှင့်အသုံးဝင်ပုံ အပိုင်း (၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>