Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဇီဝမြေသြဇာ သုံးစွဲခြင်း

$
0
0

သီးနှံများအထွက်နှုန်းတိုးရေးအတွက် ဓါတ်မြေသြဇာအပြင် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာာများကိုပါ ကျယ်ပြန့်စွာ သုံးစွဲရေးကို   ဆောင်ရွက်လျက်ရှီပါသည်။ ဇီဝမြေသြဇာအဖြစ် ရေကျောက်ခက် ဇီဝမြေသြဇာ (Trichoderma) ၊ အီးအမ် (Effective Mico-oragism -EM) ၊ရိုင်ဇိုဘီယမ်ခေါ် ပဲမြစ်ဖု ဇီဝမြေသြဇာ၊ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းအီးအမ်မြေသြဇာဟူ၍ သုံးစွဲသွားရန် ရည်မှန်းထားပါသည်။

(၁) ရေကျောက်ခက်မြေသြဇာ။   ။ ရေကျောက်ခက်သည် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်သော ရေမှော်ပင်မျိုးဖြစ်ပြီး စပါးစိုက်ခင်း များတွင် အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရသောရေကျောက်ခက်မျိုး (Azolla pinnata) ဖြစ်ပြီး နေရာဒေသအများအပြားတွင်   တွေ့ရသော်လည်း အေးမြသောဒေသတွင် ပိုမိုပွားများနိုင်သည်ဟု သိရှိရပါသည်။ ရေကျောက်ခက်သည် လေထဲရှိ နိုက်ထရိုဂျင်ဓါတ်ကို ဖမ်းယူနိုင်ခြင်း၊ သစ်ဆွေးဓါတ်ပါဝင်ခြင်းများကြောင့် ရေကျောက်ခက်ပင်များအား မြေမြှုပ်၍ ပေးပါက စိုက်ပျိုးမြေအတွက် ကောင်းမွန်စေ ပါသည်။

(၂) Trichoderma ။     ။ ထရိုင်ခိုဒါးမားသည် ကပ်ပါးမှို (micro parasite) တစ်မျိုးဖြစ်ပြီး သီးနှံမြေဆောင်မှိုရောဂါအချို့ကို ကာကွယ်   နှိမ်နင်းရန်နှင့် မြေဆွေးပုံများ လျှင်မြန်စွာ ဆွေးမြေ့စေရန်အတွက် ထိရောက်စွာ အသုံးပြုနိုင်သော အကျိုးပြုမှိုတစ်မျိုးဖြစ်ပါသည်။ လယ်ယာ ဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများအား မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင် သဖြင့် မြေဆွေးပြုလုပ်မှုအတွက် အထောက်အကူဖြစ်စေပါသည်။

(၃) အီးအမ် ။   ။ အကျိုးပြုအဏုဇီဝ (Effectiive Mico-organism) ကို အီးအမ်ဟု ခေါ်ဝေါ်ကြသည်။ အီးအမ်ကို အောက်ပါနည်းလမ်း များဖြင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြု ကြပါသည်။

အီးအမ်ဆိုသည်မှာ Phototrophic bacteria, Lactic acid bacteria နှင့် Yeast မှိုတို့ အဓိကပါဝင်သော အကျိုးပြုအဏုဇီဝများ  ဖြစ်ပါ သည်။ ဘိုကာရှီဆိုသည်မှာ ဂျပန်ဝေါဟာရဖြစ်ပြီး အကျိုးပြုအဏုဇီဝ (EM) များ တည့်သွင်းမွေးမြူထားသော သဘာဝမြေသြဇာ (သြဂဲနစ်ပစ္စည်း) များကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ မြေဆွေးပြုလုပ်သုံးစွဲရာတွင် အကျိုးပြုအဏုဇီဝများကြောင့် ကောက်ရိုး၊မြေပဲရိုး၊ နှမ်းရိုး စသည့် ကုန်ကြမ်း (Bio – mass) များကို ဆွေးမြေ့စေနိုင်ပါသည်။

စူပါအီးအမ္ဘိုကာရွီ

စူပါအီးအမ်ဘိုကာရှီမြေဆွေးကို စပါးခွံဖွဲနုနှင့် နွားချေးတို့ကို ဆတူရောစပ်ပြီး အီးအမ်ပြင်း(၀.၂၅)လီတာ၊ တင်လဲရည် (၃.၅) လီတာ၊ ဖွဲနု (၃)တင်း၊ စပါးခွံ (၁၂) တင်းနှင့် နွားချေး(၁၅)တင်း အသုံးပြု၍ ပီနန်အိတ် အလုံး(၂၀)ထည့်သွင်းပြုလုပ်ပါက စပါးတစ်ဧကစာ ရရှိပါသည်။

အမြန်သုံးဘိုကာရှီ

အမြန်သုံးစူပါအီးအမ် ဘိုကာရှီမြေဆွေးကို ဆန်ကွဲ(သို့) ဖွဲနု အနည်းဆုံးတစ်ပြည်ကို ရေဖြင့် ခပ်ပျစ်ပျစ်ကျို၍ အအေးခံရပါသည်။ အီးအမ်   ပြင်း(၀.၀၁) လီတာနှင့် တင်လဲရည်(၀.၄၀) လီတာ အသုံးပြု၍ ရောစပ်ပြီး တစ်ဧကမြေဆွေး(၃)ကြိမ် ဖြူးရပါသည်။

အီးအမ်အရည်ဖျန်း

အီးအမ်ဖျော်ရည်ပြင်းကို အသင့်သုံးအီးအမ်ဖျော်ရည်ပြုလုပ်ပြီး မြေပြုပြင်ချိန်တွင် စပါးစိုက်ပြီး (၂) ပါတ်သားနှင့် (၆) ပါတ်သားအချိန်တွင် တစ်ဧက(၂၀) လီတာ (၃) ကြိမ် ပက်ဖျန်းရပါသည်။

ကျေးရွာအမှိုက်လယ်ယာမြေရတနာသိုက်

ကျေးလက်ဒေသများတွင် ထွက်ရှိသော အမှိုက်သရိုက်၊ ပေါင်းပင်၊ လယ်ယာမြေမှ သီးနှံအကြွင်းအကျန်စသည်တို့ကို တောင်သူတစ်ဦး ချင်းသော်လည်းကောင်း၊ တောင်သူများ စုပေါင်း၍သော်လည်းကောင်း၊ အီးအမ်အရည်(သို့မဟုတ်) အီးအမ်ဘိုကာရှီ၊ Trichoderma မှိုတို့ကို အသုံးပြုဆွေးမြေ့စေပြီး အီးအမ်မြေဆွေး (သဘာဝမြေသြဇာ) အဖြစ် အသုံးပြုခြင်း ဖြစ်ပါသည်။

တောင်သူလယ်သမားများသည် ကျေးရွာအမှိုက်လယ်ယာမြေ ရတနာသိုက်ကို ကျယ်ပြန့်စွာ လက်ခံကျင့်သုံးစေခြင်းဖြင့် လယ်ယာစွန့်ပစ် ပစ္စည်းများအား မြေဆွေးအဖြစ် ပြုလုပ်သုံးစွဲနိုင် ခြင်းကြောင့် မိမိတို့ သီးနှံစိုက်ပျိုးမြေ၏ မြေဆီလွှာ ဂုဏ်သတ္တိများကောင်းမွန်စေပြီး သီးနှံအထွက်တိုးရေးကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။

(၄) မီးဖိုချောင်မှ စွန့်ပစ်ပစ္စည်းအီးအမ်မြေသြဇာ။   ။ အိမ်ထောင်စုတစ်စုမှ မိသားစုများ၏မီးဖိုချောင်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို အဖုံးပါသော အမှိုက်ပုံးဖြစ်ပြီး အမှိုက်ပုံးအောက် ခြေတွင် အရည်ထုတ်ပစ်နိုင်သော ရေပိုက်ခေါင်းတစ်ခု တပ်ဆင်ထားပါသည်။ ယင်းအမှိုက်ပုံးတွင် အီးအမ်ဘိုကာရှီကို ထည့်သွင်းအသုံးပြုခြင်းဖြင့် မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများမှာ အနံ့ကင်းစင်စေပြီး ၊ စိုက်ပျိုးပင် များအတွက် မြေဆွေးနှင့် မြေသြဇာအရည်ရရှိစေပါသည်။ မီးဖိုချောင်ထွက် ပစ္စည်းများတွင် အသား၊ ငါးအပိုင်းအစ၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥခွံ၊ ထမင်းကျန်၊ ဟင်းကျန်၊ ဘုရားပန်း စသည်တို့ကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ သို့သော် ပလပ်စတစ် စွန့်ပစ်ပစ္စည်း၊ ပုလင်းကွဲ၊ ပုလင်းခွံ၊ သံဗူးခွံနှင့် ပုပ်နေသောပစ္စည်းများကို မထည့်ရပါ။ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ခင်းများအတွက် အသုံးပြုနိုင်ပါသည်။

(၅) ပဲမြစ်ဖုဇီဝမြေသြဇာ။          ။ ရိုင်ဇိုဘီယမ်ခေါ် ပဲမြစ်ဖုဇီဝမြေသြဇာများ၊ ပဲမျိုးနွယ်ပင် အပင်များ၏ အမြစ်တွင်ဖြစ်ဖုအမြစ်များ တည်ဆောက်နေပြီး လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်သော ရိုင်ဇိုဘီယမ် ဘက်တီးရီးယား များပါဝင်သော မြေသြဇာဖြစ်ပါသည်။ ရိုင်ဇိုဘီယမ် (Rhizobium) ဘက်တီးရီးယားများသည် ပဲမျိုးအလိုက် လေထဲမှ နိုက်ထရိုဂျင်ကို တစ်ဧကလျှင် (၄၀) ပေါင်မှ (၁၅၀)   ပေါင်အထိ ဖမ်းယူပေးနိုင်ပြီး မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွမ်းနှင့် ပဲစင်းငုံသီးနှံအတွက် အသုံးပြုနိုင်ပါသည်။

Source by – လယ်/ဆည်

 

The post ဇီဝမြေသြဇာ သုံးစွဲခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>