Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကြံမြှုပ်ချေးသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း

$
0
0

ကြံမြှုပ်ချေး အခြေခံသဘာဝမြေသြဇာထုတ်လုပ်သုံးစွဲနည်း

  • သကြားချက်စက်ရုံမှ ဘေးထွက်ပစ္စည်းကြံမြှုပ်ချေးများကို စုယူပါ။
  • ကြံသကာချက်ဖိုမှ ထွက်သော အမြှုပ်နှင့် ကြိတ်ဖက်များကို စုယူ၍လည်း အသုံးပြုနိုင်ပါသည်။
  • ယင်းဘေးထွက်ပစ္စည်းများ ဖျော်ရည် သို့မဟုတ် နွားချေးနှင့် သေးရောထားသောဖျော်ရည် သို့မဟုတ် ရေပုပ်နှင့် မိလ္လာရည်များ ပက်ဖျန်း၍ ရောမွှေပါ။
  • အလွှာလိုက်စုပုံ၍ တစ်လွှာပုံပြီးပါက ဖွဲနု၊ နုန်းမြေ၊ ထုံးမှုန့်နှင့် ၊ ကျောက်မှုန့်၊ စပါးခွံပြာ၊ စားဖိုပြာ စသည်များကို ရောနှော၍ ပါးပါး   ဖြူးပေးပါ။
  • လိုအပ်ပါက အစိုဓါတ်လုံလောက်စွာရရှိရန် ရေအနည်းငယ်ပက်ဖျန်းပြီး အပေါ်မှ အမှိုက်၊ ကောက်ရိုး၊ သစ်ရွက်ခြောက်စသည် တို့ဖြင့် ဖုံးအုပ်ပေးထားပါ။
  • တစ်လတစ်ကြိမ် အထက်အောက်လှန်ပေးခြင်းဖြင့် ဆွေးမြေ့ကြေပျက်မှု မြန်ဆန်ပါသည်။
  • ဆွေးမြေ့ကြေပျက်ပြီးနောက် အမှိုက်များကို ဇကာချပါ။
  • ဇကာချပြီးမြေဆွေးမှုန့် (၅) ပေါင် တစ်အိတ်ကျစီအား အောက်ပါဓါတ်မြေသြဇာများ အချိုးကျရောစပ်ပေး၍ သမအောင်မွှေပေးပါ။

အပင်အာဟာရ                               ရောစပ်ရန်ပမာဏ

ယူရီးယား                                     ၆ ပေါင်ခန့်

တီစူပါ                                         ၅ ပေါင်ခန့်

ပိုတက်ရှ်                                      ၄ ပေါင်ခန့်

ဂျစ်ပဆန်                                     ၈ ပေါင်ခန့်

ဇင့်ဆာလဖိတ်                                ၂ ပေါင်ခန့်

အသုံးပြုနည်း

နှံစားသီးနှံအမျိုးမျိုး၊ ပဲမျိုးစုံ၊ နှစ်ရှည်သီးနှံ၊ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက်ပန်းမန်များအားလုံးတွင် အသုံးပြုနိုင်ပါသည်။

  • စပါးသီးနှံ တစ်ဧကတွင် မြေပြင်ချိန်တွင် (၂) အိတ်နှုန်း၊ အပင်ဖြစ်ချိန်တွင် (၁) အိတ်နှင့် မှို့ကပ်ချိန်တွင် (၁) အိတ်နှုန်းထည့်သွင်း အသုံးပြုပါ။
  • အခြားသီးနှံများတွင် မြေခံအဖြစ် မြေပြင်ချိန်တွင် တစ်ဧက (၂) အိတ်နှုန်း ထည့်ပါ။
  • အတန်းလိုက်စိုက်သီးနှံများတွင် တစ်ဧက(၂) အိတ်နှုန်း အပင်ခြေတွင် ဖြူးပြီး မြေဖြင့် ဖုံးပေးပါ။
  • ကျင်းစိုက်သီးနှံတွင် တစ်ကျင်းလျှင် နို့ဆီဘူးတစ်ဘူးနှုန်း ထည့်ပေးပါ။
  • ဟင်းသီးဟင်းရွက်များတွင် မြေခံထည့်ပြီးနောက် ပေါင်းသင်မြေဆွချိန်တွင် ထပ်မံထည့်သွင်းနိုင်ပါသည်။

အာနိသင်နှင့် အကျိုးသက်ရောက်မှု

ကြံမြှုပ်ချေး အခြေခံသဘာဝမြေသြဇာတွင် အောက်ပါဓါတ်ပစ္စည်းများ ပါဝင်လျှက်ရှိသည်။

ဓါတ်ပစ္စည်းများ                          ပါဝင်မှုရာခိုင်နှုန်း

နိုက်ထရိုဂျင်                             ၁၀.၆%

ဖော့စပရပ်                               ၄.၇%

ပိုတက်စီယမ်                            ၂.၀%

ကယ်လစီယမ်                           ၃.၀%

ဆာလဖာ                                ၀.၅%

ဇင့်                                        ၀.၂%

သြဂဲနစ်ကာဘွန်                         ၆၃.၀%

အကျိုးကျေးဇူး

အပင်အာဟာရဓါတ်များအပြင် သြဂဲနစ်ကာဘွန်များပြားစွာပါဝင်၍ အောက်ပေါမြေဆီလွှာ ဂုဏ်သတ္တိနှင့် ဓါတ်ဂုဏ်သတ္တိကို တိုးတက်   ကောင်းမွန်စေပါသည်။

  • စေးသောမြေကိုပွစေပြီး ဖွယ်သောမြေကို စေးစေသည်။
  • မြေတွင်းအစိုဓါတ်နှင့် အပူချိန်ကို ထိန်းစေသည်။
  • မြေ၏ အချဉ်ငံဓါတ်ကို သမစေသည်။
  • မြေဆီလွှာအတွင်း အာဟာရဓါတ် ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းကာကွယ်သည်။
  • အာဟာရဓါတ်ရရှိမှု အချိန်ကာလကို ကြာရှည်မျှတစေသည်။
  • အနည်းလိုအာဟာရဓါတ်များကိုပါ ဖြည့်တင်းပေးနိုင်သည်။

Source by – လယ်/ဆည်

 

 

The post ကြံမြှုပ်ချေးသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>