Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

တောင်သူ့ အကျိုးပြုပိုးများအကြောင်း သိကောင်းစရာ

$
0
0

ပန်းဝတ်မှုန်ကူးအင်းဆက်များ

Beneficial Insects Pollinators

နဂျီယင်ကောင်၊ လိပ်ပြာဖလံအနွယ်ဝင်ပိုးများသည် ပဲစင်းငုံ ပန်းပွင့်မှ ပန်းဝတ်ရည်နှင့် ပန်းဝတ်မှုံတို့ကို စားသုံးကြသည်။  ၄င်းတို့၏ ခန္ဓာ ကိုယ်ပေါ်တွင် ပန်းဝတ်မှုံများကိုသယ်ဆောင်ကြပြီး အခြားအပင်များသို့ ကူးပြောင်းစားသောက်ကာ ၀တ်မှုန်ကူးပေးကြသည်။

အဓိက၀တ်မှုန်ကူးသော ပိုးတို့သည်  အစုအဝေးနှင့်နေသော ပျားများ  (Apis spp) နှင့် တစ်ကောင်တည်းနေသော ပျားများ (Megachile spp) တို့ဖြစ်ကြသည်။ ကုလားပဲတွင် ၀တ်မှုန်ကူးသော ပျားနဂျီများ လာရောက်မှုနည်းသောကြောင့် ပင်တည်း ၀တ်မှုန်ကူးခြင်းသာ များ   ပေသည်။

သဘာဝရန်သူပိုးများ

Natural Enemies

အင်းဆက်ပိုးများနှင့် ကျေးငှက်တိရစ္ဆာန်တို့သည် ပဲစင်းငုံနှင့် ကုလားပဲဖျက်ပိုးများအတွက် သဘာဝရန်သူများ ဖြစ်ကြသည်။

၎င်းတို့သည် သီးနှံဖျက်ပိုးများကို လိုက်လံစားသောက်ပါက သားရဲကောင်များ (Predators) ဟုခေါ်သည်။ အင်းဆက်ပိုးတို့၏   လောက်   ကောင်များသည် သီးနှံဖျက်ပိုးအတွင်း၌ စားသောက်ကြီးပြင်းလာပါက ကပ်ပါးပိုးများ (Parasites) ခေါ်သည်။ အင်းဆက်ပိုးတို့သည် သီးနှံဖျက်ပိုးကို သတ်ဖြတ်ပစ်ပါက ကပ်ပါးပိုးအုပ်စုများ (Parasitoids) ဟုခေါ်သည်။

ယင်းတို့၏ အကြောင်းကို ရေးသားထားသော စာပေအထောက်အထား နည်းပါးသဖြင့် အားလုံးကို ကိုယ်စားပြုနိုင်သော သဘာဝရန်သူ များ ကိုသာ ဖော်ပြထားသည်။ ဘက်စုံပိုးမွှားကာကွယ်ရေးတွင် ဆောင်ရွက်နေသူများ၊ တိုးချဲ့ပညာပေးရေး ၀န်ထမ်းများသည် သီးနှံဖျက် ပိုးနှင့် သဘာဝရန်သူပိုးများကို ခွဲခြားသိရန် အထူးလိုအပ်ပါသည်။

သားရဲကောင်များ

Predators

သားရဲကောင်များသည် ပဲစင်းငုံပင်ကို ဖျက်ဆီးသော သီးနှံဖျက်ပိုးကို သတ်ဖြတ်စားသောက်ကြသည်။ သားရဲကောင် အင်းဆက်ပိုးမျိုး   ပေါင်း  (၂၀)ကျော်သည် သီးလုံးဖောက်ပိုးကောင်တို့ကို  လိုက်လံသတ်ဖြတ်စားသောက်ကြသည်။ ၄င်းအပြင် ပင့်ကူများ၊ ပုတ်သင်ညို များနှင့် ငှက်များသည် ကုလားပဲ သီးလုံးဖောက်ပိုး  လောက်ကောင်ကို လိုက်လံသတ်ဖြတ် စားသောက်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post တောင်သူ့ အကျိုးပြုပိုးများအကြောင်း သိကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>