အပင်ငယ်စဉ်တွင် ပရွတ်ဆိပ်၊ ခြ၊ ဖြူ၊ ပူး၊ ကြွက်တို့ရန်မှ ကင်းဝေးအောင် မိုးတွင်း ရေမ၀ပ်ဘဲ၊ နွေတွင် ရေလုံလောက် အောင် ပြုစုပေးဘို့ လိုပါသည်။
ကြီးလာ၍ သီးသည့် အရွယ်ရောက်သောအခါ ကြံ့ပိုး၊ ပင်စည်ထိုးပိုးကောင်နီနှင့် နောက်ဆုံး အကြောက်ရဆုံး ပြပိုးများ ဖြစ်ပါသည်။ ပြပိုး၏ သဘာဝမှာ ပိုးလောက်လန်းဘ၀တွင် မီးချစ်ဆန်အရွယ် တလက်မ ခန့်ရှည်၍ ဖက်ဖူးရောင်နှင့် ခေါင်းမဲမဲဖြစ်ပြီး အရွက်၏ အစိမ်းဖက်များကို ၀ါးစားလျက်၊ အရွက်(၂) ခုရှက်အောင် ပိုးချည်ဖြင့် သန်းထားပြီး၊ အတွင်း ၌ပိုးအိမ်ဖွဲ့၍ ပိုးတုံးလုံးဘ၀နေပါသည်။ လိပ်ပြာမှ ငါးမူးစေ့အရွယ်၊ ၀ါစိမ်းရောင်ရှိလျက် အုန်းရွက်များပေါ်တွင်ဥ တစ် ရာခန့်ဥပါသည်။ ယင်းမှ ပိုးကောင်းများပေါက်ပွား၍ အစိမ်းဖတ်က်ု ကိုက်စား ဖျက်ဆီးကြပါလျှင် အရွက်များ ခြောက်၍ မီးလောင်ထားသကဲ့သို့ ပျက်စီးစေပါသည်။ ဆေးဖြန်းပါက ယင်းပိုးကောင်ကို သိပ်ပြီး ထိရောက်မှုမရှိဘဲ၊ ၀တ်ဆံ ကူးပေးသည့် ပိုးကောင်များသာသေပြီး သီးထွက်ကျဆင်းသည်ကိုတွေ့ရပါသည်။ မိုးဦးခေါင်၍သော်လည်းကောင်း၊ မိုးနှောင်းစောလျှင်သော်လည်းကောင်း၊ ပိုးများ ကျရောက်တတ်သဖြင့် အုန်းပင်များကြားတွင် မိုးဦး၊ မိုးနှောင်းတွင် ထယ်ထိုး၊ ထွန်ယက်ပေးခြင်းဖြင့် ပိုးကျ သက်သာနိုင်ကြောင်း တွေ့ရပါသည်။
မိုးရာသီတွင် အပင်ရင်းတွင်ရှင်း၍ နွေ၌၊ အုန်းလက်ခြောက်၊ အုန်းဆံ၊ မျက်ခြောက်များ အုပ်ပေး၍ ရေကို ဂရုတစိုက် သွင်းပေးရပါသည်။ အုန်းလက်ကြားတွင်ရှိနေသော အုန်းခိုင်ခြောက်၊ အုန်းဖူးခြောက်၊ အုန်းဖလက်များကို (၃)နှစ် တကြိမ်ခန့် ရှင်းပေးရန် လိုအပ်ပါသည်။ အုန်းကြီးမျိုးသည် (၇) နှစ်မှ (၁၀) နှစ်အတွင်း အသီးမသီး၍ အုန်းပုမျိုးသည် (၇) နှစ်မှ (၅) နှစ်အတွင်း သီးပါသည်။ ဖြိုင်ဖြိုင် သီးလာသော အခါ တနှစ်တပင်လျှင် ပျမ်းမျှ အလုံး (၅၀) သီးပါသည်။
Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အုန်းပင်ပြုစုနည်း နှင့် အုန်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများ appeared first on Myanmar Farmers' Portal.