Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ပေါင်းဆန်အေ⁠ကြာင်းသိ⁠ကောင်းစရာ

$
0
0

ပေါင်းဆန်

စပါးကို မကြိတ်ခွဲမီ ရေနွေးငွေ့ကိုအသုံးပြု၍ ပြုပြင်ထားခြင်းကို ပေါင်းဆန်ပြုလုပ်ခြင်း ဟုခေါ်ပါသည်။ ပေါင်းဆန်ပြု လုပ်ရာတွင် အောက်ပါ အဆင့် (၃)ဆင့် ရှိပါသည်။

(က) ရေစိမ်ခြင်း

စပါးများကို အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်း ပတ်ဝန်းကျင်ရောက်ရှိလာအောင် ရေစိမ်ခြင်းဖြစ်ပါသည်။

() စပါးအစိုကို အပူပေးပြုပြင်ခြင်း

စပါးအစိုများကို ရုပ်သွင်နှင့် ဓာတုသဘောအရ ပြောင်းလဲသွားစေရန် အများအားဖြင့် ရေနွေးငွေ့အသုံးပြု၍ အပူ ပေးပြုပြင်ကြပါသည်။

() စပါးအခြောက်ခံခြင်း

ကြိတ်ခွဲရန် စိတ်ချရသော အစိုဓာတ်ပါဝင်မှုအထိ အခြောက်ခံခြင်း ဖြစ်ပါသည်။

ပေါင်းဆန်ပြုလုပ်ခြင်းသည် ဆန်ထွက်ရာနှုန်းကောင်းစေရန်နှင့် အရည်အသွေးနိမ့်သော စပါးများကို စားသုံး၍ရစေရန် အတွက် ဖြစ်ပါ သည်။  ပေါင်းဆန်ပြုလုပ်ခြင်း၏ လုပ်ငန်းစဉ်ကြောင့် ရုပ်သွင်နှင့် ဓာတုသဘောအရ ပြောင်းလဲသွား သည့် အပြင် နှစ်သက်ဖွယ် အသွင် အပြင် ဖြစ်လာပါသည်။

ပေါင်းဆန်ပြုလုပ်ခြင်း၏ ပြောင်းလဲမှုများ

  • ဆန်၏အရသာ၊ သွင်ပြင်လက္ခဏာ ပြောင်းလဲသွားပါသည်။ စားသုံးသူတစ်ချို့က ကြိုက်နှစ်သက်မှုရှိပြီး၊ တချို့က ကြိုက်နှစ်သက်မှု မရှိကြပါ။
  • ဆန်သားမာကြောလာပြီး ကြည်လင်လာပါသည်။ ကြိတ်ခွဲရာတွင် ကြိုးကြေမှုနည်းပြီး ဆန်ထွက်ရာနှုန်း တိုး တက်လာပါသည်။
  • ဆန်သားတွင် ပါဝင်သော အင်ဇိုင်းများ၏ ဇီဝဖြစ်စဉ်များနှင့် မှိုများ၏ ပေါက်ပွားကြီးထွားမှုများ ရပ်တန့်သွား ပါသည်။
  • စပါးကြိတ်ခွဲရာတွင် စပါးခွံချွတ်ရန် လွယ်ကူပြီး ဖွဲလွှာဖယ်ရှားရန် ပိုမိုခက်ခဲလာပါသည်။
  • ဆန်ကို ချက်ပြုတ်ရာတွင် ပိုမိုအိုးတက်ပြီး ထမင်းရည်ထဲတွင် ကစီဓာတ်ပါဝင်မှု လျော့နည်းပါသည်။

ရေစိမ်ခြင်း၊ စပါးအစိုများကို အပူပေးပြုပြင်ခြင်း၊ ရေနွေးငွေ့ပေးခြင်းနှင့် အခြောက်ခံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် ကုန်ကျစရိတ် ပိုမိုပါသည်။ ထိုကဲ့သို့ ကုန်ကျစရိတ်များသော်လည်း စပါးကို သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း စသည်များကို ကောင်းစွာ မဆောင်ရွက်ခဲ့ခြင်းကြောင့် အရည်အသွေးနိမ့်ကျသွားသော စပါးများကို ပေါင်းဆန်ပြုလုပ်ခြင်းဖြင့်  ရောင်းတန်းဝင်သော ဆန်ဖြစ်လာစေ ပြီး စားသုံးမှုအရသာအသင့်တင့်လာစေပါသည်။ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကုန်ကျစရိတ်များသော်လည်း တဖက်မှ ဆန် ထွက်ပိုမိုလာသဖြင့် အထိုက် အလျောက် ကာမိပါသည်။

() ရေစိမ်ခြင်း

စပါးကို ရေစိမ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အစိုဓာတ်စုပ်ယူမှု ညီညာစေရန်နှင့် လိုအပ်သော အစိုဓာတ်ပါဝင်မှုကို မြန်မြန်ရောက်ရှိရန် လိုအပ်ပါသည်။ ရေအပူချိန် နည်းပါက ရေစိမ်ချိန် ပိုကြာစေပါသည်။ စပါးကို ရေပူထဲတွင် ထည့်၍ ဖိအားအသုံးပြုခြင်းဖြင့်  ရေစိမ်ချိန်လျော့ နည်းအောင် ဆောင်ရွက်နိုင်ပါသည်။

စပါးများကို အပူချိန် (၂၀-၃၀) စင်တီဂရိတ်ရှိရေတွင် (၃၆-၄၈) နာရီ စိမ်ထားပါက လိုအပ်သော အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်းသို့ ရောက် ရှိလာပါသည်။ စပါးအစိုဓာတ် (၃၀)ရာနှုန်း ရောက်ရှိရန် (၆၀-၆၅) စင်တီဂရိတ် အပူရှိသော ရေတွင် (၂-၄)နာရီ စိမ်ရပါသည်။ စပါးများရေ စိမ်ရာတွင် အချိန်အလွန်ကြာမြင့်ပါက ဆန်သားများသည် ရေတွင် ပျော်ဝင်မှုဖြစ်လာခြင်း၊ မျိုးညှောက်စတင်ပေါက်လာခြင်းနှင့် ကစီများမှ အချဉ်ပေါက်ခြင်းများ ဖြစ်လာစေပါသည်။ စပါးကို ရေစိမ်ရာတွင် ရေအပူချိန်၊ ရေစိမ်ချိန်တို့သည် ပေါင်းဆန်၏ အရောင်အဆင်း၊ အနံ့ အရသာတို့ကို ပြောင်းလဲစေ ပါသည်။

ရေအေးဖြင့်စိမ်ပါက  ရေစိမ်ချိန်ကြာသဖြင့် စပါးသည်  အသက်ရှူခြင်းဖြစ်လာပြီး ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ ထုတ်သဖြင့် ကစီဓာတ် အချဉ်ပေါက်ခြင်းများ ဖြစ်လာပါသည်။ ထိုကဲ့သို့ ကစီဓာတ်အချဉ်ပေါက်ခြင်းဖြစ်လာပါက ဆန်၏ ပုံမှန်အနံ့ပျောက်ဆုံးခြင်းနှင့် မှိုများနှင့် အခြားသော သက်ရှိငယ်များ ပေါက်ပွားကြီးထွားမှု မြန်ခြင်းများကို ဖြစ်စေသည့် အပြင် စားသုံးသူများကို အန္တရာယ်ဖြစ်စေသော အေဖ လာတောက်စင်အဆိပ်အတောက်ကို သတ်မှတ်ထားသည် ထက် ပိုမိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စပါးရေစိမ်ရာတွင် ရေအေးဖြင့် စိမ်ခြင်းကို အတက်နိုင်ဆုံး မဆောင်ရွက်ရန် လိုအပ်ပါသည်။

ရေပူ (၆၀-၆၅ စင်တီဂရိတ်)ဖြင့် ရေစိမ်ပါက လိုအပ်သော အစိုဓာတ် ပါဝင်မှု (၃၀-၃၅) ရာနှုန်းသို့ အချိန် (၂-၄) နာရီအတွင်း   ရောက်ရှိ  ပါသည်။ ထိုကဲ့သို့ ရေစုပ်ယူနိုင်မှု အနှေးအမြန်သည် စပါးမျိုးပေါ်လိုက်၍ ကွာခြားမှုရှိပါသည်။ ရေပူဖြင့် စိမ်ရာတွင် အသက်ရှူခြင်းနှင့် ကစီအချဉ်ပေါက်ခြင်းများ မရှိပါ။ ရေစိမ်ရာတွင် ရေ၏အပူချိန်ကို တသမတ် တည်း ထိန်းသိမ်းနိုင်ပါက ရေစိမ်ချိန် အတိုဆုံးနှင့် လိုအပ်သော အစိုဓာတ်ပါဝင်မှုကို ရောက်စေပါသည်။ ရေ၏ အပူချိန်ကို ထိန်းရန်အတွက် ရေကိုပြန်လည် အပူပေးရန်နှင့် ရေကို စဉ်ဆက်မပြတ် လှည့် ပတ်နေစေရန် လိုအပ်ပါသည်။

ရေစိမ်ခြင်းလုပ်ငန်းများ ဆောက်ရွက်ပြီးပါက ရေများဖောက်ထုတ်ထားပါ။ ရေအေးနှင့် ဖြစ်စေ၊ ရေပူနှင့်ဖြစ်စေ စိမ်ထားပြီးသော စပါးသည် အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်း ၀န်းကျင် ရှိနေရပါမည်။ ရေစိမ်ရာတွင် ရေလိုအပ်မှု ပမာဏသည် စပါးအလေးချိန်၏ (၁.၃)ဆခန့် လိုအပ် ပါသည်။

() ရေနွေးငွေ့ဖြင့် ပေါင်းခြင်း

ရေနွေးငွေ့ဖြင့်ပေါင်းခြင်းသည် စပါးထဲရှိ အစိုဓာတ်ကို လျော့နည်းစေခြင်း မရှိသည့်အပြင် အစိုဓာတ်ကို လျော့နည်း စေခြင်း မရှိသည့်အပြင် အစိုဓာတ်ပါဝင်မှု (၃၈)ရာနှုန်း ၀န်းကျင်အထိ တိုးလာစေပါသည်။

စပါးများရေစိမ်ပြီးနောက် အပူပေးပြုပြင်ခြင်းဆောင်ရွက်ရာတွင် ရေနွေးငွေ့ပေးရာ၌ ဖိအားမသုံးလျှင် ဆန်အသား အရောင်၊ ထမင်းရည် တွင် ကစီပါဝင်မှု အခြေအနေနှင့် ချက်ပြုတ်ရာတွင် အိုးတက်မှုအခြေအနေများ အနည်း ငယ်ပြောင်းလဲမှုဖြစ်စေပါသည်။

အပူချိန် အနည်းအများသည် အရောင်ပြောင်းလဲမှုအပေါ်၌ အကျိုးသက်ရောက်စေပါသည်။  ရေနွေးငွေ့ဖြင့် အပူပေး ရာတွင် အပူချိန်သည် (၁၀၀)ဒီဂရီစင်တီဂရိတ် ဖြစ်နေပါက ဆန်သား၏ အရောင်သည် ပို၍ အနက်ရောင်ဘက်ရင့်လာ ပါသည်။ တကယ်၍ ရေနွေးငွေ့ ပုံမှန်ပေး ပြီးသော စပါးများကို အခြောက်ခံတလင်းပေါ်တွင် အပုံလိုက်ထားမိပါက လည်း အပူချိန်များများ ပေးမိသကဲ့သို့ ဆန်သား အရောင်ပို၍ အရောင်ရင့်စေပါသည်။

ယေဘုယအားဖြင့် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် ရေနွေးငွေ့၏ ဖိအားကို (၁-၅) kg/cm2 အသုံးပြုကြပါသည်။ ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် လိုအပ်သောအချိန်မှာ ပမာဏနည်းပါက (၂-၃) မိနစ်သာ လိုအပ်ပြီး စပါး (၆)တန်/ ၂၈၇တင်း ပမာဏရှိပါက (၂၀-၃၀)မိနစ် လိုအပ်မည် ဖြစ်ပါသည်။

အခြောက်ခံခြင်း

ရေနွေးငွေ့ဖြင့် အပူပေးပေါင်းပြီးသော စပါးများကို ခြောက်အောင် ဆောင်ရွက်ရပါသည်။ သိုလှောင်ရန်အတွက် လည်းကောင်း၊ ကြိတ်ခွဲ ရန်အတွက်လည်းကောင်း အစိုဓာတ်ပါဝင်မှုကို (၁၄)ရာနှုန်းအထိ ခြောက်သွေ့အောင် ဆောင်ရွက်ရပါမည်။ ပေါင်းဆန်စပါးကို အခြောက် ခံ ရာတွင် ပုံမှန်စပါးထက် ပိုမိုခက်ခဲပြီး အချိန်ကြာပြီး စွမ်းအင်ပိုမို လိုအပ်ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းသည် အစိုဓာတ် ပါဝင်မှု ပိုမိုများခြင်းကြောင့် ဖြစ်ပါသည်။  သို့သော် အပူချိန်မြင့်သော လေပူကိုအသုံးပြုပါက အခြောက်ခံချိန်လျော့နည်းသွားမည်ဖြစ် ပါ သည်။ သို့သော် မြန်မြန်ခြောက်အောင်ဆောင်ရွက်ပါက စပါး၏အတွင်းဆန်သား ဖွဲ့စည်းမှုပြောင်းလဲသည့်အပြင် ကြိတ်ခွဲရာတွင် ကျိုးကြေ မှုကိုပါ ဖြစ်စေပါသည်။အခြောက်ခံခြင်းပြီးဆုံးပါက နာရီအတော်ကြာအအေးခံခြင်းပြုလုပ်ရမည် ဖြစ်ပြီး အကောင်းဆုံးသည် (၁-၂)ရက် အအေးခံခြင်းဖြစ်သည်။ ထိုအဆင့်ပြီးမှ ကြိတ်ခွဲရပါသည်။ ထိုကဲ့သို့ ဆောင်ရွက် ခြင်းဖြင့် စပါးအတွင်းရှိ အစိုဓာတ်နှင့် ဆန်သားဖွဲ့စည်းမှု ပုံမှန်အနေအထားသို့ ပြန်ရောက်စေရန်ဖြစ်ပါသည်။

စပါးအခြောက်ခံရာတွင် ပထမပိုင်း အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်းမှ (၁၈)ရာနှုန်း ရောက်ရှိအောင် မြန်မြန် ဆောင်ရွက် နိုင်သော်လည်း အစို ဓာတ် (၁၈)ရာနှုန်းမှ (၁၄)ရာနှုန်းထိ ရောက်အောင်ဆောင်ရွက်ရာတွင် ဖြည်းဖြည်းချင်းသာ ဆောင်ရွက်ရပါမည်။ အစိုဓာတ်ပါဝင်မှု ညီ မျှခြေရောက်ရှိရန် နာရီအတော်ကြာ အအေးခံထားရပါမည်။ ထို့နောက်မှ (၁၈)ရာနှုန်းမှ (၁၄)ရာနှုန်းရောက်အောင် အခြောက်ခံရပါမည်။

ပေါင်းဆန်လုပ်ကိုင်သူ အတော်များများသည် ဆန်စက်နှင့် ကပ်လျှက်ရှိသော လှန်းတလင်းကျယ်ကျယ်တွင် နေဖြင့် အခြောက်ခံကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြောက်ညီစေရန်နှင့် မြန်မြန်ခြောက်သွေ့စေရန်  ခြေကတော့ ထိုးခြင်းများ ဆောင်ရွက်ရသဖြင့် လုပ်အားများ များ လိုအပ်ပါသည်။ တလင်းတွင် ဖြန့်၍အခြောက်လှန်းရာတွင် (၁) လက်မ စပါးအထူလှန်းခြင်းသည် အကောင်းဆုံးအခြေအနေ ရှိစေပါ သည်။ တလင်းအကျယ် ဧရိယာ (၁)ဧကတွင် (၁)လက်မအထူ လှန်းမည်ဆိုပါက စပါးတန်(၆၀)ရှိပါသည်။ နေဖြင့် အခြောက်ခံခြင်းသည် အပုချိန်နှင့် ပတ်ဝန်းကျင် စိုထိုင်းဆပေါ်မူတည်၍ (၁-၂) ရက် အများအားဖြင့် ကြာတတ်ပါသည်။

စက်ကိရိယာသုံး၍ အခြောက်ခံမည်ဆိုပါက ပုံမှန်စပါးများ အခြောက်ခံခြင်းနည်းစနစ်များ အတိုင်းဖြစ်ပါသည်။ သို့သော် လုပ်ငန်းဆောင် ရွက်ရာတွင် အသုံးပြုရမည့် ပစ္စည်းများ ကွာခြားမည် ဖြစ်ပါသည်။အဆက်မပြတ် အခြောက်ခံစက်နှင့် အသုတ်လိုက် လှည့်ပတ်အခြောက် ခံစက်များကိုသာ အသုံးပြုကြပါသည်။  စပါးအစိုများကို အစိုဓာတ် (၁၈)ရာနှုန်း ရောက်သည်အထိ အခြောက်ခံစက်ထဲတွင် လှည့်ပတ် အခြောက်ခံရပါသည်။ ထို့နောက် ထိုစပါးများကို (၃-၆)နာရီ အအေးခံပြီးမှ အစိုဓာတ်ပါဝင်မှု (၁၄)ရာနှုန်းရောက်သည်အထိ အခြောက်ခံ စက်ထဲတွင် လှည့်ပတ်အခြောက်ခံခြင်းကို ဆက်လက်ဆောင်ရွက်ရပါမည်။

ပေါင်းဆန် ဆန်စက်အများစု ပေါင်းဆန်ပြုလုပ်ရာတွင် ရေအပူပေးရန်နှင့် ရေနွေးငွေ့ရရှိရန် ဘွိုင်လာများကို စပါးခွဲ အသုံးပြု၍ မီးပေး ပါသည်။ ၄င်းဘွိုင်လာမှပင် အခြောက်ခံရာတွင် လိုအပ်သောလေကို ပူအောင်ဆောင်ရွက်ပေးနိုင် ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ⁠ပေါင်းဆန်အေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>