ဇီဝစူပါအရွက်ဖြန်းမြေသြဇာ (Bio Super Foliar Fertilizer) ဆိုသည်မှာ မြေပဲဖက်၊ နှမ်းဖက်များ ကိုအချဉ်ဖောက်ခြင်း (Fermentation) နည်းကိုအခြေခံ၍ ထုတ်လုပ်ထားသော အဓိကနှင့်အနည်း လိုအာဟာရဓါတ် များပါဝင်သောရွက်ဖျန်းမြေသြဇာရည်ဖြစ်ပါသည်။ ဗဟို စိုက်ပျိုးရေးသုတေသန ၊ရေဆင်းတွင် ၁၉၉၂-၁၉၉၃ ခုနှစ်မှစတင်၍သုတေသနပြုလုပ်ခဲ့ပြီး ၁၉၉၄-၁၉၉၅ ခုနှစ်တွင် စတင်ထုတ်လုပ် ဖြန့် ဖြူးခဲ့ပါသည်။
ပါဝင်သည့်အာဟာရဓါတ်များ
နိုင်ထရိုဂျင်ဓါတ် ၃၀% သွပ်ဓါတ် ၀.၀၁%
ဖော့စဖော့ရပ်ဓါတ် ၄ သံဓါတ် ၀.၂၀%
ပိုတက်ဓါတ် ၇ ကြေးနီဓါတ် ၀.၀၂%
မဂ္ဂနီစီယမ်ဓါတ် ၀.၀၂% မင်းဂနိစ်ဓါတ် ၀.၀၂%
ကန့် ဓါတ် ၀.၀၁% ဘိုရွန်ဓါတ် ၀.၀၁%
မော်လစ်ဒီနမ်ဓါတ် ၀.၁၀%
- အသုံးပြုနိုင်သည့် သီးနှံစိုက်ပျိုးသီးနှံပင်အားလုံး အသုံးပြုနိုင်သည်။ အထူးသဖြင့် ပဲမျိုးစုံသီးနှံအတွက် ဇီဝစူပါမြေဇာသည် ပိုမိုသင့် တော်ကောင်းမွန်သည်။
- အသုံးပြုရန်နှုန်းထား – စိုက်ပျိုးသီးနှံများအားလုံး တစ်ဧကတစ်ကြိမ်လျှင် (၅၀၀)စီစီဝင် တစ်ပုလင်းနှုန်းဖြင့် (၃-၅) ကြိမ်အထိပက် ဖျန်းပေးရန်ဖြစ်ပါသည်။
- အသုံးပြုနည်း
- ၅၀၀ စီစီဝင်တစ်ပုလင်းသည် တစ်ဧက၊ တစ်ကြိမ်ဖျန်းရန် လုံလောက်သည်။
- မြေသြဇာရည်ပုလင်းကို ကောင်းစွာလှုပ်၍ အချင်အတွယ်ပါသောအဖုံးဖြင့် (၂၅)စီစီ ချင်တွယ်ပြီး ရေတစ်ဂါလံနှုန်းနှင့်ရောပါ။
- သီးနှံပင်အရွက်၏ အပေါ်နှင့်အောက် မျက်နှာနှစ်ဖက်စလုံးပေါ်သို့ ဖျန်းပေးပါ။
- မြေသြဇာရည်ကို စိုက်ပြီး (၂) ပါတ်မှ ပန်းမပွင့်မီကြား (၃-၅) ကြိမ်ထိမနက်ပိုင်း (သို့ ) ညနေပိုင်း တွင်ဖျန်းပေး ပါ။
မှတ်ချက် – ပဲမျိုးစုံသီးနှံများတွင် စိုက်ပြီး (၂)ပါတ်မှ သီးကင်းဝင်ချိန်အထိမနက်ပိုင်း(သို့ )ညနေပိုင်းတွင်ဖျန်း ပေးနိုင်ပါသည်။
မြေသြဇာရည်ဖျန်းပြီး (၃) နာရီအတွင်းမိုးရွာပါက ထပ်မံ၍ဖျန်းပေးရန်လိုပါသည်။
သုံးစွဲနေကျပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရော၍အသုံးပြုနိုင်ပါသည်။
အကျိုးကျေးဇူး
သုံးစွဲရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာခြင်း။
သယ်ယူကိုင်တွယ်စရိတ် သက်သာသဖြင့် ဝေးလံဒေသမှတောင်သူများ အတွက်ပိုမိုအကျိုးရှိစေခြင်း။
သီးနှံများ အထွက်ပိုလာခြင်း။
ဓါတ်မြေသြဇာချွေတာသုံးစွဲခြင်း အကျိုးကျေးဇူးများရရှိစေပါသည်။
Source by – လယ်/ဆည်
The post ဘိုင်အိုစူပါရွက်ဖျန်းမြေသြဇာရည် (Bio Super Foliar Fertilizer) appeared first on Myanmar Farmers' Portal.