Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မက္က⁠ဒေးမီးယား စိုက်ပျိုးနည်း

$
0
0

မက္ကဒေးမီးယား စိုက်ပျိုးရာတွင် မိမိခြံ၏ အနေအထားအရ ကျွမ်းကျင်သူများနှင့် ဒီဇိုင်းရေးဆွဲပုံဖော်ရပါမည်။ ကုန်ထုတ်လမ်းများနှင့် အဓိက ပါဝင်ရပါမည်။ ရေသွင်းရေထုတ်မြောင်းများ၊ စက်ဝင်နိုင် ထွက်နိုင်ရန် လမ်းများပြည့်စုံစွာ ဖောက်လုပ်ထားရှိရမည်ဖြစ်ပြီး အပင်တန်းများကို တောင် – မြောက် ထားရှိစိုက်ပျိုးသင့်ပါသည်။ ထိုသို့ စိုက်ပျိုးခြင်းအားဖြင့် အပင်၏ (၂) ဖက်စလုံးနေရောင်ခြည် အပြည့်အ၀ရရှိနိုင် မည်ဖြစ်ပါသည်။

စိုက်ပျိုးသင့်သော အပင်အတန်းအကွာအဝေးနှင့် တစ်ဧက အပင်ဝင်ဆန့်မှုမှာ မိမိစိုက်ပျိုးသော ဒေသ၊ မြေအမျိုးအစား၊ စိုက်ပျိုးသော မျိုး၊ စီမံခန့်ခွဲနိုင်သော အခြေအနေတို့ပေါ်တွင် မူတည်ပါသည်။ ရေရှည် ၇ မီတာ x ၄မီတာ ( ၂၂ပေ x ၁၃ ပေ) မှာ ၀င်ငွေရရှိမှု မြန်ဆန် သော်လည်း ကုန်ကျစရတ် ပိုမိုကုန်ကျပါသည်။ နှစ်ကြာလာပါက ကြားပင်များကို ခုတ်လှဲပစ်ရမည် ဖြစ်ပါသည်။ မြေအမျိုးအစား အလိုက် ယေဘုယျအားဖြင့် ထောက်ခံထားသော အပင်အကွာအဝေးနှင့် အပင်ပါဝင်မှုမှ မြေညံ့ (သို့) မြေသင့်ပါက ၁၀ မီတာ x ၅ မီတာ (၈၀ ပင်/ဧက)၊ ၈မီတာ x ၄ မီတာ (၁၂၀ ပင်/ ဧက) ဖြင့် လည်းကောင်း၊ မြေကောင်းပါက ၁၀ မီတာ x ၁၀ မီတာ (၄၀ ပင်/ဧက) နှုန်းဖြင့် စိုက်ပျိုးသင့်ပါသည်။

စိုက်ပျိုးခြင်းကို မြေအစိုဓာတ်လုံလောက်စွာ ရှိသော အချိန်တွင် ဆောင်ရွက်ရပါမည်။ မစိုက်ခင် ပျိုးပင်များကို အကြမ်းခံနိုင်စေရန် ခေါင်ညွန့်ဖြတ်၍ ( Hardening) ပြုပြင်ထားရှိရပါမည်။ ပူလွန်းသော အချိန်၊ လေပြင်းထန်စွာ တိုက်သော အချိန်များတွင် မစိုက်သင့်ပါ။ ဆီးနှင်းကျရောက်တတ်သော ဒေသများတွင် ၄င်းကာလကို ကျော်လွှား ခံနိုင်ရန်ရှိစေရန် ရေရရှိနိုင်သော ဒေသများတွင် မိုးရာသီမတိုင်မီ ကာလများ၌ ရေသွင်းစိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) ပျိုးအိတ်အရွယ်ထက်ပိုကျယ်၍ ပိုနက်သော ကျင်းတစ်ခုတူးပါ။ (အနည်းဆုံး ( ၂’ x ၂’) လေးထောင့်ကျကျ တူးပါ)။ ကျင်းနံရံများပြောင် ချောမာကျစ်မနေစေရန် တိုင်ကျင်းတူးစက် မသုံးဘဲ တူရွင်းငန်းပြား ဖြင့်သာ တူးရပါမည်။

(ခ) တူးပြီးသော ကျင်းထဲသို့ organic matter မဟုတ်သော အပေါ်ယံမြေစာ ( Topsoil) မွမွဖြင့် ပြန်ဖြည့်ပေးပါ။ ပျိုးအိတ်ထိပ်ပိုင်းအပေါ် မျက်နှာပြင်နှင့် မြေသားမျက်နှာပြင်ကို တညီတည်းဖြစ်အောင် ဖြည့်သိပ်ပါ။

(ဂ) မစိုက်မီ အပင်ကို ရေ၀အောင်လောင်းပါ။  ပြီးလျှင် အပင်ကို ပျိုးအိတ်မှ ( မြေလုံးမပျက်) ထုတ်ယူပါ။

(ဃ) အမြစ်များကို စစ်ဆေးကြည့်ပါ။ အမြစ်များသည် မြေလုံး အောက်ခြေပတ်ပတ်လည်တွင် အလွန်အမင်း ယှက်ဖြာနေပါက ၄င်းအမြစ် များကို ဓားထက်ထက်ဖြင့် မြေလုံးပေါ်၌ ထောင်လိုက် ( ၃-၄) နေရာခန့် ခပ်တိမ်တိမ် ဖြတ်ပေးပါ၊အနည်းငယ်သာ ယှက်ဖြာပါက မြေလုံး အောက်ခြေမှ အမြစ်များကို လက်ဖြင့် အသာအယာဖွပေးပြီး မြေသားပြန်ပေါ်အောင်လုပ်ပေးပါ။ သန်မာသော အမြစ်များကောက်ကွေး နေလျှင် ပြန်ဖြောင့်ပေးပါ။ အလွန်အမင်း ကောက်ကွေးနေလျှင် ၄င်းအမြစ်များကို ဖြတ်တောက်ပစ်ပါ။ လိုအပ်ပါက အမြစ်အားတိုးဆေးကို အသုံးပြုပက်ဖျန်းပေးပါ။

(င) စိုက်ကျင်းထဲသို့အပင်ကို ညင်သာစွာထည့်ပါ။ ကျင်းအောက်ခြေတွင် အမြစ်များဖြန့်၍ နေပါစေ။ ကိုင်းကူးဆက်ထားသော (သို့မဟုတ်) အဖူးသွင်းထားသော အဖူးနေရာသည် လေတိုက်ခတ်ရာ အရပ်ဘက်သို့ မျက်နှာမူထားရပါမည်။

(စ) စိုက်ကျင်းမြေသည်  ခြောက်သွေ့ပါက ကျင်းထဲသို့ အပင်ထည့်ပြီး နောက်ကျင်းတစ်ဝက်ခန့် မြေဖြည့် ပြီး အပင်မြေလုံးနှင့် ကောင်းစွာ သိပ်သည်းကျစ်လစ်အောင် မြေဖိသိပ်ပေးပါ။ ထို့နောက်ကျန်သော ကျင်းတစ်ဝက်ကို ရေဖြည့်ထားပါ။

(ဆ) ဖြည့်လိုက်သောရေ မြေကြီးထဲ စိမ့်ဝင်သွားသည် အထိစောင့်ပါ။ ကျန်ကျင်းတစ်ဝက်ကို မြေဆက်ဖြည့်ပြီး ကျစ်လစ်သိပ်သည်းအောင် လက်ဖြင့် ထိုးသိပ်ပေးပါ။

(ဇ) အပင်ရင်းတွင် ရေရှိနေရန် မြေအနည်းငယ်ချန်ဖို့ပြီးနောက် ရေ၀အောင်လောင်းပေးပါ။

(ဈ) အပင်စိုက်ပြီးပြီးချင်း (အစိုဓာတ်ထိန်သိမ်းရန်အတွက်) (၄” မှ ၆”) အထူ mulching (အပင်ပတ်ဝန်းကျင်မှာ သစ်ရွက်ဆွေး၊ ကောက် ရိုးများအုပ်ပေးခြင်း) လုပ်ပေးပါ။ mulching သည် ပင်စည်လုံးမှ အနည်းဆုံး (၂”) ခန့်ခွာထားရပါမည်။

(ည) အလယ်မဏ္ဍိုင်ပင်မ အကိုင်းတစ်ခုသာချန်၍ ဘေးတက်များဖြတ်တောက်ခြင်းအား  ပြုလုပ်ပေးပါ။

(ဋ) ကိုင်းကူးဆက်ထားသော နေရာ၌ ပင်စည်သိမ်ခြင်း၊ ကျစ်ခြင်း စတင်တွေ့ရှိရပါက တွေ့တွေ့ချင်း ကိုင်းဆက်ကြိုးပြားများ ကုန်စင်အောင်ဖယ်ရှား ရှင်းလင်းပါ။

(ဌ) အပင်စိုက်ပြီး ချိန်တွင် အမြစ်မြေလုံး မခြောက်သွေ့စေရန် ဂရုစိုက်ဆောင်ရွက်ပါ။ ရာသီ ခြောက်သွေ့ပါက စိုက်ပြီး အစောပိုင်းရက် သတ္တပတ်များအတွင်းတွင် တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ ရေသွင်း၊ ရေလောင်းပေးပါ။

Source – လယ်/ဆည်

 

The post မက္က⁠ဒေးမီးယား စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...