(က) သရက်ပင် အားပုံသွင်းပြုပြင်ပေးခြင်း
လက်ရှိ သရက်ပင်ကြီးများကို သရက်သီး အိတ်စွပ်ခြင်း၊ ဆေးဖျန်းခြင်း၊ ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းခြင်း ဆောင်ရွက် မှုလွယ်ကူစေရန် အမြင့် (၂၅) ပေ ခန့် ရောက်သည်အထိ ကိုင်းဖြတ်ပြုပြင်ပေးရန် လိုအပ်ပါသည်။ အပင်အသက်ငယ် သေးသည့် အပင်များ၊ အသစ် စိုက်ပျိုးသည့် အခင်းများအား အပင်အမြင့် (၁၂)ပေမှ (၁၅) ပေအတွင်းရှိနေစေရန် အပင် အရွယ် ငယ်စဉ်မှ စ၍ ကိုင်းဖြတ်ပုံသွင်း ပြုပြင်ရပါ သည်။
(ခ) နှစ်စဉ်ပုံမှန် ပွင့်သီးစေရန် မြေဆီလွှာ ထိန်းသိမ်း ပြုပြင်ခြင်း၊ အာဟာရကျွေးခြင်း
သရင်ပင်သည် ပြုပြင်ပေးမှုမရှိပါက နှစ်ခြင်းသီးခြင်း၊ အသီးနည်းခြင်းများ ဖြစ်တတ်ပါသည်။ ထိုသို့ မဖြစ်စေရန် စိုက် ခင်းတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ မြေဆီလွှာ ရေတိုက်စားမှု၊ လေတိုက်စားမှုမှ ကာကွယ်ရန် မြေဆီလွှာ ဖုံးအုပ်သည့် ပဲမျိုးနွယ်ဝင်များ စိုက်ပျိုးထားခြင်း၊ ၄င်းအပင်များ များလာပါက ဖြတ်တောက်ပေးခြင်း၊ သရက် ပင်အား သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာများကျွေးခြင်း၊ လိုအပ်ပါက ရေးပေးသွင်းခြင်း များ ဆောင်ရွက်ရပါမည်။ ထို့ပြင် သရက် ပန်းပွင့်မှုကို အားပေးသော ပိုတက်ဆီယမ်နိုက်ထရိတ် (ယမ်းစိမ်း) ၊ အသီးတင် စေသော ဟိုမုန်းများ ပက်ဖျန်းခြင်း၊ အနည်းလို အာဟာရများ ပက်ဖျန်းခြင်းများကိုလည်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
( ဂ ) သီးထွက်ကာလ ရှည်ကြာစေရန် ဆောင်ရွက်ခြင်း
သရက်သီးထွက်ရာသီ ရှည်စေရန် အတွက် အချိန်စော၍ ပွင့်သီးခြင်း၊ အချိန်နောက်ကျ၍ ပွင့်သီးခြင်းဆိုင်ရာ ဆောင် ရွက်ရမည့် လုပ်ငန်း များကို တိတိကျကျသိရှိလာစေရန် ဒေသအလိုက် အောင်မြင်သည်အထိ စမ်းသပ်ဆောင်ရွက် သွားရမည်ဖြစ်သည်။ သရက်သီးပေါ် ချိန်စောစေခြင်း၊ နောက်ကျစေခြင်းများ စမ်းသပ်ခြင်းအား ဒေသအလိုက်၊ မျိုး အလိုက် ဆောင်၇ွက်လျက်ရှိပါသည်။
( ဃ ) ရိတ်သိမ်းချိန်နောက်ပိုင်း သတိပြု ဆောင်ရွက်သင့်သည်များမှာ
နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် လည်းကောင်း၊ သရက်ခြံတောင်သူများဝင်ငွေ ပိုရရှိစေရန်လည်း ကောင်း၊ အရည်အသွေး ကောင်း သရက်သီးများ အားခူးဆွတ်ပြီး ချိန်မှစ၍ နောက်ပိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်သော သရက်သီး ရေဆေးခြင်း၊ ရေနွေးစိမ်ခြင်း၊ ရေနွေးငွေ့ဖြင့် ပိုးသန့်ခြင်းစသည်တို့ကိုလည်း ဆောင်ရွက် ရဦးမည် ဖြစ်ပါသည်။ ထို့ပြင် ထုတ်ပိုးစနစ်၊ သယ်ယူပို့ ဆောင် ခြင်းစနစ်များကိုလည်း သတိပြုဆောင်ရွက်ရန်လိုပါမည်။ အမျိုးအစားကောင်းသော်လည်း ခူးဆွတ်စဉ် ဒဏ်ရာ ရသွားသော အသီးများ၊ အမှည့်လွန်သွားသော အသီးများ၊ အနက် စက်ပါ သော အသီးများနှင့် အမှည့်စားအဖြစ် ရောင်းချပါက တန်ဘိုးနည်းသော အသီးများကို တန်ဘိုးမြင့် ကုန်ချော အဖြစ် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အိတ်စွပ်မည့် သရက်ပင်များကို ကြိုတင်ပြုပြင်ထိမ်းသိမ်းဆောင်ရွက်ရန်အချက်များ appeared first on Myanmar Farmers' Portal.