Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မျိုးစပါးအ⁠ဖြစ်အသုံး⁠ပြုမည့် စပါးသီး⁠နှံများရိတ်သိမ်းရာတွင် အထူးဂရု⁠ပြုလိုက်နာ⁠ဆောင်ရွက်သင့်သည့်လုပ်ငန်းများ

$
0
0

ရိတ်သိမ်းခြင်း

(က) အကောင်းဆုံး ရိတ်သိမ်းချိန် ဆုံးဖြတ်ခြင်း

(၁) မျိုးစေ့အတွက် ရိတ်သိမ်းရန် အကောင်းဆုံးအချိန်ကို လေ့လာသုံးသပ်ပါ။

(၂) အနှံစုံပြီး (၁၄) ရက် ကျော်တွင် စပါးနှံများ ငိုက်လာပါက ရေကုန်စင်သည်အထိ ရေလွှတ်ထုတ်ပါ။

(၃) ရိတ်သိမ်းရန် ခန့်မှန်းရက်မတိုင်မီ (၇) ရက်ခန့်ကြိုတင်၍ နေ့စဉ်ကွင်းဆင်းပြီး ရင့်မှည့်စပြုလာသည့် အနှံအများစုကို ရွေးချယ်ပြီး အောက်ပါအတိုင်းလေ့လာကြည့်ရှုပါ။

 

စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းလက်စွဲ

 

(၄) ရှေးဦးစွာ စပါးနှံအဖျားပိုင်းရှိ စပါးစေ့ အချို့ကို အခွံခွာကြည့်ပါ။ ဆန်သားကြည်လင်ပြီး မာလာသည်ကို တွေ့ရလျှင် ရိတ်သိမ်းရန် သင့်လျော်သည့် အချိန်သို့ စတင်နီးကပ်လာပြီ ဖြစ်ပါသည်။

(၅) စပါးနှံ၏ (၈၅) ရာခိုင်နှုန်းဖြစ်သော အဖျားပိုင်းစပါးစေ့များနှင့် စပါးပင်အားလုံး၏ (၈၅) ရာခိုင်နှုန်း ၀ါလာပါက မောင်းညိုချိန်ဖြစ်၍ ရိတ်ရန် သင့်လျော်ဆုံးအချိန် ဖြစ်သည်။

(၆) အထက်ဖော်ပြပါ လေ့လာခဲ့သည့်အနှံများ၏ (၁၅) ရာခိုင်နှုန်းဖြစ်သော အောက်ခြေရှိစပါးစေ့ အများစုသည် မာခဲနေလျှင် ရိတ်သိမ်းရန် သင့်တော်ပါသည်။

(၇) ယေဘုယျအားဖြင့် စပါးပင်စည်နှင့် အရွက်များ ကောက်ရိုးရောင်ဝါလာလျှင်လည်း ရိတ်သိမ်းနိုင်ပါသည်။

(၈) စပါးရိတ်ချိန်တွင် စပါးစေ့အများစု၏ အစိုဓာတ်ပါဝင်မှုမှာ (၂၀ – ၂၃) ရာခိုင်နှုန်း ရှိလျှင် အသင့်တော်ဆုံးဖြစ်သည်။

(၉) စပါးရိတ်ချိန်သည် ခြောက်သွေ့၍ မိုးပြတ်သည့် ကာလဖြစ်ရပါမည်။

 

(ခ) စနစ်တကျ ရိတ်သိမ်းနေလှန်းအခြောက်ခံခြင်း

 

(၁) စပါးရိတ်ချိန်တွင် မျိုးသန့်စိုက်ခင်းမြေသည် လူနင်းခံနိုင်အောင် မြေမာ နေရပါမည်။

(၂) ကောက်ရိုးတစ်ခုအတွင်းရှိ အပင်များအားလုံးပါအောင် မြေအထက် (၈) လက်မခန့် ဆုပ်ကိုင်ပြီး တံစဉ်ဖြင့် တစ်ချက်တည်း ပြတ်အောင်ရိတ်ဖြတ်ပါ။

(၃) ရိတ်ပြီးစပါးပင်များကို ကောက်ရိတ်သူ၏ ၀ဲဘက်၌ ကောက်ရုံ ( ၆ – ၁၀) ရုံခန့်ပါသော အပုံးငယ်လေးများအဖြစ် ပါးပါးဖြန့်ထားပါ။ အပုံငယ်များကို အတန်းလိုက်စနစ်တကျပုံပါ။

(၄) ရာသီဥတုသာယာလျှင် ကွင်းထဲ၌ (၁-၂)ရက် နေဖြင့် အခြောက်ခံထားပါ။

(၅) ရိတ်သိမ်းစဉ် စပါးစေ့အတွင်း အစိုဓာတ် (၂၀ -၃၀) ရာခိုင်နှုန်းခန့်ရှိရာမှ အစိုဓာတ် (၁၆ – ၁၇) ရာခိုင်နှုန်းထိ ကျဆင်းလာပါမည်။ ယင်းအစိုဓာတ်မှာ ချွေလှေ့ရန် အသင့်လျော်ဆုံးဖြစ်ပါသည်။

(၆) ဖြန့်လှန်းထားသော အပုံငယ်လေး (၅ – ၈) ခုကို ကောက်လှိုင်းငယ်အဖြစ်စုစည်းပြီး ချွေမည့်တလင်းသို့ သယ်ပြီး စက်ဖြင့်ချက်ချင်း ချွေနိုင်အောင် ကြိုးစားပါ။

(၇) မျိုးသန့်အတွက် တလင်းသီးသန့်ပြုလုပ်ပါ။ အခြားစပါးမျိုးများကို ချွေလှေ့မည့် တလင်းကို မျိုးသန့် တလင်းအနီးမလုပ်ရပါ။

(၈) မျိုးသန့် က စပါးမခြွေမီ ချွေစက်တွင်  ခြွေစက်တွင် အခြားမျိုးကွဲအစေ့များ ကပ်ညှိခြင်းမရှိအောင် စက်သန့ှ်ရှင်းရေး အထူးအလေး ထားလုပ်ပါ။

(၉) မျိုးသန့် စပါးပြီးမှ အခြားစပါးကို ခြွေလှေ့ပါ။

(၁၀) ချွေပြီး စပါးများသည် အစိုဓာတ်များနေဆဲဖြစ်၍ (၄) လက်မအထူညီညီညာညာဖြန့်၍ နေလှန်းပါ။ အစပိုင်းတွင် တစ်နာရီလျှင် တစ်ကြိမ် အထက်အောက်မွှေပေးပါ။ အစိုဓာတ်လျှော့လာသည်နှင့် အမျှ (၂) နာရီတစ်ကြိမ် (၄) နာရီ တစ်ကြိမ် အထက်အောက်လှန် ပေးပါ။

(၁၁) အစိုဓာတ် (၁၂-၁၃)ရာခိုင်နှုန်း အထိ ကျဆင်းအောင် (၂-၃) ရက်လှန်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post မျိုးစပါးအ⁠ဖြစ်အသုံး⁠ပြုမည့် စပါးသီး⁠နှံများရိတ်သိမ်းရာတွင် အထူးဂရု⁠ပြုလိုက်နာ⁠ဆောင်ရွက်သင့်သည့်လုပ်ငန်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>