မြန်မာအမည် – ပျဉ်းတော်သိမ်
အင်္ဂလိပ်အမည် – မရှိပါ။
ရုက္ခဗေဒအမည် – Clausena Excavata Burm
မျိုးရင်း – Rutaceae.
မူရင်းဒေသ။ ။မသိရှိရပါ။
အမျိုးအစား။ ။ မျိုးကွဲမရှိဘဲ တမျိုးတည်းရှိသည်။
စိုက်ပျိုးသည့်ဒေသ ။ ။ ပြည်ထောင်စုတဝန်းအနှံ့အပြားအထူးသဖြင့် အထက်မြန်မာပြည် တွင် ဖြစ်ထွန်းသည်။
ရေမြေရာသီဥတု။ ။ အကြမ်းခံနိုင်ပါသည်။ ကျောက်မြေနှင့် ရေဝပ်မြေမှလွဲ၍ မြေမရွေး စိုက်နိုင်ပါသည်။ မိုးအသင့်အတင့်ရွာ သွန်းပါလျှင် ဖြစ်ထွန်းပါသည်။
မြေပြုပြင်နည်း။ ။စိုက်ခင်းတခုအနေဖြင့် သီးသန့်စိုက်ပျိုးကြခြင်းကို မတွေ့ဘူးပါ။အိမ်ခြံ ဝန်းမျာတွင် ဟင်းခတ် (အမွှေးအကြိုင် ၊တို့စရာနှင့် ဆေးဝါးသုံးအတွက် တပင်စ နှစ်ပင်စ စိုက်ကြ သည်ကို တွေ့ရပါသည်။ ရေမဝပ်သော ကျောက်ကုန်းမှ လွတ်သည့်နေရာ များတွင် စိုက်ကွင်းကို တပေ ပတ်လည် ၊အကျယ် (၁ ၁/၂)ပေ အနက်တူး၍ စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးနည်း။ ။ဓာတ်မြေသြဇာအထူးထည့်ရန် မလိုပါ။သစ်ရွေးဆွေး ၊ နွားချေးများကို အပေါ်ယံ မြေလွှာနှင့်အတူရော၍ ကျင်းကိုပြန့်ဖို့ပြီးစိုက်နိုင်ပါသည်။
ပျိုးထောင်နည်း။ ။ပွင့်သီးချိန်မှာ မိုးကုန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်ဖြစ်၍ အပင် တွင် အသီးခံယူ၍ ရင့်မှည့်သော အသီးကို ဆွတ်ခူးသန့်စင် ၊ နေလှမ်း၍ ပျိုးဘောင်တွင် ပျိုး ထောင်နိုင်ပါသည်။
စိုက်ပျိုးနည်း။ ။ မျိုးသက် (၆) လကျော် ဇွန်လတွင် ပျိုးခင်းမှ ပြောင်းရွှေ့ စိုက်နိုင်ပါ သည်။ အပင်ထ နှေးကွေးပါသည်။
မြေသြဇာကျွေးနည်း။ ။သဘာဝ မြေသြဇာများကိုသာ ကျွေးလေ့ကျွေးထရှိပါသည်။ အခါအား လျော်စွာ မီးဖိုပြာများကို အပင်ရင်း ပုံထည့်ပေးကြပါသည်။
မျိုးပွားနည်း။ ။အစေ့မှပျိုးထောင်ကြသည်။
တဧကအပင်နှုန်း။ ။ အိမ်တွင်း၌ တပင်စနှစ်ပင်စ အလွယ်သုံးနိုင်ရန် စိုက်လေ့ရှိပါသည်။အ ကွာအဝေးကို (၉” × ၁၂”)ခန့်ထားနိုင်ပါ သည်။ဤနည်းဖြင့် စိုက်ကွက်ဖော်ပါက တဧကအပင်(၄၀၀) ဆန့်ပါသည်။
ရေသွင်းနည်း။ ။ စိုက်စတစ်နှစ် ၊နှစ်နှစ်တွင်သာ အပင်ထနှေး၍ နွေရာသီတွင် ရက်ခြားရေ လောင်းပေးရန် လိုပါသည်။
အပင်ပြုစုနည်း။ ။မိုးရာသီတွင် ပင်ခြေပေါင်းရှင်းခြင်း ၊ရေမဝပ်စေရန် ဂရုစိုက်ခြင်း ၊ နွေတွင် အပင်ရင်း မျက်ခြောက်အုပ်ခြင်း ပြုလုပ်ပေးရပါသည်။
အသုံးဝင်ပုံ ။ ။ ပဲဟင်း ၊ ကုလားဟင်း စသော ဟင်းသီးဟင်းရွက်နှင့်အမဲသား ၊ဆိတ် သားဟင်းစသည်တို့တွင် ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးလေ့ သုံးထရှိကြပါသည်။တိုင်းရင်း ပရဆေးများတွင် အရွက်များကိုဝမ်းဆေး ၊ ဓာတ်ကြေဆေးအဖြစ် သုံးစွဲကြကြောင်း သိရပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ပျဉ်းတော်သိမ်ပင်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.