Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေသြဇာအသုံးပြုခြင်း

$
0
0

ပဲမြစ်ဖုဇီဝမြေသြဇာတွင်ပါသော နိုက်ထရိုဂျင်ဖမ်းယူပေးသည့် ဘက်တီးရီးယားသည် ယင်း၏လိုအပ်ချက်များနှင့် ပြည့်စုံမှ (သို့မဟုတ်) အနီးစပ်ဆုံးရရှိမှသာ အကျိုးသက်ရောက်အောင် ဖြည့်စွမ်းနိုင်သည်။

(၁) ပဲမျိုးစုံသည် မြေအချဉ်အငံဓါတ် (၄.၅) တွင် ကောင်းစွာပေါက်ရောက်ရှင်သန်နိုင်သော်လည်း မြေအချဉ်အငံဓါတ် (၅.၅) ကို မကျော် မချင်း ပဲပင်မှ မြစ်ဖုဖြစ်ပေါ်လာမှု အလွန်နည်းသည်။

(၂) နိုက်ထရိုဂျင်ကို လေထုမှ ဖမ်းယူပေးသော ဘက်တီးရီးယားအားလုံးသည် မိုလစ်ဘ်ဒီနမ် (Molybdenum) ဓါတ် အနည်းငယ် လိုအပ်ကြသည်။

(၃) စိမ့်မြေ၊ စမ်းပေါက်မြေ ၊ အချဉ်ဓါတ်များသောမြေ၊ အနည်ကျကျောက်မှ ဖြစ်လာသောမြေနှင့် နှမ်းဖက်ကျောက်မှ ဖြစ်လာသောမြေ များတွင် မိုလစ်ဘ်ဒီနမ်ဓါတ်နည်းတတ်ပါသည်။  ယင်းမြေများတွင် ပဲစိုက်ပျိုးပါက အပင်များဝါယော်ပြီး အစေ့အတင်နည်း၍ အောင်မြင်မှု မရှိပါ။

(၄) မြစ်ဖုများအတော်အသင့်ဖြစ်ပါလျက် မြစ်ဖုများအတွင်း နိုက်ထရိုဂျင်စုဆောင်းထားခြင်းမရှိသည့်အခြေအနေမျိုး ဖြစ်တတ်သည်။ ပဲပင် များသည် ၀ါယော်ယ်ာဖြစ်ပြီး နိုက်ထရိုဂျင်လိုအပ်သည့် လက္ခဏာပြနေလျှင် နိုက်ထရိုဂျင်မြေသြဇာ ထည့်ပေးက ပျောက်ကင်းနိုင်သကဲ့သို့ ( Molybdenum ) ထည့်ပေးလျှင်လည်း ပျောက်ကင်းနိုင်ပါသည်။

ယင်းမြေအမျိုးအစားများတွင် စိုက်ပျိုးပါက မိုလစ်ဘဒီနမ်ပါသော မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်သော ဇီဝစူပါရွက်ဖြန်းမြေသြဇာကို သုံးပါက အထွက်တိုးပါသည်။ ဇီဝစူပါရွက်ဖြန်းမြေသြဇာတွင် ပါဝင်သော မိုလစ်ဘဒီနမ်သည် ပဲမြစ်ဖု ( Rhyzobium ) ဖြစ်ထွန်းမှုကို   ကောင်းမွန်စေပါသည်။

(၅) ပဲမြစ်ဖု ကောင်းစွာ ဖြစ်ထွန်းနေသော်လည်း ပဲပင်များဝါနေသေးလျှင် ကန့်ဓါတ်ချို့ယွင်း၍ ဖြစ်တတ်ပါသည်။ ဤကဲ့သို့  ဖြစ်ပါက   မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်သော စပါးနှံတံဆိပ် ကျောက်မှုန့်မြေသြဇာ တစ်ဧကလျှင်( ၅ ) ကီလိုဝင်အိတ် ( ၃ ) အိတ်ထည့်ပေးရပါမည်။

ပဲမြစ်ဖုဇီဝမြေသြဇာအသုံးပြုရာတွင် သတိပြုရန်အချက်များ

  • ပဲမြစ်ဖုမြေသြဇာကို ထည့်သုံးလိုလျှင် မြေကြီးအချဉ်ဓါတ်လွန်ကဲသော မြေမဖြစ်စေရပါ။ (pH ၅.၅) အထက်ရှိရမည်။
  • ပဲမြစ်ဖုဇီဝမြေသြဇာကို မျိုးစေ့နှင့်မလူးမီ ထုတ်လုပ်ပြီးစ လတ်လတ်ဆတ်ဆတ်မြေသြဇာ ဟုတ်မဟုတ် လေ့လာပြီးမှ လူးနယ်ပါ။ ပဲဖြစ်ဖုမြေသြဇာကို ၀ယ်ယူပြီးပြီးချင်း အသုံးပြုပါ။ အသုံးမပြုနိုင်သေးပါက အေး၍ အရိပ်ကျသောနေရာတွင် သိမ်းဆည်းထားပါ။
  • ပဲမြစ်ဖုဇီဝမြေသြဇာကို ပဲမျိုးစေ့များနှင့် လူးနယ်၍စိုက်ပျိုးရပါသည်။ ဤကဲ့သို့ လူးနယ်ရာတွင် ပဲစေ့များတွင် ပဲဖြစ်ဖုမြေသြဇာများ တွယ်ကပ်မှုကောင်းရန် လိုအပ်ပါသည်။ လွယ်လွယ်နှင့် ရသော အအေးခံထားသည့် ထမင်းရည် မပျစ်မကျဲနှင့် လူးနယ်ပါ။
  • လူးနယ်ပြီးနောက် နေရောင်ခြည်တိုက်ရိုက်မထိသောနေရာတွင် ခပ်ထန့်ထန့်( နည်းနည်းလေသလပ်ခံ ) ဖြစ်အောင်ထားပြီးမှ ချစိုက်ပါ။ပဲမြစ်ဖုဇီဝမြေသြဇာကို တစ်ဧကလျှင် အနည်းဆုံး တစ်ထုပ်နှုန်း အသုံးပြုပါ။ ပို၍သုံးနိုင်ပါက အကျိုးရှိပါသည်။
  • လူးနယ်ပြီးသော မျိုးစေ့များကို နေရောင်ခြည်၊ ဓာတုပိုးသတ်ဆေးများ၊ ဓါတ်မြေသြဇာများနှင့် တိုက်ရိုက်မထိတွေ့စေရန် ဂရုပြုပါ။
  • အတွေ့အကြုံရမြေကွက်တွင် နိုက်ထရိုဂျင်လုံလောက်ပါလျှက် အရွက်များဝါရော်ရော်အခြေအနေ၊ ( ရောဂါကြောင့်မဟုတ် ) တွေ့မြင်ပါက ကန့်ဓါတ်ပါသော ကျောက်မှုန့်မြေသြဇာ ထည့်ပေးပါ။

ရွက်ဖျန်းမြေသြဇာ သုံးစွဲနည်း

စပါးစိုက်ချိန်တွင် တီစူပါ၊ ပိုတက်ရှ်မြေသြဇာ၊ မထည့်ဖြစ်လျှင်သော်လည်းကောင်း၊ ပဲစိုက်ချိန်တွင် မြေခံအဖြစ် တီစူပါ၊ ပိုတက်ရှ်   မြေသြဇာများ မထည့်ဖြစ်ရင်သော်လည်းကောင်း၊ ပဲပင်အထနှေးလျှင်သော်လည်းကောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်ရောင်း ချလျှက် ရှိသော အာဟာရစုံ ရွက်ဖျန်းမြေသြဇာကို စိုက်ပြီး (၁၅) ရက် မှစ၍ (၁၅) ရက်ခြား တစ်ကြိမ်နှုန်း (၄၅) ထိ (၃) ကြိမ်၊ တစ်ကြိမ်လျှင် ၅၀၀ စီစီ ၊ ( တစ်ပုလင်း ) နှုန်း ပက်ဖျန်းပေးပါက ပဲထွက်နှုန်း ကောင်းမွန်မည် ဖြစ်ပါသည်။

ရွက်ဖြန်းမြေသြဇာအသုံးပြုရာတွင်လိုက်နာရမည့်အချက်များ
ရွက်ဖြန်းမြေသြဇာဖြန်းရန် ရွက်ဖြန်းမြေသြဇာမဖြန်းရန်
တိမ်ထူသောနေ့၊ အေးသောနေ့ တိမ်ကင်းစင်ပြီးပူသောနေ့များ
မနက်စောစော၊ ညနေစောင်း နေပူရှိန်ပြင်းသည့်အချိန်
အပင်များလန်းဆန်းနေချိန် အပင်များညှိုးနေချိန်
ရေသွင်းပြီးချိန် ရေမသွင်းခင်

 

Source by – လယ်/ဆည်

The post ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေသြဇာအသုံးပြုခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles