Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးမျိုး⁠စေ့⁠ကြဲပက်⁠ခြင်း ⁠နှင့် ပျိုးခင်း⁠စောင့်⁠ရှောက်⁠ခြင်း

$
0
0

စပါးမျိုးစေ့ကြဲပက်ခြင်း

(၁) သမန်းအိတ်နှင့် တစ်ညသိပ်ထားပြီးသော ပျိုးဘောင်ပေါ်တွင် (၃)ပေပတ်လည်တွင် စာပါးစပ်ပြူ  မျိုးစေ့ နို့ဆီ ဗူးဝက် (၀.၅နို့ဆီဗူး) နှုန်းဖြင့် ညီညာစွာကြဲပက်ပါ။

(၂) မျိုးစေ့ကြဲပက်ရမည့်နည်းစနစ်မှာ အသုံးပြုမည့်မျိုးစေ့ပမာဏ၏ (၃)ပုံ (၂)ပုံကို ဘောင်တစ်ခုလုံး ပေါ်တွင် ရှေးဦးစွာ ခပ်ပါးပါးဖြူးချ၍ ကျန်ရှိနေသောမျိုးစေ့များကို ကွက်၍ပါးသည့်နေရာများတွင် ထပ် မံဖြူးချပေးပါ။

(၃) မျိုးစေ့ချပြီးပါက မိုးရေနှင့်စာကလေးစသည်တို့ကြောင့် မျိုးစေ့များနေရာရွေ့ခြင်းနှင့် မျိုးစေ့ပျောက် ခြင်းကင်း ဝေးစေရန် ပျိုးဘောင်ကိုသန့်စင်သော စက်ဖွဲပြာအုပ်ပေးပါ။

(၄) ပျိုးခင်းတစ်ခင်းထဲတွင် စပါးမျိုးကွဲ၊ နှစ်မျိုးစလုံးမထောင်မိရန် အထူးအရေးကြီးပါသည်။ စပါးမျိုးမ တူသည့် ပျိုး ကွက်များကို ကန်သင်းတစ်ချောင်းသာခြား၍ ကွက်စိပ်ကပ်၍ ပျိုးထောင်ခြင်းကိုရှောင်ပါ။

ပျိုးခင်းစောင့်ရှောက်ခြင်း

(၁) မျိုးစေ့ချပြီး (၄)ရက်ကြာတွင် ပျိုးဘောင်မျက်နှာပြင်အား ရေ(၁)လက်မမြုပ်အောင်သွင်းပါ။ ပျိုးပင် ကြီးထွားလာ သည်နှင့်အမျှ ရေကို (၂)လက်မအထိ ဖြည်းဖြည်းချင်းသွင်းပါ။ ရေကို (၂)လက်မထားရှိ ခြင်းဖြင့် ပေါင်းမြက်များနှိမ် နင်းပြီး ဖြစ်သည်။

(၂) ပျိုးခင်းရေနက်ပါက ပျိုးပင်ခါးရှည်ပြီး ပျိုပင်ပျော့တတ်ပါသည်။ ပျိုးပင်မာရန် ပျိုးခင်းသက်တမ်းတစ် လျှောက် ရေ(၂)လက်မထက် ပိုမနက်ရန် အမြဲထိန်းထားပါ။

(၃) မျိုးစေ့ချပြီး (၇)ရက်ကြာတွင် သင့်လျော်သည့် ပိုးသတ်ဆေးဖြင့်ဖျန်းပါ။ လိုအပ်လျှင် နောက်ထပ် (၁၀)ရက်ခန့်တွင် တစ်ကြိမ်ထပ်မံဖျန်းပေးပါ။

(၄) ပျိုးခင်းကို ကြွက်နှင့် ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးမှုမှကာကွယ်ရန် အကာအရံများပြုလုပ်ပါ။

(၅) ပျိုးပင်အောက်ပိုင်းအရွက်များ ဝါနေသည်ကို တွေ့ရှိပါက နိုက်ထရိုဂျင်ဓာတ်လိုအပ်သည့် လက္ခဏာဖြစ်၍ စိုက်ခင်းတစ်ဧကစာ ပျိုးဘောင်တွင် ယူရီးယားမြေသြဇာ (၂၈) ပေါင်နှုန်းကြဲပက်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးမျိုး⁠စေ့⁠ကြဲပက်⁠ခြင်း ⁠နှင့် ပျိုးခင်း⁠စောင့်⁠ရှောက်⁠ခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>