ပါဝင်ပစ္စည်းများ
မုန့်ဟင်းခါးအဖတ် – နှစ်ပိဿာ
ငါးခူ – သုံးဆယ်သား
ငါးကြင်း -သုံးဆယ်သား
ကုလားပဲကြမ်း -အစိတ်သား
မြေပဲအကျက် -တစ်ဆယ်သား
ရွှေကြည် -တစ်ဆယ်သား
မွှေးပဲမှုန့်အကျက် – တစ်ဆယ်သား
ကြက်သွန်နီ -ငါးဆယ်သား
ကြက်သွန်ဖြူ -ငါးကျပ်သား
စပါးလင် -၆ ချောင်း
ဂျင်း (ချင်း) -ငါးကျပ်သား
ငရုတ်ကောင်းစေ့ -စတီးဇွန်းသေးတစ်ဇွန်း
ဌက်ပျောအူ – ၁၀ လက်မအရွယ်တစ်ပိုင်း
နံနံပင် – တစ်ဆယ်သား
ငရုတ်သီးအစိမ်းမှုန့် – နှစ်ကျပ်ခွဲသား
ဟင်းခတ်အချိုမှုန့် – စတီးဇွန်းသေးနှစ်ဇွန်း
ငံပြာရည်အချိုစား -အစိတ်သား
ဆား၊နနွင်း -အနည်းငယ်
ဘဲဥ -၆လုံး
ငရုတ်သီးအကျက်မှုန့် – ငါးကျပ်သား
ဆီ -အစိတ်သား
ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
- ငါးခူကို အရိအရွဲများ စင်အောင် ပြာဖြင့် ပွတ်နယ်ပါ။ ပြီးလျှင် ဗိုက်ဖောက်၍ အထဲမှ ကလီစာ များထုတ်ပြီး ရေစင်အောင်ဆေးပါ။
- ငါးကြင်းကို အကြေးခွံများစင်အောင် ပြုလုပ်ပြီး ရေဆေးပါ။ ပြီးလျှင် ဒယ်အိုးထဲတွင် ငါးခူနှင့်ငါး ကြင်းကို ငံပြာရည်အနည်းငယ် ၊ ရေအနည်းငယ်နှင့်ငါးအသားကျက်ရုံလေးပြုတ်ပါ။ ငါးကျက် ရင်အအေးခံကာ အရိုးထွင်ထားပါ။
- ငါးပြုတ်ရည်ကို သက်သက်ဖယ်ထားပါ။
- ကုလားပဲခြမ်းကို သန့်စင်အောင် ရေဆေး၍နူးအောင်ပြုတ်ပါ။ကုလားပဲနူးလျှင် မညက်တညက် ထောင်းထားပါ။
- မြေပဲအကျက်ကိုလည်း မညက်တညက် ထောင်းပါ။
- ရွှေကြည်ကို ဒယ်အိုးထဲသို့ ထည့်ပြီး မီးအေးအေးဖြင့် ရွှေဝါရောင် သမ်းလာတဲ့အထိလှော်ပေး ရပါမယ်။ရွှေကြည်လှော်တဲ့အခါ တူးကပ်မသွားစေရန် အထူးသတိပြုပါ။
- ကြက်သွန်နီကို အခွံနွှာ၍ ရေဆေးကာ တစ်ဝက်ကို ပါးပါးလှီးပြီး ကျန်တစ်ဝက်ကို နှစ်ခြမ်းခြမ်း ထားပါ။
- ကြက်သွန်ဖြူနှင့်ချင်းကို အခွံနွှာရေဆေးပြီး မညက်တညက်ထောင်းပေးထားပါ။
- စပါးလင်ကို အပေါ်ယံမှ ရင့်မာတဲ့အပိုင်းများဖယ်၍ ရေဆေးကာ ပါးပါးလှီးပြီး ညက်အောင် ထောင်းပါ။
- ငရုတ်ကောင်းစေ့ကိုလည်း ညက်အောင်ထောင်းထာပါ။
- ဌက်ပျောအူကိုလည်း အပေါ်မှ ရင့်မာတဲ့အပိုင်းများ ဖယ်ပစ်၍ အတွင်းမှနုတဲ့အပိုင်းကိုယူပြီး အခွံနွှာပါ။ပြီးလျှင် အနေတော် အမြှောင်းလေးများလှီးဖြတ်ကာဇလုံ တစ်လုံးထဲတွင် နနွင်းနှင့် ရေအနည်းငယ်ထည့်ပြီး လှီးဖြတ်ထားတဲ့ ဌက်ပျောအူများကို ၁၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးလျှင် ပန်းကန်တစ်ခုထဲဆယ်ထည့်ထားပါ။
- ဘဲဥ ၄လုံးကို ကျက်အောင်ပြုတ်ပြီး အခွံနွှာကာ ပါးပါးလှီးပါ။
- ကျန်တဲ့ ဘဲဥ ၂ လုံးကို ခွက်တစ်ခုထဲ ဖောက်ထည့် ပြီးပွနေအောင် ခေါက်ပေးထားရပါမယ်။
- မုန့်ဟင်းခါးနှင့်အသင့်တွဲဖက်စားနိုင်ရန် နံနံပင်ကို အမြစ်များဖြတ်၍ ရေဆေးပြီး ပါးပါးလှီးထား ပါ။
- မုန့်ဟင်းခါးချက်ဖို့ရန်အတွက် အားလုံးပြင်ဆင်ပေးပြီးလျှင် ဒယ်အိုးထဲသို့ ဆီတစ်ဆယ်သား ထည့်ပါ။ဆီပူလာရင် နနွင်းအနည်းငယ်ထည့်၍ အရိုးထွင်ထားတဲ့ ငါးအသားကိုထည့်ဆီသတ် ပါ။အိုးကပ်မသွားအောင် အဆက်မပြတ် မွှေပါ။ ငါးအသားများအနည်းငယ်ခြောက်သွားပြီ ဆိုရင် ပန်းကန်တစ်ခုထဲခဏဆယ်ထည့်ထားပါ။ ပြီးလျှင် ဒယ်အိုးထဲသို့ကျန်တဲ့ဆီများထည့်ပါ။
- ဆီပူလာရင်ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ချင်း၊စပါးလင်၊ပါးပါးလှီးထားတဲ့ကြက်သွန်နီတစ် ဝက်နှင့် ငရုတ်သီးအစိမ်းမှုန့်နနွင်းတို့ကို ထည့်ဆီသတ်ပါ။ကြက်သွန်များရွှေဝါရောင် တောက် စပြုပြီးအနံ့လေးမွှေးလာရင် စောစောက ပန်းကန်ထဲ ဆယ်ထည့်ထားတဲ့ ငါးများနှင့်ငံပြာရည် အနည်းငယ်ထည့်ကာ သမအောင်မွှေပြီး ပန်းကန်တစ်ခုထဲဆယ်ထည့်ထားပါ။
- ပြီးလျှင် မုန့် ဟင်းခါးဟင်းရည် နှစ်ပိဿာဝင်သည့် အိုးထဲသို့ ရေထည့်၍ ပွက်ပွက်ဆူအောင်တည်ပါ။ ဒါ မှမဟုတ် မုန့်ဟင်းခါးချက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရေနွေးအိုးကို ဆူအောင် တည်ထားလို့ လည်းရပါတယ်။
- ရေနွေးပွက်ပွက်ဆူလာလျှင် ဆီသတ်ထားတဲ့ ကြက်သွန်၊စပါးလင်၊ချင်းနှင့် ငါးများကိုထည့်၍ မွှေပေးပါ။ပြီးလျှင် ဇလုံကြီးကြီး တစ်လုံးထဲတွင် ထောင်းထားတဲ့ ကုလားပဲ ခြမ်း ၊ ပဲမှုန့် ၊ မြေပဲ နှင့် ရွှေကြည်တို့ကိုထည့်ပြီး ရေအေးအနည်းငယ်နှင့်ဖျော်ကာ ဟင်းရည် အိုးထဲထည့်၍ သမအောင် မွှေပေးရပါမယ်။ ပြီးလျှင် ငါးပြုတ်ရည် ၊ ငံပြာရည် ၊ ဆားအနည်း ငယ်နှင့် ဟင်းခတ်အချိုတို့ကိုပါ ထည့်ပါ။
- ဟင်းရည်ကိုပွက်ပွက်ဆူအောင် တည်ပေးရပါမယ်။ မုန့်ဟင်းခါးဟင်းရည် ချက်တဲ့အခါမှာ ဟင်းရည်အိုးကို တူးကပ်မသွားစေရန် သတိပြုပါ။ ဟင်း ရည်အိုးကို မကြာခဏမွှေပေးပါ။မုန့်ဟင်းခါးဟင်းရည်အိုး တူးကပ်သွားရင် ဟင်းရည်ရဲ့အနံ့၊အ ရသာပါ ပျက်စီးသွားစေပါတယ်။
- မုန့်ဟင်းခါးဟင်းရည်ပွက်ပွက်ဆူလာရင် ကြက်သွန်ဥ ၊ ဌက် ပျောအူ ၊ ပါးပါးလှီထားတဲ့ဘဲဥ ၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပေးပါ။ ပြီးလျှင် ပွနေအောင် ခေါက်ထားတဲ့ ဘဲဥအရည်ကိုဖြည်းဖြည်းချင်းစီလောင်းထည့်ပါ။ ဟင်းရည်ပွက်ပွက်ဆူလို့ ရွှေကြည်လည်းပွ၍ ငါးအချိုရည်ကျသွားပြီဆိုရင် ဟင်းရည်အရသာကို မြည်းပါ။
- အရသာက တော့ အိမ်သားများစိတ်ကြိုက်ဖြစ်ပြီဆိုရင် ချိုဆိမ့်မွှေးပြီး အရသာရှိလှတဲ့ မုန့်ဟင်းခါးဟင်း ရည်ကျက်ပါပြီ။ မုန့်ဟင်းခါးကို ငါးဖယ် ၊ အကြော် ၊ နံနံပင် ၊ငရုတ်သီး ၊ အကျက်မှုန့် ၊ ရှောက် သီးစိတ်များနဲ့တွဲဖက်စားသုံးကြပါတယ်။
Pissaya Info
The post မုန့်ဟင်းခါးချက်နည်း appeared first on Myanmar Farmers' Portal.