Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မတ်ပဲစိုက်ပျိုးနည်း အဆင့်ဆင့်အကြောင်း (သိကောင်းစရာ) (ဒုတိယပိုင်း)

$
0
0

၃။ ထွန်ရေးဖြင့်စိုက်သောစနစ် ( ထွန်ပဲစနစ်)

ထယ်ဖြင့် တစ်စပ်နှံ့စပ်ရန် မြွေရိုးမကျန်အောင်ထိုးပြီး ထယ်ရေးပြုပြင်ပါ။ ဓါးကြမ်းတုံး ( ဓါးစက် )ဖြင့် နှစ်စပ်လောက် မောင်းပေးလျှင် ရိုးပြတ်များပါ ပြတ်ကာ ဖုံးပြီးဖြစ်၍ အစိုဓာတ်စိတ်ချရသည်။ မြေအစိုဓါတ် နည်းမည်ထင်လျှင် မတ်ပဲစေ့ကို တစ်ညအိပ်ရေစိမ် ကြဲပါ။   မြေသြဇာ ထယ်တစ်စပ်ထိုးပြီး ယူရီးယား ( ၂၈ ) ပေါင်၊ တီစူပါ ( ၇၄ ) ပေါင်နှင့် ပိုတက်ရှ် ( ၅၆ ) ပေါင်ထည့်ပြီး ထွန်ဖြင့်မွှေထားလျှင် ပိုကောင်းသည်။

မျိုးစေ့ရေစိမ်ထားလျှင် မတ်ပဲစိုက်မည့်နေ့တွင် မြေသြဇာမချသင့်ပါ။ အနည်းဆုံး ( ၂ ) ရက်လောက်ကြိုချထားပါ။ ဓာတ်စုံ မြေသြဇာများ ကိုလည်း သုံးနိုင်ပါသည်။ သတိပြုရန် အချက်များ ၁။ မတ်ပဲစေ့ကို ထယ်ရေးအတွင်း ( ၂ ) လက်မထက်ပို၍ မနက်ပါစေနှင့်မြေပေါ်တွင် လည်း ပေါ်သည့်အနေအထားမျိုးမဖြစ်ပါစေနှင့်၊ သို့မဟုတ်ပါက အပင်ပေါက်ညံ့တတ်သည်။

၁။ ပဲမြစ်ဖုဇီဝမြေသြဇာသုံးလိုလျှင် မြေအချဉ်အငံဓာတ် ( ၅ ) ထက်နိမ့်နေပါက ထုံးတစ်ဧကပေါင် ( ၅၀၀ ) လောက်ထည့်ပေးပါ။ သို့သော် ချက်ချင်းထည့်ချက်ချင်းစိုက်၍ မသင့်ပါ။ ထုံးအစား ကျောက်မှုန်မြေသြဇာ တစ်ဧကလျှင် အနည်းဆုံး ( ၅ ) ကီလိုဝင်အိတ် ( ၁၈ ) အိတ် ထည့်ပေးပါ ( ကျောက်မှုန့်မြေသြဇာတွင်ပါသော ကန့်ဓာတ်သည် ပရိုတိန်းဓာတ် ကြွယ်ဝသောသီးနှံများ အတွက်ပို၍ အကျိုးပြုနိုင်စွမ်းရှိ သည်။

၂။ ပဲမြစ်ဖုဇီဝပြေသြဇာသည် ထုတ်လုပ်ပြီးစ လတ်လတ်ဆတ်ဆတ်မဟုတ်လျှင် မသုံးသင့်ပါ။ ပဲမြစ်ဖုဇီဝမြေသြဇာ လူးထားသော ပဲစေ့ ကိုစိုက်လျှင် တီဆူပါ၊ ကျောက်မှုန့်မြေသြဇာများနှင့် တစ်ချိန်တည်း တစ်ခါတည်း မထည့်သင့်ပါ။ မြေသြဇာများကို ( ၂ ) ရက် ကြိုထည့်ပြီး ထွန်ဖြင့်မွှေထားပါ။

၃။ ပဲမြစ်ဖုဇိဝမြေသြဇာလူးထားသော ပဲစေ့ကို နေရောင်ခြည်တိုက်ရိုက်မထိရန် သတိပြုပါ။ အဖုံး၊ အမိုးအောက် ထားပြီး ချက်ခြင်းစိုက်ပါ။ ရွက်ဖျန်းမြေသြဇာ စပါးစိုက်ချိန်တွင် တီစူပါ၊ ပိုတက်ရှ် မြေသြဇာများမထည့်ဖြစ်လျှင် သော်လည်းကောင်း၊ ပဲစိုက်ချိန်တွင် မြေခံအဖြစ် တီစူပါနှင့် ပိုတက်ရှ်မြေသြဇာမထည့်ဖြစ်လျှင်သော်လည်းကောင်း၊ ပဲပင်အထနှေးလျှင်သော်လည်းကောင်း၊   မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်ရောင်းချသော အာစာရစုံရွက်ဖျန်းမြေသြဇာကို စိုက်ပြီး ( ၁၅၀ ) ရက်မှစ၍ ( ၁၅ ) ရက်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ပက်ဖျန်းရမည်။ တစ်ကြိမ်ဖျန်းလျှင် ၇ွက်ဖျန်းမြေသြဇာ ( ၅၀၀ ) စီစီ ( တစ်ပုလင်း) ကို တစ်ဧကနှုန်း ဖျန်းပေးပါက ပဲအထွက်နှုန်း ကောင်းမွန်မည် ဖြစ်သည်။

ရွက်ဖျန်းမြေသြဇာဖျန်းရာတွင် လိုက်နာရန်အချက်များ

ရွက်ဖျန်းမြေသြဇာဖျန်းရန် ရွက်ဖျန်းမြေသြဇာမဖျန်းရန် – တိမ်ထူသောနေ့၊   အေးသောနေ့ – တိမ်ကင်းစင်၍ ပူသောနေ့ – မနက်စောစော၊ ညနေစောင်း – နေပူပြင်းသည့်အချိန် – အပင်များ လန်းဆန်းနေချိန် – အပင်များညှိုးနေချိန် – ရေသွင်းပြီးချိန် – ရေမသွင်းမီအချိန် ပေါင်းမြက်   နှိမ်နင်းခြင်း ပဲပင်များ အခက် အလက် အရွက်ဖြာ၍ တန်းကြား ပင်ကြားအုပ်မသွားမီပေါင်းမြက်ကင်းစင်စေရန်အနည်းဆုံး အပင်ပေါက် သည်မှ ( ၂၅ – ၃၅ ) ရက်အတွင်း ပေါင်းမြက်ရှင်းပေးပါက အထွက်နှုန်းသိသာစွာ တိုးမည် ဖြစ်ပါသည်။

ကျရောက်တတ်သောပိုးများ

ငမြှောင်တောင် ၊ ပိုးနဂါး ဖျက်ဆီးပုံ ယင်းပိုးမျိုးသည် ဟင်းသီး ဟင်းရွက်မျိုးစုံနှင့် ပြောင်း၊ စပါးတို့တွင်လည်း ကျရောက်တက်၍ အစုံစားမျိုး  ( Polyphagous pest) ဟု လူသိများသည်။ ပိုးလောက်ကောင်ငယ်ဘ၀တွင် အ၇ွက်မျိုးစုံမှ အစိမ်းသားများကို ခြစ်စားသဖြင့် အစင်းလိုက်   သော်လည်းကောင်း၊ ကွက်၍သော်လည်းကောင်း ဖြူနေတတ်သည်။ အကောင်ကြီးထွားလာသောအခါ အပင်၏ နုနယ်သောအပိုင်းကို ကိုက်ဖြတ်စားသောက်တတ်သည်။ ဆေး၊ အားလူးနှင့် ကိုင်းသီးနှံများတွင် အပင်ငယ်များ၏ ပင်ခြေကိုဖြတ်၍ စာတတ်သည်။ ပေါက်ခါစ ပဲပင်များငုတ်ကလေးများသာ ကျန်နေတတ်သည်။ နံနက်စောစောနေရောင်ခြည်မလာသေးမီ ညနေစောင်းနေရောင်ခြည် ပျောက်ခါစတွင် အစုလိုက် အုပ်လိုက်ကျတတ်၍ ( Army worm) ဟုခေါ်ခြင်းဖြစ်သည်။ နေ့အခါတွင်အပင်ခြေ အမှိုက်သရိုက်များအကြား ခိုအောင်းနေ တတ်သည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ စိုက်ခင်းအတွင်းနှင့်အနီးအနားတွင် ပေါင်းမြက်နှင့်အမှိုက်သရိုက်များရှင်းလင်းထားပါ။

၂။ နက်သောကျင်း မြောင်းကိုမကူးနိုင်သဖြင့် စိုက်ခင်းနယ်စပ်တွင်အကျယ် ( ၂ ) ပေ၊ အနက် ( ၁ပေ၊ ၁ပေခွဲခန့်) မြောင်းတူးထားပါ။ ညအခါ ပုန်းခိုရာမှ ထွက်လာပြီး မြောင်းထဲကျပါက မတက်နိုင်သောအကောင်များ နံနက်ခင်းတွင် တွေ့ရတတ်၍ ကောက်ယူ သုတ်သင်   နိုင်ပါသည်။

၃။ ထိသေအာနိသင် Contact poison ရှိသော ဆေးတစ်မျိုးမျိုးကို စိုက်ခင်းဘေးခြံပုတ်များနှင့် ပင်ခြေအမှိုက်သရိုက်များကို ပက်ဖျန်းပေးပါ။ တမာပိုးသတ်ဆေးဖြင့်လည်း အပင်ပေါ်ဖျန်းပေးနိုင်သည်။ ၄။ လောက်ကောင် ( Caterpiller) ဘ၀တွင် အစာစုံစားသဖြင့် ပိုးသတ်ဆေး လူးနယ်ထားသော နှမ်းဖတ်၊ ပဲဖတ်များ၊ ပြောင်းဖူးစေ့ပြုတ်၊ ပဲစေ့ပြုတ်များကို ညအခါချထားခြင်းဖြစ်လည်း သုတ်သင်နိုင်ပါသည်။  

လှေးကျိုင်း

ဖျက်ဆီးပုံ

ဥမှပေါက်ခါစလောက်ကောင်နှင့် အကောင်ကြီးတို့သည် နံနက်စောစောနှင့်ညနေအေးသွားချိန်တွင် ပဲရွက်များကို ကိုက်စားတတ်သည်။ ကိုက်စား၍ညီညာဝိုင်းစက်သော အပေါက်ကလေးများဖြစ်နေပုံမှာ ထင်ရှားသောလက္ခဏာဖြစ်သည်။ ပိုးအကျများပါက အရွက်များ အားနည်း၍ အစာချက်နိုင်စွမ်း ကျဆင်းကာအပွင့်အသီးဆုတ်ယုတ်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ပေါင်းမြက်များကို ကြိုတင်နှိမ်နင်းထားပါ။

၂။ တစ်ဧကလျှင် Carbaryl ( သို့မဟုတ်) Monocrotophos ဆေး ( ၂၅ – ၃၀ ) စီစီ ( ဘီပီဘမ်း ပရုပ်ဆီဗူး ( ၃-၄ – ၁) ဗူး) ကို ရေ ( ၂ ) ဂါလံ နှင့်ဖျော်စပ်၍ တစ်ဧကလဆင် ဆေးရည် ( ၂၀ ) ဂါလံနှုန်းပက်ဖျန်းပါ။

၃။ ယခင်ရိတ်သိမ်ူးပြီးစ သီးနှံခင်းကိုသော်လည်းကောင်း နောင်အခါ မတ်ပဲဆက်စိုက်မည်စိတ်ကူးရှိလျှင်သော်လည်းကောင်း ထယ်ထိုး   မြေလှန်၍ နေလှန်းထားပါ။ အမှိုက်များကို စိုက်ခင်းအတွင်းပင် ဖြန့်၍ မီးရှို့ပါ.။

ပင်စည်ထိုးယင်

ဖျက်ဆီးပုံ

ဥမှပေါက်လာသော   လောက်ကောင်ငယ်များသည် အရွက်၏အတွင်းသားသို့ဝင်ရောက်စားသောက်ပြီး အရွက်၏ အပေါ်အောက် မျက်နှာပြင် ( Lower and upper epidermis) ကြားမှ ၀င်ရောက်ပြီး ရွက်ရိုးတံ ( petiole) မှတစ်ဆင့် ပင်စည်အတွင်းသို့ ၀င်ရောက် စားသောက်ဖျက်ဆီးကာ   မြေနှင့် နီးရာအခြေနားတွင် ရုပ်ဖုံးဘ၀ ပြောင်သွားသည်။

သို့ဖြစ်၍ ပင်စည်အခြေတွင် ဖုဖေါင်းယောင်ယမ်းနေသည်ကို တွေ့ရတတ်သည်။ အပင်နှုတ်ယူ၍ ယင်းနေရာကို ခွဲကြည့်က ပိုးလောက်   ကောင် သော်လည်းကောင်း ရုက်ဖုံးသော်လည်းကောင်းတွေရတတ်သည်။ ရုပ်ဖုံးရင့်လာသောအခါ ပင်စည်သည်ထိနေရာမှ ကွဲအက် လာသည်။ ပိုးကျအပင်၏ အရွက်များဝါယော်လာသည်။ ကြာသောအခါ မီးမြှိုက်ခံရသလို ၀ါရာမှ ဖြူညိုသွားသည်။ သီးနှံစိုက်ခင်းတွင် တစ်ကွင်းတစ်စပ်တည်း မဟုတ်ပဲ နေရာပြန့်ကျဲ၍ ဆန်ကောအရွယ်၊ ဖျာကြမ်းတစ်ချပ်စာအရွယ်တွေ့ရတတ်သည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ပိုးကျအပင်စတင်တွေ့ကတည်းက ကူးစက်ပြန့်ပွားမှုမရှိအောင် နှုတ်ယူမီးရှို့ဖျက်ဆီးပါ။

၂။ သီးနှံခင်းအနီးအလေ့ကျပေါက်ပင်များ ပိုက်ဆံပင်များကို ခုတ်ထွင်ဖယ်ရှားထားပါ။

၃။ ထယ်ရေးပြင်ချိန်တွင် Diazinon 10G ဆေးကိုတစ်ဧကလျှင် ( ၁၅ – ၂၀ ) ပေါင်းနှုန်းနှံအောင်ထည့်ပေးပါ။

၎။ အပင်ပေါက်ပြီး ( ၅ ) ရက် ( ၁၀ ) ရက်တွင် တစ်ကြိမ်စီစစ်ဆေး၍ ပိုးဖျက်ဆီးမှုလက္ခဏာ စတင်တွေကတည်းက တစ်ဧကအတွက် Monocrotophpos ( ၂၅- ၃၀ ) စီစီ ( ဘီပီဘမ်း ပရုပ်ဆီးဗူး ( ၃-၄ -၁) ဗူးကို ရေဂါလံ ( ၂ ) ဂါလံနှင့်ဖျော်စပ်၍ တစ်ဧကလျှင် ဆေးရည် ( ၂၀ ) ဂါလံနှုန်းပက်ဖျန်းပါ။

၅။ရွက်နုထွက်ချိန် ( ပထမဆုံး ရွက်ပေါင်းထွက်ချိန်) ပင်လုံးပြန့် အာနိသင် ( Systemic action) ရှိသောပိုးသတ်ဆေးများ ပက်ဖျန်းပေးပါ။ ပဲမျိုးစုံကြမ်းပိုး ဖျက်ဆီးပုံ အရွက်နု၊ အသီးနုများကို စုပ်ယူစားသောက်သဖြင့် အပြင်ပန်းသဏ္ဍာန်မှာ ဖျက်ဆီးရာ မတွေ့ရသော်လည်း ပဲသီး များတွင် အဆံမပြည့်ပဲ လုံးပိန် လုံးညှပ်များဖြစ်တတ်ပါသည်။ သစ်ရည်စုပ်စားပိုးမှန်သမျှ အပင်တွင်းရှိ ရောဂါများ အထူးသဖြင့် ဗိုင်းရပ်စ် များကိုပါ စုပ်ယူမိပြီးအခြားအပင်ကို စုပ်ယူရန်ထိုးဖေါက်လိုက်သောအခါ ဗိုင်းရပ်စ်ပါသွားသဖြင့် ကူးစပ်မှုမြန်စေပါသည်။ နှမ်းဖိုရောဂါ၊ ငှက်ပျော၇ွက်စုစည်းရောဂါ စသည်တို့မှာ ထင်ရှားသော သာဓကများဖြစ်သည်။

ကာကွယ်နှိမ်နှင်းနည်းများ

၁။ ပန်းပွင့်ချိန်၊ အသီးတောင့်ဖြစ်သည့်အချိန်တွင် ကြို၍ပိုးသတ်ဆေးများပက်ဖျန်းထားပါ၊ တာရှည်ခံမည့် ပင်လုံးပြန့်ပိုးသတ်ဆေးများ ပက်ဖျန်းသင့်သည်။

၂။ ကျရောက်မှု မများသေးပါက အကောင်များကို ရေနှင့်ဒီဇယ်ဆီရောထားသော ပုံးထဲသို့လှုပ်ခါချ၍ သုတ်သင်သင့်ပါသည်။

၃။ စိုက်ခင်းအတွင်း ( ၆ ) ပေပတ်လည် တစ်ကွက်အတွင်း ပိုးကောင် ( ၈ ) ကောင်တွေ့လျှင် တစ်ဧကလျှင် Carbaryi ( ၄၀- ၆၀ ) စီစီ ( ဘီပီဘမ်း ပရုပ်ဆီဗူး ( ၁ဗူးခွဲ၊ ၂ ဗူး) ကို ရေ ( ၂ ) ဂါလံနှင့်ဖျော်စပ်၍ တစ်ဧကလျှင် ဆေးရည် ( ၂၀ ) ဂါလံနှုန်းပက်ဖျန်းပါ။

Source by – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post မတ်ပဲစိုက်ပျိုးနည်း အဆင့်ဆင့်အကြောင်း (သိကောင်းစရာ) (ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ထိုင်းနိုင်​ငံတွင်​ တိုက်​ကြက်​တစ်​​ကောင်​ ဘတ်​တစ်​​သန်းဖြင့် စံချိန်တင်​...


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ