Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးသီး⁠နှံကို ဖျက်ဆီးတတ်⁠သော⁠ကြွက်များ⁠နှင့် ⁠ကြွက်ဖျက်စီးမှု လက္ခဏာများ

$
0
0

ကြွက်များဘာ့ကြောင့် ပြဿနာဖြစ်စေတာလဲ

ကမ္ဘာ့နှံစားသီးနှံများ၏ ၁ % ကျော်ကိုကြွက်များက ဖျက်ဆီးကြသည်ဟု ခန့်မှန်းကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃ – ၅ % ရှိသည်ဟု ခန့်မှန်းကြပါသည်။ အူရောင်ငန်းဖျားရောဂါ၊ ၀ဲနာရောဂါအပါအ၀င် ရောဂါ (၅၀) ခန့် သည် ကြွက်များမှ လူများသို့ ကူးစက်နိုင်သည်။ ထို့အပြင် အိမ်မွေးတိရစ္ဆာန်များကို ရောဂါ ကူးစက်စေသော ရောဂါသယ်ဆောင်တိရိစ္ဆာန်ဖြစ်သည်။ ကြွက်များသည် အသားဓာတ်၊ ဗီတာမင်ဓါတ်နှင့် အပင်လောင်းရှိအစာကို နှစ်သက်သဖြင့် ၄င်းတို့သည် မျိုးစေ့၏ အာဟာရတန်ဖိုးနှင့် အပင်ပေါက်စွမ်းရည်ကို ထိခိုက်စေသည်။

အရေးကြီးဆုံး ကြွက်မျိုးစိတ် ၃ မျိုးမှာ –

အိမ်ကြွက်

ကြွက်ဝမ်းဖြူ

ကြွက်ဖလောင်း တို့ဖြစ်ကြသည်။

ကြွက်များကြောင့်ဖြစ်သော  ပျက်စီးမှုများ

အိမ်ကြွက်များနှင့် လယ်ကြွက်များသည် နည်းလမ်းအမျိုးမျိုးဖြင့် စပါးပမာဏကို လျော့နည်းစေသည်။

သိုလှောင်စပါးကို စားသောက်ခြင်း

လယ်ကြွက်များသည် တစ်နေ့လျှင် အစာ (၂၅) ဂရမ်ခန့်စားသုံးပြီး အိမ်ကြွက်များသည် တစ်နေ့လျှင် ခန့်မှန်းခြေ ၃ – ၄ ဂရမ် စားသုံးသည်။ ထို့အပြင် ၄င်းတို့သည် သိုလှောင်ပစ္စည်းများအား ကျင်ငယ်ရေ၊ မစင်၊ အမွှေးနှင့် ရောဂါဖြစ်စေပစ္စည်းများဖြင့် ညစ်ညမ်းစေသော ညစ် ညမ်းပစ္စည်းများကို ဖယ်ရှားရန် ခက်ခဲသဖြင့် ဖျက်ဆီးခံရသော ပစ္စည်းများကို လူတို့စားသုံးရန် မသင့်ကြောင်း ကြော်ငြာရလေ့ရှိသည်။

ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်း (ဥပမာ တာပေါ်လင်စများ၊ အိတ်များ၊ သစ်သားခုံးများ၊ ဆေးဖျန်းပုံးများ၊) နှင့် သိုလှောင်ရုံရှိ လျှပ်စစ်ဝါယာကြိုးများ၊ တံခါးများ

  • ဖျက်ဆီးခံရသော အိတ်များ သို့မဟုတ် သိုလှောင်ထားသည့် ဘူးများမှ စပါးများ ဖိတ်စင်လွင့်ကျခြင်း
  • စီထပ်ထားသော အိတ်များမှ အောက်ဖက်ကျသော အတန်းကို ဖျက်ဆီးခံရပါက စီထပ်ထားသော အိတ်များပြိုကျခြင်း
  • လျှပ်စစ်ဝါယာများကို ကိုက်ဖြတ်ခြင်းကြောင့် မီးလောင်စေနိုင်ခြင်း
  • ဆိုင်လိုများနှင့် သိုလှောင်ရုံများတွင် အောက်ခြေမှ လှိုက်စားသဖြင့် ကျွံဝင်သွားခြင်းသို့မဟုတ် ပြိုလဲသွားခြင်း
  • သိုလှောင်ရုံပိတ်သည်မှ ရေထုတ်မြောင်းများကို ပျက်စီးစေခြင်း

ကြွက်ဖျက်စီးမှု လက္ခဏာများ

ကြွက်အရှင်များ

ကြွက်များသည် အဓိကအားဖြင့် ညဖက်တွင်မြူးကြွကြသည်။ သို့ရာတွင် နေ့ဖက်တွင် တွေ့ရပါက ကြွက်ဖျက်ဆီးမှုအဆင့်၏ အစလက္ခဏာ ဖြစ်သည်။

မစင်များ

ကြွက်မစင်များသည် လတ်လတ်ဆတ်ဆတ်အချိန်တွင် ပျော့ပျောင်းပြီး အရောင်တောက်ပကာ ၂-၃ရက်ကြပြီးနောက် တစ်စစီပဲ့ကြွေပြီး အရောင် မှာ အနက်ရောင်မှိုင်းမှိုင်း သို့မဟုတ် မီးခိုးရောင် ဖြစ်လာသည်။

ကြွက်ပြေးလမ်းကြောင်းများနှင့် ခြေရာများ

နံရံများ၊ ခြံစည်းရိုးများ သို့မဟုတ် အုတ်ကျိုးအုတ်ပဲ့များတစ်လျှောက် ကြွက်ပြေးလမ်းများကို တွေ့ရတတ်သည်။ အဆောက်အဦးတွင်းမှ ပြေးလမ်းကြောင်းများတွင် ဖုံများ ကင်းစင်နေသည်ကို တွေ့ရသည်။ နံရံနှင့် ထိတွေ့မိသော ကြွက်မွှေးများသည် အနက်ရောင် ကျိချွဲချွဲ အစွန်းအထင်းများကို ဖြစ်စေသည်။

ကြွက်ခြေရာများနှင့် အမြီးရာများ

ဖုံထဲတွင် ကြွက်ခြေရာများနှင့် အမြီးရာများကိုတွေ့ရသည်။

ကိုက်ဖြတ်ဖျက်ဆီးစားသောက်ခြင်း

ကြွက်များသည် ၄င်းတို့ကိုဖြတ်ထားသော စပါးစေ့များတွင် ကြီးမားသော အပိုင်းအစများကို တွေ့ရသည်။ ဖျက်ဆီးခံရသော စပါးအိတ်များ ဖိတ်စင်ပြန့် ကျဲနေသည်ကို တွေ့နိုင်သည်။ ဖျက်ဆီးခံရသော စပါးအိတ်များ ဖိတ်စင် ပြန့်ကျဲနေသည်ကို တွေ့နိုင်သည်။ စပါးအိတ်ပုံ၏အောက်ရှိ စပါးပုံလေးသည် ထင်းရှားသည့် လက္ခဏာ ဖြစ်သည်။

ကြွက်တွင်းများနှင့် ကြွက်သိုက်များ

၎င်းတို့၏ အလေ့အထအရ ကြွက်များသည် ၄င်းတို့၏ အသိုက်များကို သိုလှောင်၇ူံထောင့်များတွင် လည်းကောင်း၊ အမိုးများတွင်လည်းကောင်း၊ သိုလှောင်ရုံအပြင်ဖက်တွင်တွင်းတူး၍ လည်းကောင်း တည်ဆောက်ကြသည်။ လယ်ကြွက်တွင်းများသည် အချင်း ၆ – ၈ စင်တီမီတာရှိပြီး အိမ်ကြွက်တွင်းများသည်အချင်း (၂) စင်တီမီတာရှိသည်။ ထိုကြွက်တွင်းများကို စပါး အကြီးအကျယ် စိုက်ပျိုးသော ဧရိယာများ သို့မဟုတ် သိုလှောင်၇ုံအုတ်မြစ်အနီးတွင် တွေ့နိုင်သည်။

ကျင်ငယ်

ကျင်ငယ်များ၏ သဲလွန်စမှာ ခရမ်းလွန်ရောင်ခြည်အောက်တွင်  လင်းလက်နေခြင်း ဖြစ်သည်။ အသုံးပြုနိုင်သောနေရာတွင် ခရမ်းလွန်မီးချောင်းများကို ကျင်ငယ်သဲလွန်စများကို ရှာတွေ့ရန် အသုံးပြုနိုင်သည်။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post စပါးသီး⁠နှံကို ဖျက်ဆီးတတ်⁠သော⁠ကြွက်များ⁠နှင့် ⁠ကြွက်ဖျက်စီးမှု လက္ခဏာများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>