Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ခရမ်းချဉ်သီးကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အ⁠ကောင်းဆုံးလဲ။

$
0
0

ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်တော်မယ့် အဆင့်မှာ  ခူးဆွတ်ရန် လိုအပ်ပါတယ်။

ခရမ်းချဉ်သီးအစိမ်းရောင် မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး ၊ လမ်းခရီး တွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။

ဒေသ၀န်းကျင်ဈေးတွင် သာပို့ဆောင်ရောင်းချမည်ဆိုပါက ခရမ်းချဉ်သီး ကို အရောင်နီလာပြီး အသားမာနေစဉ် ခူးဆွတ်ရသည်။ အမှည့် လွန်ပြီး အသားပျော့သွားပါက အချဉ်ဓာတ်လျော့ကျသွားနိုင်သည်။

မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါသည်။

စနစ်တကျစိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိနိုင်ပါသည်။

အစိမ်းရောင်တွင် ပန်းရောင်အစင်းများရှိနေသော အသီးသည် မီးဖိုချောင်ထဲတွင် တဖြည်းဖြည်း မှည့်လာမည်ဖြစ်သည်။ ထိုခရမ်းချဉ်သီးကို မြန်မြန်မှည့်စေလိုပါက စက္ကူအိတ်တွင် ပန်းသီးနှင့် ရော၍ ထားရသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ခရမ်းချဉ်သီးကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>