Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပန်း⁠ဂေါ်ဖီ စိုက်ပျိုးနည်း

$
0
0

မူရင်းဒေသ

ပန်းဂေါ်ဖီ၏ မူရင်းဒေသသည် ဥရောပတောင်ပိုင်း အီတလီ၊ ဆိုက်ပရပ်စ်ကျွန်းတို့မှ စတင်ခဲ့သည်။ ပန်းဂေါ်ဖီသည် တစ်ပင်လျှင် တစ်ပွင့် သာရနိုင်သည်။ ပန်းဂေါ်ဖီအထုပ်အရောင်မှာ သမားရိုးကျအားဖြင့် အဖြူရောင်ဖြစ်သော်လည်း အခြားအရောင်များဖြစ်သည့် ခရမ်းရောင်၊ ရွှေဝါရောင်နှင့် အစိမ်းရောင်များကို တွေ့ရှိရသည်။ပန်းဂေါ်ဖီထုပ် (အပွင့်ခိုင်) ကို အစိမ်းအတိုင်းဆော့စ်နှင့်ဖြစ်စေ၊ ရေနွေး နှင့် ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ ကြော်၍ ဖြစ်စေ စားသုံးနိုင်သည်။

စိုက်ပျိုးခြင်း

ပန်းဂေါ်ဖီသည်၂ နှစ်ခံ သီးနှံပင်ဖြစ်သော်လည်း နှစ်ချင်းစိုက်ပျိုးစားသုံးနိုင်သည်။ ပန်းပွင့်ရိုးတံကလေးများ စုစည်းထားသော အထုပ်ကို စားသုံးရပြီး၊ ၈-၂၄ လက်မ မြင့်၍ အကျယ် ၁၈ – ၃၆ လက်မခန့် ရှိသည်။

ပန်းဂေါ်ဖီပင်သည် အပူချိန် ၇၀ံF ထက်မပိုသော အပူချိန်တွင် ဖြစ်ထွန်းသည်။ ဆောင်းဦးပေါက်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ နွေရာသီ မပူပြင်းလျှင် နွေဦးပေါက်တွင် ပျိုးပင်ကို ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ဆောင်းရာသီ အအေးနည်းလျှင် မိုးအကုန်တွင် စိုက်ပျိုးပြီး၊ ဆောင်း အကုန်တွင် သီးနှံပေါ်နိုင်သည်။ သက်လျင်မျိုးအတွက် ပင်စည်အတုတ် ၁/၅ လက်အအရွယ်တွင် အပူချိန် ၇၀ံF ကို ၁၀ရက်ခန့်နှင့် သက်ကြီးမျိုးအတွက် ပင်စည်အချင်း ၂/၅ လက်မ အရွယ်တွင် အပူချိန် ၇၇ံ F ကို ၂၀ ရက်လို အပ်သည်။

မြေကွက်ကို ၂ လက်မအထူရှိအောင် မြေဆွေးတင်ပေးရသည်။ မျိုးစေ့ကို ၁/၂ လက်မအနက်စိုက်ပြီး၊ တန်းအတွင်း ၂၄ လက်မခြား၍ တစ်တန်းနှင့် တစ်တန်း ၃၆ လက်မခြားရသည်။ မြေကွက်သို့ပြောင်းရွှေ့မစိုက်ပျိုးမီ ၄-၆ ပတ်ခန့် ကြိုတင်၍ ပျိုးထောင်ရသည်။ ပျိုးပင်ပေါက်များ အရွက် ၅ ရွက်ထွက်ချိန်တွင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။

ပန်းဂေါ်ဖီပင်သည် မြေသြဇာနှင့် ရေတို့ကို ပန်းပွင့်ရင့်သည့် အချိန်အထိ အဆက်မပြတ်လိုအပ်သည်။ ဓာတ်မြေသြဇာအချိုးညီ ၅-၅-၅ ကို ပြောင်းရွှေ့စိုက်ပျိုးချိန်၌လည်းကောင်း၊ ပြောင်းရွှေ့စိုက်ပျိုးပြီး တစ်လအကြာမှစ၍ နိုက်ထရိုဂျင်များသော မြေသြဇာကိုလည်းကောင်း ကျွေးပေးရသည်။ ရေကို တစ်ပတ်လျှင် တစ်လက်မခန့် ပေးရသည်။

အချို့သော မျိုးသစ်များသည်အပြင်ဘက်မှ အရွက်များက အတွင်းမှ အပွင့်အဖြူကို ကာရံပေးသည်။ အကယ်၍ မျိုးဟောင်းကို စိုက်ပျိုးပါက အတွင်းမှ အပွင့်ကို ၂ လက်မခန့် အချင်းရှိပြီး၊ အရွက်များထဲမှ ထွက်စပြုချိန်၌ အပြင်မှ ရှည်သောရွက်များကို စု၍ စည်းပေးရသည်။ ထိုသို့စည်းပေးခြင်းဖြင့် အပွင့်သည် အဖြူရောင်ဖြစ်ပြီး၊ အနံ့ပါသင်းလာသည်။ အဖြူရောင်မဟုတ်သော မျိုးကို ထိုသို့စည်းပေးရန် မလိုအပ်ပါ။

ရိတ်သိမ်းခြင်း

ပျိုးပင်ကို ပြောင်းရွှေ့စိုက်ပျိုးပြီး ၆၀ – ၇၅ ရက်အကြာတွင် ဖြစ်စေ၊ အရွက်စု၍ စည်းပြီး ၁၀ရက်အကြာနှင့် အထုပ်အရွယ် ၆-၈ လက်မအချင်းရှိလျှင်ဖြစ်စေ၊ အထုပ်ကို ဖြတ်ယူနိုင်သည်။ အထုပ်မှ ပန်းပွင့်ခိုင်ကလေးများ တစ်ခုနှင့် တစ်ခုကွဲကွာစပြုပြီး၊ ဆန်စေ့ပုံစံ အသွင်ဖြင့် ကြမ်းတမ်းလာသောအခါ အတွင်းမှ အရွက်များကိုပါ ဓားပြတ်ပြတ်နှင့် ဖြတ်ယူရသည်။ အပူချိန် ၃၅ံ F ရှိပြီး စိုထိုင်းဆများများ တွင် ဖြတ်ပြီး အထုပ်ကို သိုလှောင်ထားပါက ၃-၄ ပတ်အထားခံသည်။ တာရှည်ထားသိုရန်အတွက် အထုပ်အောက်မှ အရွက်များကိုပါ ဖြတ်ယူပြီး အထုပ်ကို ဖုံးအုပ်ထားရသည်။

ပိုးမွှားရောဂါ

ဂေါ်ဖီထုပ် လောက်ကောင်နှင့် ဂေါ်ဖီထုပ် ခူကောင်တို့သည် အဓိက ဖျက်ပိုးများဖြစ်သည်။ အစိမ်းရောင်ခူကောင်အသေးသည် အရွက်များကို ဖောက်၍ စားသည်။ ထိုပိုးသည် အထုပ်အတွင်းတွင် ပုန်းအောင်းနေတတ်သည်။ ပျပိုး နှင့် ဖြတ်ပိုးလောက်ကောင်တို့သည် အပင်ငယ်များကို ဖျက်ဆီးပစ်တတ်သည်။ ရှဥ့်သေးတစ်ချို့နှင့် ယုန်တို့သည်လည်း အပင်ပေါက်ကလေးများကို စားတတ်သည်။

ကက်ဘိတ်ရဲလိုးခေါ်သော ဖျူဆေးရီးယမ်းညှိုးသေရောဂါ (Fusarium Wilt) နှင့် မည်း၍ ပုပ်ရိသော ရောဂါ (Black Rot) တို့ ကျရောက်တတ်သည်။ ရောဂါ ဒဏ်ခံသောမျိုးကို ရွေးချယ်စိုက်ပျိုးခြင်းနှင့်  မြေကွက် ၃ နှစ်ခြားတစ်ကြိမ်ကျ ပြောင်းလဲ စိုက်ပျိုးခြင်းဖြင့်  ကာကွယ်နိုင်သည်။

မျိုးများ

ချီဒါစပ်မျိုး ( Chedder Hybrid) သည် အသက်ရက် ၆၈ ဖြစ်ပြီး လိမ္မော်ရောင်အထုပ် (ပန်းပွင့်ထုပ်) ရှိသည်။ အဖြူရောင်အထုပ်မျိုးထက် ဗီတာကယ်ရိုတင်းဓာတ် (Betacarotene) ၂၅ ဆ ပိုမို ပါဝင်သည်။ ထိုလိမ္မော်ရောင်သည် ချက်ပြုတ်ပြီးသည်တိုင် အရောင်မပြောင်း လဲချေ။ ဂရပ်ဖီတီစပ်မျိုး (Graffiti Hybrid) သည် အသက်ရက် ၈၀ရှိပြီး၊ အထုပ်အရွယ်မှာ အလယ်အလတ်ဖြစ်သည်။ အရောင်မှာ တောက်ပသော ခရမ်းရောက်ရှိပြီး၊ ရေတွင် ရှာလကာရည် လက်ဖက်ရည်ဇွန်းနှင့် တစ်ဇွန်းထည့်ပေးပြီး ချက်ပြုတ်ပါက  အရောင် မပြောင်း ချေ။ ဖရီးမောင့် (Fremont Hybrid) စပ်မျိုးသည် အသက်ရက် ၇၀ ရှိပြီး အလိုအလျောက် အရွက်ထုတ်သောမျိုး ( Self-blanching) ဖြစ်သည်။ အပွင့်အရောင်မှာ အဖြူဖြစ်ပြီး၊ ရာသီဥတုဆိုးသောဒဏ်ကို ခံနိုင်သည်။ စနိုးခရောင်းစပ်မျိုး (Snow Crown Hybrid) သည် အသက် ရက် ၆၀ ရှိပြီး ၊ စောစောပေါ်သော အဖြူရောင်အထုပ်မျိုးဖြစ်သည်။ စိုက်ပျိုးရန် လွယ်ကူပြီး ဒေသအနှံ့တွင် စိုက်ပျိုးနိုင်သည်။ အဖြူ ရောင်စံထားရသောမျိုးဖြစ်သည်။ ဗာရိုးနီကားစပ်မျိုး (Veronica Hybrid) သည် အသက်ရက် ၇၈ ရှိပြီး၊ ပွင့်ဖူးတံများ တစ်ခုစီ ကွဲထွက်ပြီး မှောက်ထားသော ကတော့ပုံရှိသည်။ အရောင်မှာစိမ်းဝါရောင်ဖြစ်ပြီး ခွံမာသီးအနံ့ သင်းသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

 

The post ပန်း⁠ဂေါ်ဖီ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>