ရိတ်သိမ်းခြင်း
ပဲတီစိမ်းတောင့်များ (၈၀) ရာခိုင်နှုန်းခန့် အ၀ါရောင် (ပဲတီရွှေဝါ) သို့မဟုတ် အနက်ရောင်ပြောင်းလာပါက ရိတ်သိမ်းနိုင်သည်။ လင်းတာ တုံ့ပြန်သော (သို့မဟုတ်) သက်ကြီးမျိုးများဖြစ်ပါမူ (၃) ကြိမ်ခန့် ခွဲ၍ဆွတ်ခူး နိုင်သည်။ စပါးရိုးပြတ်သီးထပ်ပဲတီစိမ်းများသည် မတ်လ နောက်ပိုင်းတွင် မြေလွှာတွင် အစိုဓါတ်ပြန်လာ၍လည်းကောင်း၊ အနီးအနားနွေစပါး၊ မိုးကြို၊ ဂုန်လျှော်စသည်များ ရေသွင်းလျှင် လည်းကောင်း အပွင့်များ ထပ်ပွင့်လာတတ်သည်။ V.3726 နှင့် အလားတူသက်လျင်မျိုးများသည် တစ်ကြိမ်တည်းဖြင့် ရိတ်သိမ်းနိုင်၍ အပင်ကို ရိတ်ယူပြီး အတောင့်ကို ဆွတ်ခူးခြင်း (သို့မဟုတ်) တလင်းကွင်း ပုံ၍ နင်းနယ်ချွေယူနိုင်ပါသည်။
(၃) ကြိမ်ဆွတ်ခူးရိတ်သိမ်းရသော မျိုးများမှာ တစ်ဧကလျှင် အမြင့်ဆုံး (၂၀-၂၅) တင်းအထိ ထွက်နိုင်၍ ပုံမှန်အားဖြင့် (၁၀-၁၅) တင်း ထွက်ပါသည်။ တစ်ကြိမ်တည်းရိတ်သိမ်းရသော သက်လျင်မျိုးများမှာ ရေမြေနှင့် အခြေအနေအရ အမြင့်ဆုံးအထွက်နှုန်းမှာ (၁၀-၁၅) တင်းအထိ ထွက်၍ ပျှမ်းမျှအားဖြင့် (၈-၁၀) တင်းနှုန်း ထွက်နိုင်ပါသည်။
အထွက်နှုန်းမိတ်ဘက်များ
တစ်ဧကတွင် ရိတ်သိမ်းရရှိသော အပင်ဦးရေ၊ တစ်ပင်ပါသီးတောင့်ဦးရေ၊ သီးတောင့်တစ်တောင့်တွင်ပါသော အစေ့အရေအတွက်နှင့် အစေ့ (၁၀၀) အလေးချိန် (ဂရမ်) ဖြစ်ရာ ယင်းအချက် (၄) ချက်ကောင်းလေ အထွက်ပိုလေဖြစ်သည်။
တစ်ဧကအထွက်နှုန်းခန့်မှန်းတွက်ချက်နည်း
တစ်ဧကအထွက်နှုန်းတင်း = တစ်ဧကရှိအပင်×တစ်ပင်ပါသီးတောင့်×တစ်တောင့်ပါအစေ့×အစေ့(၁၀၀)အလေးချိန်(ဂရမ်)
၄၅၄×၇၂×၁၀၀
ပဲတီစိမ်းအသုံးဝင်ပုံ
မြန်မာနိုင်ငံတွင် ပဲတီစိမ်းအစေ့များကို ချက်ပြုတ်စားသောက်သကဲ့သို့ အပင်ဖောက်၍လည်း ပဲပင်ပေါက်အဖြစ် စားသောက်ဖွယ်ရာမျိုးစုံ တွင်လည်း ထည့်သွင်းစားသောက်ကြသည်။
ပဲတီစိမ်းအစေ့ကို သင့်ရုံအပူချိန်ဖြင့် လှော်၍ အခွံချွတ်ပြီး အစေ့ခွဲခြမ်းကို အမှုန့်ကြိတ်ကာ အထွေထွေစားသောက်ကုန်များ ပြုလုပ်ကြပါ သည်။ မြန်မာနိုင်ငံ၏ ပဲကြာဇံကို ပဲတီစိမ်းမှ ပြုလုပ်သုံးစွဲပါသည်။
ပဲတီစိမ်းအစေ့ (၁) ပေါင် ရေစိမ်၍ အပင်ဖောက်လျှင် ပဲပင်ပေါက် (၆) ပေါင်မှ (၈) ပေါင်အထိ ရနိုင်ပါသည်။ လေပွခြင်း (Flatulence factor) သည် (Oligosaccharides, Faffinose နှင့် Stachyoses) တို့ကြောင့် ဖြစ်သည်။ ပဲတီစိမ်းတွင် ယင်းဓါတ်ပါဝင်မှုနည်းသည်ဟု ယူဆရသည်။ ထို့ကြောင့် ပဲတီစိမ်းကို စားသောက်သူများတွင် အခြားပဲကို စားသောက်သောအခါ ဖြစ်လေ့ဖြစ်ထရှိသော လေပွခြင်း (ဗိုက်အောင့်ခြင်း) မဖြစ်စေဟု ဆိုပါသည်။
Source by – လယ်/ဆည်
The post ပဲတီစိမ်း ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း appeared first on Myanmar Farmers' Portal.