ပျိုးသက်နုစိုက်ပျိုးနည်းစနစ်
- တစ်ဧက မျိုးစပါး နို့ဆီဗူး (၁၀) ဗူးသာအသုံးပြုပါ။
- ပင်ကြားတန်းကြား(၁၀” x ၁၀”) ပတ်လည်စိုက်ပျိုးပါ။
- ၈ – ၁၂ ရက်သားပျိုးပင်ကို တစ်ပင်ချင်း စိုက်ပျိုးပါ။
- သဘာဝမြေသြဇာ (နွားချေးဆွေး)ကို လှည်း (၁၀- ၁၅) စီးထည့်ပါ။
- ရေသွင်း ရေစမ်းစနစ်ကို အသုံးပြုပါ။
- သမန်းနိုးကိရိယာဖြင့် (၁၀) ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
- သဘာဝနည်းဖြင့်ဖော်စပ်သော ပိုးသတ်ဆေးများကို အသုံးပြုပါ။
- မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းပါ။
ဘောင်ပျိုးစိုက်ပျိုးနည်းစနစ်
- တစ်ဧက မျိုးစပါး (၆-၈ )ပြည်အသုံးပြုပါ။
- ပင်ကြားတန်းကြား (၈” x ၆” ) စိုက်ပျိုးပါ။
- ၂၀ ရက်သားပျိုးဖြင့် ကောက်ချက်တစ်ချက်တွင် (၁ – ၂)မြုံ စိုက်ပျိုးပါ။
- နွားချေး ဆွေးလှည်း (၅-၁၀)စီးနှင့် ပုလဲ(၁.၅)အိတ်၊တီစူပါအိတ်ဝက်၊ပိုတက် ၁/၄ အိတ် ၊ကွန်ပေါင်း ၁ အိတ်ကို တစ်ဧကစာ အသုံးပြုပါ။
- ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
- သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
- ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
- မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းစနစ်
- တစ်ဧက မျိုးစပါး(၁.၅)တင်းနှုန်း အသုံးပြုပါ။
- စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
- ၈” အတန်းလိုက် မျိုးစေ့ချကိရိယာဖြင့် ဆွဲ၍စိုက်ပျိုးပါ။
- တစ်ဧက အပင်ဦးရေ (၁၁)သိန်းခန့် ဝင်ဆန့်အောင်စိုက်ပျိုးပါ။
- နွားချေးဆွေးလှည်း (၅)စီးနှင့် ပုလဲ(၁.၅)အိတ် ၊တီစူပါအိတ်ဝက်၊ပိုတက်(၁/၄)အိတ် ၊ကွန်ပေါင်း (၁)အိတ်ကို တစ်ဧကစာ အသုံးပြု ပါ။
- ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
- သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် (၃)ကြိမ်ပြုလုပ်ပါ။
- ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
- မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးနည်းစနစ်
- တစ်ဧကမျိုးစပါး(၁.၅ တင်း မှ ၂တင်း)အသုံးပြုပါ။
- စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
- သမန်းညီညာစွာပြုလုပ်၍ အသုံးပြုမည့် မျိုးစပါးအား ညီညာစွာကြဲပါ။
- တစ်ဧက အပင်ဦးရေ (၁၁ သိန်းမှ ၁၅ သိန်း)ဝင်ဆန့်အောင်ကြဲပါ။
- နွားချေးဆွေး (၅)စီးနှင့် ပုလဲတစ်အိတ်၊တီစူပါအိတ်ဝက်၊ ပိုတက် ၁/၄ အိတ်ကို တစ်ဧကစာအသုံးပြုပါ။
- လက်ပေါင်းလိုက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေး အသုံးပြုပါ။
- ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
- မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
Source by – စိုက်ပျိုးရေးဦးစီးဌာန
The post စပါးသီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ appeared first on Myanmar Farmers' Portal.