Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ကြာဆံမ⁠ရွေး

$
0
0

လူ(၂၀)ဦးစာ

ပါဝင်အမယ်များ                                                      အချိုးအဆ

ပဲကြာဆံ                                                               ၁၀ ကျပ်သား

မုန့်ကြွပ်ခြောက်                                                       ၁၀ ကျပ်သား

ကပ်စေးနဲ                                                              ၁၀ ကျပ်သား

ထန်းလျက်                                                             ၁၅ ကျပ်သား

ရေ                                                                       ၈ စားပွဲဇွန်း

ဆီ                                                                       ၅၀ ကျပ်သား

ဂျုံမှုန့် (ဒန်သတ္တုပြားဖြူရန်)                                          ၅ စားပွဲဇွန်း

 

ကြိုတင်ပြင်ဆင်ခြင်း

  • ဒယ်အိုးထဲ ဆီထည့်၍ ပူလျှင် မုန့်ကြွပ်ကြော်ပြီး ဆန်ခါဖြင့် ဆယ်ယူကာ ဆီစစ်ထားပါ။
  • လက်ကျန်ဆီဖြင့် ပဲကြာဆံကြော်ပြီး ဆန်ခါဖြင့် ဆယ်ယူကာ ဆီစစ်ထားပါ။
  • စတီးဇလုံတွင် မုန့်ကြွပ်နှင့် ပဲကြာဆံကြော်များထည့်၍ နှံ့အောင်ရောစပ်ထားပါ။
  • ထန်းလျက်ကို ပါးပါးလှီး (သို့)ဒလိမ့်ဖြင့်ကြေအောင်ခြေထားပါ။
  • ၂၇’’×၂၇” ရှိဒန်သတ္တုပြားပေါ် ဂျုံမှုန့်ဖြူးပါ။
  • ၂၄” × ၂၄” × ၂” သစ်သားဘောင်ပြားကို ဒန်သတ္တုပြားပေါ်တွင် တင်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

  • ထန်းလျက်ကို ဇလုံသေးတစ်လုံးထဲသို့ ထည့်၍ ရေထည့်ပြီး အရည်ပျော်အောင်မွှေပါ။

အရည်ပျော်လျှင် မီးဖိုပေါ်တင်ပြီး ဆူအောင်လုပ်ပါ။

  • ဆူလာလျှင် ဖိုမှချပြီး ဒန်အိုးကြီးပေါ်တွင် လက်ကိုင်ပါ ဆန်ခါစစ်ခံကာ အမှိုက်စစ်ပြီးထည့်ပါ။
  • စစ်ထားသည့် ဒန်အိုးကြီးထဲမှ ထန်းလျက်ရည် (သို့) သကြားရည်များကို ဖိုပေါ်ပြန်တင်ပြီး ဆူအောင် ပြန်တည်ပါ။
  • ထန်းလျက်ရည် ကြွက်မြီးတန်းလျှင် ကပ်စေးနဲထည့်ပြီး နှံ့အောင်မွှေပါ။
  • ကပ်စေးနဲများနှံ့လျှင် ရောထားသည့် အကြွပ်ကြော်များထည့်ပြီး နှံ့အောင် ခပ်ဖွဖွမွှေပါ။
  • ဂျုံမှုန့်ဖြူးထားသော ဒန်သတ္တုပြားပေါ်ရှိ ၂၄”×၂၄”×၂” အထူရှိ လေးထောင့်သစ်သား ဘောင် ပြားထဲသို့လောင်းထည့်ပြီး မျက်နှာပြင်ကို လက်ဖြင့် ခပ်ဖွဖွ လိုက်ဖြန့်ပေးပြီး မျက်နှာပြင်အနှံ့ ဒလိမ့်တုံးဖြင့် ခပ်ဖွဖွလှိမ့်ဖိပေးပါ။
  • ဓားဦးချွန်ဖြင့် မုန့်များကို ၂ လက်မပတ်လည် အတုံးများ တုံးနိုင်သည်။ (သို့)မိမိနှစ်သက်သလို တုံးနိုင်သည်။

ပြင်ဆင်ရန်

  • “ကြာဆံမရွေး” ကိုမုန့်စားပန်းကန်တွင်ထည့်ပြီးပြင်ပေးပါ။
  • လက်ဖက်ရည်ကြမ်းအိုး ပြင်ဆင်ပေးပါ။
  • ၂၄”×၂၄”×၂” အထူရှိ လေးထောင့်သစ်သားဘောင်နှင့် ၂၇”× ၂၇” ဒန်သတ္တုပြား (၁)ချပ်လို သည်။
  • မုန့်ကြွပ်ကြော်မည့်ဆီ အလွန်ကျက်နေသော အကြွပ်မြန်နိုင်သည်။
  • မုန့်ကြွပ်ဖတ်များ ထည့်ပြီးလျှင်ပြီးချင်း တစ်ဘက်သို့ ချက်ချင်းလှန်ပြီး ဆယ်ယူရမည်။
  • မုန့်ကြွပ်ကြော်ရာတွင် နည်းနည်း ချင်းစီသာ ထည့်ကြော်ပါ။
  • မုန့်ကြွပ်အားလုံးထည့်ကြော်လျှင် ဆီနှင့်မထိသော မုန့်ကြွပ်များ မပွနိုင်ဘဲ အကျက်မညီဖြစ် တတ်သည်။
  • မုန့်ကြွပ်ကြော်နေစဉ် မီးလျှော့ပေးရမည်ဖြစ်သော်လည်း မီးနည်းသွားလျှင်မူ မီးရှိန်ပြန်မြှင့်ပေးရ မည်။
  • မီးအချိန်အဆသည် မုန့်ကြွပ်ကြော်ရွာတွင် အလွန်အရေးကြီးသည်။
  • ပဲကြာဆံကို အရင်ကြော်လျှင် ဆီထဲတွင် အစအနလေးများ ကျန်နေတတ်သည်။
  • ပဲကြာဆံသည် မုန့်ကြွပ်ထက် အပွမြန်တတ်သဖြင့် မုန့်ကြွပ်ထက် ပိုပြီးမြန်အောင်ကြော်ကာ ဆယ်ယူနိုင်ရမည်။
  • ဆန်ကြာဆံနှင့်လည်း ပြုလုပ်နိုင်ပါသည်။
  • အကြော်များကို ရောစပ်သမရာတွင် မုန့်များ ကျိုးကြေသွားတတ်၍ လက်ဖိအားမသုံးဘဲ ခပ်ဖွဖွ သာရောသမပါ။
  • ကြံသကာနှင့် သကြားကို အစားထိုးသုံးနိုင်သည်။ ထန်းလျက်သုံးလျှင် အမှိုက်စစ်ကို စစ်ရမည်။
  • ထန်းလျက်ကြွက်မြီးတန်းမှသာကပ်စေးနဲထည့်ရမည်။
  • ကပ်စေးနဲ ပျော်လျှင်ပျော်ချင်း မုန့်ကြွပ်များကို အမြန်ထည့်ရမည်။
  • မုန့်ဗန်းထဲသို့ မြန်မြန်ထည့် မြန်မြန်ဖိလှိမ့် မြန်မြန်လှီး စသည်ဖြင့် အဆင့်တိုင်းတွင် လျှင်မြန် ဖြတ်လတ်နိုင်မှသာ ကြွပ်ရွပြီး အရသာကောင်းသည့် ကြာဆံမရွေးကို ရနိုင်သည်။
  • ဆောင်ရွက်ချိန် နှောင့်နှေးနေလျှင် မုန့်မလုံးခဲတော့ဘဲ အကြေများသာ ဖြစ်နေတတ်သည်။
  • သကြားသုံးမည်ဆိုလျှင် သကြား (၁၀) ကျပ်သားသုံးပါ။ မုန့်အရောင် ဖြူဖွေးမည်။
  • ထန်းလျက်နှင့် သကြားကြာဆံမရွေး နှစ်မျိုး၏ အရောင်အဆင်းကို နှိုင်းယှဉ်ကြည့်နိုင်ရန် ဖော်ပြ ပေးထားသည်။

Pissaya Info

The post ⁠ကြာဆံမ⁠ရွေး appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>