ကာကွယ်နှိမ်နင်းနည်းများ
ကြွက်များကို တွေ့ရှိရန်အတွက် အရေးအကြီးဆုံးအချက်မှာ
- စားနပ်ရိက္ခာအလုံအလောက် ရှိခြင်း
- ကြွက်တွင်းများနှင့် အသိုက်များတည်ဆောက်နိုင်သည့် အကာအကွယ်ရှိနေရာများ
- ပုံးအောင်းစရာနေရာများ
- မွေးဖွားရန် ၀င်ရောက်ရာလမ်းကြောင်းများတို့ဖြစ်သည်။
ကောင်းမွန်သော သိုလှောင်စီမံခန့်ခွဲခြင်းနှင့် ကြိုတင်ကာကွယ်နည်းလမ်းမျာကို ဘက်စုံကာကွယ်ရေးအစီအမံ၏ အစိတ်အပိုင်းတစ်ခု အဖြစ်ပြုလုပ်သင့်သည်။
သန့်ရှင်းစွာသိုလှောင်ခြင်းနှင့် နည်းပညာဆိုင်ရာနည်းလမ်းများ
သိုလှောင်ထားသည့်နေရာကို လုံးဝသန့်ရှင်းစွာထားပါ။ ဖိတ်စင်ကျနေသော စပါးများသည် ကြွက်များကို ဆွဲဆောင်နိုင်သဖြင့် ချက်ချင်း ဖယ်ရှားပါ။
စီထပ်ထားသော အိတ်ပုံ တစ်ပုံစီပတ်လည်တွင် တစ်မီတာစာ နေရာချန်ကာ သစ်သားခုံပေါ်တွင် အိတ်များကို သပ်ရပ်စွာ စီထပ်ပါ။
အိတ်အလွတ်များ သို့မဟုတ် အိတ်ဟောင်းများနှင့် အဆိပ်ငွေ့မှိုင်းတိုက် ပလတ်စတစ်များကို သစ်သားခုံပေါ်တွင် သိုလှောင်ပြီး ဖြစ်နိုင် ပါက သီးသန့်နေရာတွင် သိုလှောင်ပါ။
ကြွက်များအတွက် ပုန်းခိုနိုင် သို့မဟုတ် အသိုက်ပြုလုပ်နိုင်သည့် နေရာမှန်တို့ မဖြစ်စေရန် အမှိုက်သရိုက်ကင်းသော နေရာတွင် သိုလှောင်ပါ။ အမှိုက်သရိုက်များကို မီးရှို့ပြီး မြေမြှုပ်ပစ်ပါ။
ကြွက်များအကာအကွယ်မရစေရန် သိုလှောင်ဧရိယာတစ်ဝိုက်မှ ရှည်လျားသော ပေါင်းပင်များ ရှင်းလင်းနေပါစေ။ ၄င်တို့သည် ဟင်းလင်းပြင်နေရာများကို ဖြတ်သန်းသွားရသည်ကို မနှစ်သက်ချေ။
သိုလှောင်ရုံအနီးအနားတွင် ရေသေများနှင့် မိုးရေများသည် ကြွက်များအတွက် သောက်ရေ ဖြစ်နိုင်သဖြင့် ဖောက်ထုတ်ပစ်ပါ။
ကြွက်များမရှိအောင် ပြုလုပ်ခြင်း
သိုလှောင်ရုံအသစ်တစ်ခု ဆောက်သော နေရာတိုင်းတွင် ကြိုတင် ကာကွယ်ရေးနည်းလမ်းများလိုအပ်ချက်ကို အလေးဂရုပြုရပါမည်။ တံခါးများ၊ လေ၀င်လေထွက်ပေါက်များ၊ အုတ်ခဲများနှင့် အမိုးနှင့် နံရံ အကြားနေရာများကို သေသေချာချာ ဂရုစိုက်ပါ။ ထိုနေရာတွင် အပျက်အစီး တစ်စုံတစ်ရာ ရှိပါက ချက်ချင်းပြုပြင်ဖာထေးပါ။ အထူးသဖြင့် တံခါးပေါက်များကို သတိထားစောင့်ကြည့်ပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post စပါးသီးနှံကို ဖျက်ဆီးတတ်သောကြွက်များကို ကာကွယ်နှိမ်နင်းနည်းများနှင့် သန့်ရှင်းစွာသိုလှောင်ခြင်းနှင့် နည်းပညာဆိုင်ရာနည်းလမ်းများ appeared first on Myanmar Farmers' Portal.