Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မတ်ပဲတွင် ကျ⁠ရောက်⁠သော⁠ရောဂါများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ

$
0
0

ဖါးဥမှိုရောဂါ (Powdery mildew)

ရောဂါလက္ခဏာ

အရွက်ပင်စည်၏ နုနယ်သော အစိတ်အပိုင်းများပေါ်တွင် ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့သို့ တွေ့ရတတ်သည်။ ရံဖန်ရံခါရောဂါလွန်နေ၍ ၀ါယော်ပြီးအကွက်လိုက် ဖြူဖြူအမှုန့်များကို မထင်မရှားသာတွေ့ရသည်။ အရွက်အစိမ်းရောင်ပျက်၍ အားနည်းကာ အစာမချက်နိုင်သဖြင့် အသီးတင်အဆံတည်မှု မကောင်းဘဲ အထွက်ကျဆင်းနိုင်သည်။ ပဲတီစိမ်းရောမတ်ပဲတွင်ပါ ဤရောဂါကျနိုင်သည်။ အပင်ပေါက်စရောဂါ ကျရောက်သည်ကို သတိမမူမိပါက အပင်နလံမထူတော့ချေ။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသောမျိုးကို သုံးစွဲပါ။
  • Benomyl မှိုသတ်ဆေးကို မျိုးစေ့ချပြီး (၁၀) ရက်၊ (၂၁) ရက် နှင့် (၃၀) ရက်စသည့်ရက်များတွင် ရေတစ်ဂါလံတွင်ဆေး (၁.၂) ဂရမ်နှုန်းဖျော်၍ ပက်ဖျန်းပေးပါ။

သံချေးမှိုရောဂါ (Bean Rust)

ရောဂါလက္ခဏာ

အရွက်နှင့် အသီးပေါ်တွင် ပင်အပ်ခေါင်းအရွယ် နီညိုရောင်အဖုငယ်များ ဖြစ်လာသည်။ ရောဂါပြင်းပါက အဖုငယ်များ တစ်ဆက်တစ်စပ် တည်းဖြစ်ကာ တစ်ရွက်လုံး နီညိုလာသည်။ တစ်ခါတစ်ရံဝါယောက်သွားပြီး ခြောက်သွေ့ကာ အရွက်သေသွားသည်။ ယင်းသေသွား   သောအရွက်ကို အမြန်ဖယ်ရှား မီးရှို့ဖျက်ဆီးပါ။ သို့မဟုတ်ပါက ယင်းအရွက်မှ ရောဂါများ ထပ်မံပြန့်ပွားလာနိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ

  • စိုက်ခင်းတွင် တစ်ပင်နှစ်ပင်၊ တစ်ရွက်နှစ်ရွက်သာ ကျပါလျှင် အရွက်များ ခူးယးဖျက်ဆီးပါ။
  • ဒက်ကိုနေးလ်(သို့မဟုတ်) ကာဗာမိတ်ဆေးဖြင့် ပက်ဖျန်းပေးပါ။ တစ်ပတ်သားခန့်မှစပြီး (၇) ရက်ခြား တစ်ကြိမ် အသီးရင့်သည် အထိ ဖျန်းပေးပါ။
  • အပူချိန် (၃၅) ဒီဂရီစင်တီဂရိတ်အထက် ရေငွေ့ဓါတ် (၇၀-၈၀) ရာခိုင်နှုန်းရှိချိန်တွင် ပွင့်စ၊ သီးစနှင့်ကြုံကြိုက်မိပါက ရောဂါကျနိုင် သည်။

ရိတ်သိမ်းခြင်း

မတ်ပဲကို ခူးဆွတ်ရာတွင် တစ်ခါတည်း အပင်ခြေမှ ရိတ်ယူ၍ တလင်းတွင်ပုံကာ ခြောက်စေပြီး နွားဖြင့် နင်းနယ်ကြသည်။ ယခုအခါ အချို့ဒေသများတွင် စပါးချွေစက်များနှင့်လည်း ချွေလှေ့နေကြပါသည်။

အထွက်နှုန်းမိတ်ဘက်များ

တစ်ဧကတွင် ရိတ်သိမ်းရရှိသော အပင်ဦးရေ၊ တစ်ပင်ပါသီးကိုင်းအရေအတွက်နှင့် သီးတောင့်အရေအတွက်၊ တစ်တောင့်ပါ အစေ့အရေ အတွက်၊ အစေ့ (၁၀၀) အလေးချိန်တို့သည် စုပေါင်း၍ မတ်ပဲအထွက်နှုန်း ကိုအကျိုးပြုပါသည်။

တစ်ဧကအထွက်နှုန်းခန့်မှန်း တွက်ချက်နည်း

တစ်ဧကအထွက်နှုန်းတင်း=တစ်ဧကရှိအပင်×တစ်ပင်ပါသီးတောင့်×တစ်တောင့်ပါအစေ့×အစေ့(၁၀၀)အလေးချိန်(ဂရမ်)

၄၅၄×၇၂×၁၀၀

မတ်ပဲအသုံးဝင်ပုံနှင့် အသုံးချပုံ

မတ်ပဲမှာ လူတို့အတွက် အာဟာရဓါတ်နှင့် ပြည့်စုံသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် အများအပြားသုံးကြပါသည်။ မတ်ပဲ ဘယာကြော်သည် အရသာရီ်၍ ကုလားပဲ ဘယာကြော်ကဲ့သို့ လေပွခြင်း၊ အစာမကြေခြင်းမဖြစ်နိုင်ပါ။ မတ်ပဲကို လှော်သင်းပြီး အခွံချွတ် အမှုန့်ကြိတ်၍ သုံးကြပါသည်။ ပဲတီစိမ်းကဲ့သို့ပင် မတ်ပဲသည်လည်း အစာကြေညက်မှုကို အနှောက်အယှက်မဖြစ်စေ၍   ဘေးဥပါဒ် ကင်းစေပါသည်။

ဆေးဘက်အသုံးဝင်ပုံ

မတ်ပဲမှာ အေး၍အနာမရင်းစေသာ သတ္တိရှိ၍ မတ်ပဲစေ့ကို ထောင်း၍ဖြစ်စေ၊ သွေး၍ဖြစ်စေ အနာများကို လိမ်းကျံပေးနိုင်သည်။

မတ်ပဲအခြောက်(၁၀၀)ဂရမ်တွင် ပါဝင်သော ဓါတ်ပစ္စည်းများ

ဘီတာကယ်ရိုတင်း မီလီဂရမ် ၄၅
သိုင်ယာမင် မီလီဂရမ် ၀.၄၈
ရီဘိုဘလေဘင် မီလီဂရမ် ၀.၂၁
နိုင်ယာစင် မီလီဂရမ် ၂.၃
ကယ်လိုရီ ရာခိုင်နှုန်း ၃၇၀
ကာဘိုဟိုက်ဒရိတ် ရာခိုင်နှုန်း ၅၇.၃
ပရိုတိန်း ရာခိုင်နှုန်း ၂၃.၎
အစိုဓာတ် ရာခိုင်နှုန်း ၉.၇
အမျှင်ဓာတ် ရာခိုင်နှုန်း ၃.
ပြာ(သို့) သတ္တုဓာတ် ရာခိုင်နှုန်း ၄.၈
အဆီဓာတ် ရာခိုင်နှုန်း

 

မတ်ပဲပင်စည်၊အကိုင်း၊အရွက်များတွင် ပါဝင်သောပစ္စည်းများ

စဉ် ဓါတ်ပစ္စည်းများ ရာခိုင်နှုန်း
၁။ ပရိုတိန်း (အကြမ်း) ၈.၉
၂။ အမျှင်ဓါတ် (အကြမ်း) ၂၈
၃။ ပြာဓာတ် ၁၂.၆
၎။ အဆီဓာတ် ၂.၈
၅။ ကယ်လ်စီယမ်ဓာတ် ၁.၇
၆။ ဖော့စ်ဖာရပ်စ် ၁.၂
၇။ ကာဘိုဟိုက်ဒရိတ် ၄၇.၁

 

အဓိက၀ယ်ယူနိုင်သည့်နိုင်ငံများ

အာရှနိုင်ငံများ – အိန္ဒိယ၊စင်္ကာပူ၊အင်ဒိုနီးရှား၊ပါကစ္စတန်၊ ထိုင်းနိုင်ငံ၊မလေးရှား၊ဂျပန်၊ဘင်္ဂလားဒေ့ရှ်၊ကိုးရီးယား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ကမ္ဘောဒီယား၊ဟောင်ကောင်၊သီရီလင်္ကာ၊ဖိလစ်ပိုင်၊နီပေါ။

အာရပ်နိုင်ငံများ- အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ

အမေရိကနိုင်ငံများ – အမေရိကန်ပြည်ထောင်စု၊ ကျူးဘား၊ ကိုလံဘီယာ။

ဥရောပနိုင်ငံများ – စပိန်၊နယ်သာလန်။

အာဖရိကနိုင်ငံများ – ဆိုမာလီယာ။

Source by – လယ်/ဆည်

 

The post မတ်ပဲတွင် ကျ⁠ရောက်⁠သော⁠ရောဂါများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>