မြန်မာအမည် – အုန်း
အင်္ဂလိပ်အမည် -Cononut ရုက္ခဗေဒအမည် – Cocos Nucifera
မျိုးရင်း – Palmaceae
အမျိုးအစား
သက်တမ်းကိုလိုက်၍ “အုန်းထရံ” ခေါ် အုန်းကြီးမျိုးနှင့် “၀က်မလွတ်” ခေါ် အုန်းအပုမျိုးဟူ၍ ခွဲခြားထားပါသည်။ ၁၉၆၀ ခုနှစ်လောက်တွင်၊ သီဟိုဠ်အုန်းကော်မတီမှ ရုက္ခဗေဒပါရဂူ ဒေါက်တာ လီယာနာဂေးက ဖော်ပြပါအုန်းကြီးနှင့် အုန်းပု ကို မျိုးစပ်လျက် (Kings Cononut) ခေါ် “တော်ဝင်အုန်း” ဟူ၍ တတိယ မျိုးတစ်ခုကို သုတေသန ပြုလုပ်ဖော် ထုတ် ကြောင်း သိရပါသည်။
စိုက်ပျိုးသည့်ဒေသ
တောင်ပေါ်မြေပြန့် မကျန်အောက်ခံရေပြင်နှင့် နီးသော နေရာတွင် ပေါက်ရောက်ပြီး မြန်မာပြည်တွင်း မြစ်ဝကျွန်း ပေါ်နှင့် ကမ်းရိုးတမ်းတလျှောက်တွင် အမြောက်အများ စိုက်ပျိုးဖြစ်ထွန်းသည့်အပြင်၊ အပူပိုင်းဒေသ ပခုက္ကူနယ်၊ က၀မြို့တွင် အောက်ခံရေ နီးသဖြင့် အုန်းတောများ ပေါက်ပွားဖြစ်ထွန်းလျက်ရှိကြောင်း မြင်တွေ့ရပါသည်။
ရေမြေရာသီဥတု
စာဆိုအရ တောင်နှင့် မြောက် လတ္တီတွဒ် (၂၂) ဒီဂရီအတွင်း ဖြစ်ထွန်းကြောင်း သိရပါသည်။ အနည်းဆုံး အပူချိန် (၂၇) ဒီဂရီ စင်တီဂရိတ်ရှိပြီး၊ နွေး၍ စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ အောက်ခံ ရေနီးသော (သို့မဟုတ်) နွေ၌ ရေပေးသွင်းရန်လွယ်ကူသော နုံးမြေ၊ နုံးတင်မြေနုနှင့် သဲနုန်းမြေများသည် အုန်းပင် စိုက်ပျိုးရန် သင့်လျော်သောမြေများ ဖြစ်ပါသည်။ တနှစ်လျှင် အနည်းဆုံး လက်မ (၃၀) ဖြင့် လစဉ် ညီညာစွာ ဖြန့်ဖြန့်ရွာသွန်းသော မိုးသည် အုန်းအတွက် အကောင်းဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အနည်းဆုံး (၅) လ မိုးမရွာသော ဒေသမျိုးတွင် ရေသည် အဓိကအကျ ဆုံး ဟူ၍ ပြောရပါမည်။
မြေပြုပြင်နည်း
အုန်းပင်အစိုက်မီ နိုဝင်ဘာ – ဒီဇင်ဘာလများတွင် အပြီး တောခုတ်လျက်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် ကျွမ်းခွေ မီးရှို့ရ ပါမည်။ လွယ်လွယ်ငုတ်နုတ်နိုင်သောမြေနေရာ (သို့မဟုတ်) ထွန်စက်ဝင်နိုင်သော မြေပြန့်နေရာများတွင် သင်္ကြန်မိုးနှင့် အတူ ထယ်တစပ် – ထွန် (၂)စပ်ခန့် ထွန်ထယ်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် မစိုက်မီ အနဲဆုံးတ လခန့်ကြိုတင်၍ (၃၀’ x ၃၀’) အကွာအဝေး၊ ကျင်းများတူးထားရပါမည်။ တွင်းအတိုင်းအထွာမှာ (၃’ x ၃’) နှင့် အနက် (၃’) ဖြစ်ပါသည်။ အပေါ်ယံမြေလွှာ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးနှင့် ခြံမီးရှို့၍ ရသော ပြာများကိုတွင်းတွင် ပြန်ဖို့  ပေးရပါမည်။ အဓိကမှာ မြေမျက်နှာပြင်အနေအထားကို ဂရုစိုက်၍ နွေတွင်နီးရာရေရရှိသော နေရာမှ လွယ်ကူ စွာရေ ပေးသွင်းစီးဆင်းနိုင်ရေးအတွက် ပြုပြင်ထားရန်လိုပါသည်။ ရေတက်ရေကျရှိသော နေရာများတွင် ရေတက်ချိန် ခြံတွင်အရောက် ရေစီးဆင်းနိုင်စေရန် ပြုပြင်ထားရပါမည်။ သဲဆန်လွန်းသောနေရာတွင် သစ်ရွက်စိမ်း မြေသြဇာ များအဖြစ် ခြံစီးရိုးနှင့် လမ်းဘေးတလျှောက်တွင် ပဲမျိုးများ ဖြစ်သော မဲဇလီ၊ သဘောင်္ပိတောက်၊ ပေါက်ပန်းဖြူ နှင့် ပိုကာပင် စသည်တို့ကို စိုက်ပျိုးထားသင့်ပါသည်။
ပျိုးထောင်နည်း
ပဏာမ တွင် ဖော်ပြခဲ့သည့် အတိုင်း အုန်းပင်သည် နှစ်ရှည်ပင် များတွင် အသက်ရာကျော် ရှည်သည့် အသက် အကြီးဆုံး အပင်မျိုးဖြစ်ပါသည်။ အစကောင်း၍ အနှောင်းသေချာစေရန် မျိုးရွေးချယ် ပျိုးထောင်ခြင်းသည် အဓိကဖြစ် ပါသည်။ ၀တ်ဆံကူး၍ မျိုးအောင်ရသည့် အပင်မျိုးဖြစ်သည့်အတွက် လိုအပ်သောအင်္ဂါရပ်နှင့် ပြည့်စုံသော အမိပျိုး ပင်ကို စနစ်တကျ ရွေးချယ်ရုံမက – ယင်းအပင်၏ ပတ်ဝန်းကျင်တွင်လည်း အလားတူအဂါင်္ရပ်များရှိသော အပင်များ ၀ိုင်းနေရန်လိုပါလိမ့်မည်။ ပထမအဆင့်အနေဖြင့် တပင်ချင်းသာမက၊ အုပ်စုလိုက်ပါ မျိုးကောင်းသောအပင်ကို ရွေးရပါ သည်။ (မျိုးကောင်းပင် ဆိုရာ၌ ပင်စည်ဖြောင့်တန်းလျက်၊ အရင်းတုတ်ခိုင် ပြန့်ကြယ်သော အုန်းလက်များသည် ထီးကဲ့ သို့ ဝေဆာလျက် – အလက်ကြားတိုင်းတွင် အုန်းဖူးထွက်သော စောစောသီး၍ အသီးများများတင်သော အပင်မျိုး ဖြစ် ပါသည်။ သက်တန်း (၁၅) နှစ် ကျော်သော အပင်မျိုးမှသာ မျိုးခံယူရပါသည်) အသီးသက် တနှစ်ကျော်သော (ဆိုလို သည်မှာ အုန်းဖူးကွဲသည့်နေ့မှစ၍ တနှစ်ကျော်သော) အုန်းသီးများကို အပင်ပေါ်တက်၍ အခိုင်လိုက် ခုတ်ချလျက်၊ သာ သာကြိုးဖြင့် ချပေးရပါသည်။ ဒုတိယ အဆင့် ယင်းအခိုင်မှ အကောင်းဆုံး အုန်းသီးများကို တလုံးချင်း ရွေးရပါသည်။ (အုန်းသီး အရွယ်တော်ကို အပင်ပေါ်တက်၍ အခိုင်လိုက် ခုတ်ချလျက် သာသာကြိုးဖြင့် ချပေးရပါသည်။ ဒုတိယအဆင့် ယင်းအခိုင်မှ ယင်းအခိုင်မှ အကောင်းဆုံးအုန်းသီးများကို တစ်လုံးချင်းရွေးရပါသည်။ (အုန်းသီး အရွယ်တော်အခိုင်တွင် အုန်းသီးများများဆန့်အောင် အရင်း၌ ဒေါင့်များရှိသော အုန်းသီး အုန်းဆံပါး၍ ၊ အုန်းမှုန့်ကြီးလျက်၊ အုန်းသားထူသော အသီးမျိုးကို ဆိုလိုပါသည်။
ဘောင်ဖော်၍ အုန်းသီးကို အလျားလိုက်လှဲ၍ တလုံးနှင့် တလုံး (၉) လက်မ၊ တတန်း နှင့် တတန်း တတောင်ခန့်ခြား၍ ပျိုးထောင်ရသည်။ ပျိုးဘောင်တွင် သဲတ၀က်ခန့် ရောပေးရပါသည်။ အုန်းလုံး၏ အပေါ်လွှာကို (၁/၃) ခန့် ဖော်ထား၍ မြေဖုံ့ထားရပါသည်။ နွေရာသီ၌ အမိုးပါးပါး ပြုလုပ်ပေးရပါသည်။ စင်တင်ပင် (ဗူး -ပဲလင်းမွေ) များကို ပျိုးစင်တွင် တင်ပေးခြင်းဖြင့် ၀င်ငွေရနိုင်သည်။ မိုးပြတ်သော လများတွင် နေ့စဉ် ရေလောင်းပေးခြင်း၊ ရေနီးလျှင် ဘောင်များကြားတွင်ရေလွှတ်ပေးခြင်းများ ပြုလုပ်ရပါမည်။ အချိုဓာတ်ပါသဖြင့် ပရွက်ဆိပ် နှင့် ခြကောင်များကို ကာကွယ်ပေးရမည်။ မိုးရာသီတွင် ပေါင်းမြက်နှုတ်ပေး၍ နွေတွင် ကောက်ရို၊ မြက်ခြောက်ပါးပါးအုပ်ပေးရသည်။ စောစော အစို့ထွက်သော အပင်သည် စောစောအသီးသီးတတ်သဖြင့် ငုတ်စိုက်၍ အမှတ်အသား ပြုလုပ်ထားသင့်ပါသည်။ မြေချပြီး၍ (၃) လမှ(၄)လ အတွင်း အစို့ထွက်မလာလျှင် မျိုးကောင်းဟု ပြောရန် မသင့်ပါ။
စိုက်ပျိုးနည်း
တနှစ်သားပျိုးပင်သည် ပြောင်းစိုက်ရန် အကောင်းဆုံး ဖြစ်သည်။ ပျိုးသက် (၆) လမှ (၂) နှစ်အတွင်း စိုက်နိုင်သည်။ မိုးဦးကျစ ဇွန်လနှင့် ဇူလိုင် ပထမလ၀က်တွင် ပြောင်းစိုက်နိုင်သည်။ ရေအမြဲတန်းဝပ်သည့်နေရာကို ရောက်၍ အနိမ့် ပိုင်းတွင် ခုံဖို့၍လည်းကောင်း၊ မြေပြန့်တွင်၊ တွင်းနှုတ်ခမ်းထိ မြေဖို့၍ နှုတ်ခမ်းတင် စိုက်နည်းဖြင့် လည်းကောင်း၊ ကုန်း တွင်း တွင်းတ၀က်ခန့်မြေဖို့၍ အုန်းသီးကို မြေပြင်အောက် နှိမ့်ထားသော နည်းဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။
စိုက်မည့်ပျိုးပင်သည် အရင်းတုတ်၍၊ သန်စွမ်းလျှက်၊ အရွက်ဖားပြီး သက်တန်းတနှစ်ကျော် (၂) နှစ်ရှိ ပျိုးပင်၏ အလင်း အရင်းများ၌ အရွက်ကွဲစပြုနေသော ပျိုးပင်မျိုးကို ရွေးရပါမည်။ အရင်းမှ ကိုင်ယူသယ်ဆောင်စိုက်ပျိုးရသည်။ အုန်းသီး (၁၀၀) ပျိုးထောင်ပါက ပျိုးပင်ကောင်းကောင်း (၆၀) ခန့် သာ ရွေး၍ရပါမည်။
စိုက်သောအခါ ကျင်း၏အလယ်တည့်တည့်၌ ပျိုးပင်ကို ဖြောင့်မတ်စွာထား၍ တွဲလျက်ရှိသော မျိုးအုန်းသီး၏ အပေါ်လွှာကို (၁/၃) ပုံခန့် ဖော်၍ စိုက်ရပါသည်။ မစိုက်မီ အမြစ်များကို ဒါးပြတ်ပြတ်ဖြင့် ကတုံးရိပ်ပေးရပါသည်။ အပင်ရှည်ပါက ငုတ်စိုက်၍ ချည်ထားရမည်။
နွေတွင် နေကာ၊ လေကာနှင့် အစိုဓာတ်ရစေပြီး တဘက်မှ ၀င်ငွေရမည့် ငှက်ပျောပင်များနှင့် တွဲဘက်စိုက်သင့်ပါသည်။
မြေသြဇာကျွေးနည်း
သဘာဝ မြေသြဇာများဖြစ်သော တိရစ္ဆာန်ချေး၊ မီးဖိုစွန့်ပစ္စည်းများဖြစ်သော သားငါးဆေးသည့် ရေ၊ ငါးပိရိုး နှင့် မီးဖို စွန့်ပစ်ပစ္စည်းများဖြစ်သော သား၊ငါးဆေးသည့်ရေ၊ ငါးပိရိုးနှင့် မီးဖိုပြာများထည့်ပေးရသည်။ ရေသောက်မြစ်မရှိသော မျိုးဖြစ်သည့်အပြင် ပင်စည်ရှည်လွန်းသဖြင့် ပြာဓာတ်ပါသော ပိုတက် မြေသြဇာအထူးလိုအပ်သည်။ လက်ရှိဓာတ် ပါဝင်နှုန်းတို့ဖြင့် ပုလဲ၊ တီစူပါ နှင့် မြူရိပ်ပိုတက်တို့ကို (၅း ၅း ၉) အချိုးဖြင့် ရောစပ်လျက် (၂) နှစ်သားတွင် (၁) ပေါင်၊ (၃) နှစ်သားတွင် (၂) ပေါင်၊ (၄) နှစ်သားတွင် (၃) ပေါင်၊ (၅) နှစ်သားတွင် (၄)ပေါင်၊ (၆) နှစ်နှင့် အထက် (၅) ပေါင်နှုန်း ထည့်ရမည်။ (၅)ပေါင် နှုန်းထက်ပိုပါက စီးပွားရေးမကိုက် ဖြစ်တက်သည်။ အပင်ငယ်စဉ် အပင်ရင်းဝိုင်းထည့်၍ အပင်ကြီးလာသောအခါ အပင်ကြား ပေါက်ပြား (သို့) ထယ်ကြောင်းရာပေး၍ ထည့်ရမည်။ ဓာတ်မြေသြဇာကို အမြစ် အောက်ဆင်းစေရန် နက်နက်တူးထည့်နိုင်လျှင် ကောင်းပါသည်။ အပူဓာတ်ပါရှိသော မြေသြဇာများဖြစ်သည့် အတွက် မိုးဖြိုင်သောရာသီတွင်ဇွန်လ ဒုတိယပတ်နှင့် ဇူလိုင်လများအတွင်း ပြီးအောင် ထည့်ကျွေးရမည်။ သံလိုက်ဓာတ်ပါသော မင်းဂနီး၊ မြေသြဇာပါထည့်ရန်လိုအပ်ပါသည်။ ခြံတွင်စမ်းသပ်ချက်အရ ဟိုင်ပါ မြေသြဇာသည် အုန်းနှင့် သင့်လျော် ကြောင်းတွေ့ရပါမည်။
မျိုးပွားနည်း
ယခုနေ့ထိ အသီးမှ မျိုးပွားနည်းတစ်ခုတည်း ကမ္ဘာနှင့်တ၀ှမ်း သုံးစွဲလျက်ရှိကြောင်း တွေ့ရပါသည်။ မျိုးကောင်းရရန် ၀က်ဆံကူးပေးသော မျိုးပွားနည်းကို အုန်းအများအပြားစိုက်သော အိန္ဒိယ နှင့် သီဟိုဠ်တို့တွင် ဆောင်ရွက်ပေးကြ ကြောင်း သိရပါသည်။
တဧက အပင်နှုန်း
သာမန်အားဖြင့် (၃၀’ x ၃၀’)စိုက်လျှင် တဧကပျိုးပင် (၄၈) ပင်လိုပါသည်။ (၂၅’ x ၂၅’) ပေဆိုပါက (၆၉) ပေရပြီး မြေသြဇာ ထက်သန်သော နေရာတို့တွင် (၁၈’ x ၂၄’)ပေ စိုက်လျှင် တဧကအပင် (၁၀၀) ရပါသည်။
ရေသွင်းနည်း
မြောင်းသွယ်၍ ပင်ချေရင်း စိုင်းပေးသော ရေသွင်းနည်းသည် အကောင်းဆုံး ဖြစ်ပါသည်။ ကြာရှည်အဖြစ် စီးပွားရေး ဆန်ဆန် စိုက်ရန်မှာ အောက်ခံရေနီးသော (သို့မဟုတ်) ရေတက်ေ၇ကျရှိသော မြစ်ချောင်း ကမ်းနဖူးတွင် စိုက်သင့် သည်။ အုန်း၏ အဓိက လိုအပ်ချက်မှာ နွေရာသီ ရေလုံလောက်စွာပေးနိုင်ရေးဖြစ်သည်။
အသုံးဝင်ပုံ
တိရစ္ဆာန်တွင် တစ်ကောင်လုံးအသုံးချသော နွား ရှိသကဲ့သို့ သစ်ပင်များတွင် တပင်လုံး အသုံးဝင်သော သစ်ပင်ကို ပြပါဆိုလျှင် “အုန်း” မှ တပါး တခြားမရှိပါ။ အကျဉ်းချုံး၍ ပြောရပါလျှင် အညွန့်အဖူးကို ဘုရားတင်၍၊ အုန်းသီးနုကို အရေသောက်နှင့် ဇွန်းချစ်-မရင့်တရင့် ထန်းလျက်နှင့်စား မြန်မာမုန့်ပဲသွားရေစာတွင် အုန်းမပါလျှင်မပြီး အုန်းသီးကြီး လာလျှင် ကြွက်မြှီးမပျက်ပွဲတင်ဆက်၊ စက်မှုအတွက်ဆိုလျှင် အုန်းသားခြောက်၊ အုန်းဆီနှင့် အုန်းဆံ၊ အုန်းမှုတ် ကိုရေခွက်၊ ဆံညှပ်နှင့် ပုတီး၊ အုန်းမီးသွေးဆိုလျှင် အဆိပ်ငွေ့ ကာကွယ်ရာမှာ များစွာ အသုံးဝင်ပြီး အဆုံးစွန်ပြော ရလျှင် အုန်းမြစ်ကို ရှေးယခင်က စုတ်တံလုပ်၍ အသုံးပြုကြောင်းသိရပေသည်။
Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အုန်းပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.