Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပဲတီစိမ်းတွင် ကျရောက်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းနည်းများ

$
0
0

လှေးကျိုင်း ( Striped bean flea )

ဖျက်ဆီးပုံ

ပဲမျိုးစုံသာမက မုန်ညင်း၊ မုန်လာမျိုးရင်းဝင် အပင်များနှင့် အခြားပေါင်းပင်များကိုပါ ကျရောက်ဖျက်ဆီးတတ်သည်။ အရွက်နုများ  ဝေဆာ   နေသောအပင်ငယ်များကစ၍ ရွက်နုပိုင်းကို ရွေး၍သားသောက်ရာ ၀ိုင်းစက်ညီညာသော အပေါက်ငယ်များကို တွေ့ရသည်။ နံနက်ပိုင်း   စောစောနှင့် ညနေနေချိုချိန်တွင် အကျများပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • မစိုက်မီ ထယ်ထိုး၍ နေလှမ်းထားပါ။ စိုက်ပြီးမကြာခဏပေါင်းရှင်းပေးပါ။
  • ပေါင်းမြက်များအထူးသဖြင့် ပဲမျိုးနွယ်နှင့် မုန်ညင်းရိုင်းများကို ကြိုတင်ဖယ်ရှားပါ။
  • ထိသေအာနိသင် ဆေးတစ်မျိုးမျိုး သို့မဟုတ် ဒိုင်မီခရွန် (Dimecron) (၄၀-၆၀) စီစီ ( ဘီပီဘမ်း ပရုပ်ဆီဗူး (တစ်ဗူးခွဲ – နှစ်ဗူး) ကို ရေ (၂) ဂါလံနှင့် ဖျော်စပ်ပြီး တစ်ဧကလျှင် ဆေးရည် (၂၀) ဂါလံနှုန်း ပက်ဖျန်းပါ။

ပင်စည်ထိုးယင် ( Bean Stem fly )

ဖျက်ဆီးပုံ

အရွက်ပေါ်တွင် အုချထားခဲ့သောဥများမှ ပေါက်လာသည့် လောက်ကောင်သည် အရွက်၏ အတွင်းသားအတွင်း ထွင်းဖောက်ဝင်ရောက်၍ အတွင်းရှိ ဆဲလ်နှင့် တစ်သျှုးများကို စားသောက်သဖြင့် အရွက်တွင် အစိမ်းရောင်ဖျော့လာပြီး ၀ါယော်ကာနောင်တွင် မီးမြှိက်သကဲ့သို့   ခြောက်သွေ့သွားသည်ကို တွေ့ရတတ်သည်။ လောက်ကောင်ငယ်သည် ရွက်ညှာမှတဆင့် ပင်စည်တွင်းဝင်ရောက်စားသောက်ပြီး ပင်ခြေပိုင်းကို ဆင်းသွားရာမြေနှင့်ကပ်နေသော ပင်စည်မှာ ဖောင်းကားပြီး အဖုဖြစ်နေတတ်သည်။ ယင်းနေရာခွဲကြည့်ပါက အရွယ်ရောက်ပြီး ပိုးလောက်ကောင်(သို့) ရုပ်ဖုံးကို တွေ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ကူးစက်မှုမရှိစေရန် ပိုးကျအပင်ကို နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ပါ။
  • ပဲမျိုးဝင်အပင်များ၊ ပေါင်းပင်များကို တတ်နိုင်သမျှ ဖယ်ရှယးပါ။
  • မြေပြုပြင်စဉ်က ဒိုင်ယာဇီနွန် (Diazinon 10.G) တစ်ဧကလျှင် (၁၅-၂၀) ပေါင်နှုန်းထည့်၍ ထွန်ဖြင့်မွှေပေးပါ (သို့မဟုတ်) စိုက်ကြောင်း တစ်လျှောက်ထည့်ပေးပါ။
  • မိုနိုကရိုတိုဖော့စ် (Monocrotophos) (၂၅-၃၀) စီစီ (ဘီပီဘမ်းပရုပ်ဆီဗူး (၁) ဗူးကို ရေ (၂) ဂါလံနှင့် ဖျော်စပ်ပြီး တစ်ဧကလျှင်   ဆေးရည် (၂၀) ဂါလံနှုန်း ပက်ဖျန်းပါ။

လှေးပိုး (Thrips)

ဖျက်ဆီးပုံ

ပဲတီစိမ်းပင်၏ ပန်းပွင့်စ၊ ဖူးစနှင့် ရွက်နုများအတွင်းရှိ သစ်ရည် (Sap) ကို စုက်ယူစားသောက်သဖြင့် အပွင့်၊ အဖူးနှင့် ရွက်နုများ ညှိုးယော် ပုံပျက်ကြွေကျကာ ရိုးတံချည်ကျန်ရစ်ပြီး အသီးမတင်တော့ချေ။

ကာကွယ်နှိမ်နင်းနည်း

  • ပေါက်းမြက်များ ကြိုတင်သုတ်သင်ဖယ်ရှားပါ။
  • ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေး ( Systemic action ) တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။
  • Monocrotophos တစ်ဧကလျှင် (၂၅-၃၀) စီစီ (ဘီပီဘမ်း ပရုပ်ဆီဗူး (၁) ဗူးကို ရေ(၂) ဂါလံနှင့် ဖျော်စပ်ပြီး တစ်ဧကလျှင်   ဆေးရည် (၂၀) ဂါလံနှုန်း ပက်ဖျန်းပါ။

ငှက်မွှေးဖလံ (Plume moth)

ဖျက်ဆီးပုံ

ဖလံမသည် အရွက်ပေါ်တွင် ဥများကို အုချထားခဲ့ရာမှ ပေါက်လာသော လောက်ကောင်များသည် အသီးနုများအတွင်းသို့ ထိုးဖောက် ၀င်ရောက်စားသောက်တတ်သည်။ ဥဘ၀ (၃) ရက်၊ လောက်ကောင်ဘ၀ (၂၁) ရက်ခန့်နှင့် ရုပ်ဖုံးဘ၀ (၅) ရက်ခန့်အကြာ ဖလံများ   ဖြစ်လာသည်။

အရွက်များတွင် အပေါက်များ တွေ့ရသကဲ့သို့ အသီးတွင်လည်း အပေါက်များ တွေ့ရသည်။ အသီးခွာကြည့်ပါက အထဲတွင်လောက်ကောင်   တွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်း

  • ပိုးလောက်ကောင်များ တွေ့ရှိက ကောက်ယူဖျက်ဆီးပါ။
  • ထိသေဆေးနှင့် ပင်လုံးပြန့်ဆေး နှစ်မျိုးတွဲသုံးမှ ထိရောက်မည်။ အသီးတောင့်အတွင်းဝင်နေလျှင် ထိသေဆေးနှင့် မသုတ်သင်နိုင် ပါ။

Source by – လယ်/ဆည်

The post ပဲတီစိမ်းတွင် ကျရောက်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>