စပါးသီးနှံ အဟာရပြည့်ဝပြီး အထွက်နှုန်းတိုးစေရန်အတွက် မိမိစိုက်ပျိုးမယ့် မြေအမျိုးအစားကိုလိုက်ပြီး မြေသြဇာကို စနစ်တကျသုံးစွဲရန် လိုအပ်ပါတယ်။
ဒါ့ကြောင့် စပါးအထွက်တိုးစေရန် စိုက်ပျိုးမယ့်မြေအလိုက် မြေသြဇာကို စနစ်တကျအသုံးပြုခြင်း အကြောင်းကို Pissaya Info မှ တောင်သူဦးကြီးများအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
သစ်စိမ်းမြေသြဇာပင်များ အားအကောင်းဆုံး ထယ်ထိုးမြေမြုပ်ချိန်သည် အပင်အသက် (၄၀ မှ ၄၅) ရက်သားအချိန်ဖြစ်သည်။
အချဉ်ဓာတ်ကဲသောမြေများ ၊ ဒုံပေါက်သောမြေများ ၊ မြေဆီသြဇာ မထက်သန်သော မြေများနှင့် သဲ ဆန်သောမြေများတွင် စပါးခွံများကို မဲသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံ ဖွဲပြာ (Charcoal Rice Husk )ကို တစ်ဧကလျှင် အနည်းဆုံး ၅ တန် နှုန်းထည့်သွင်းအသုံးပြုပေးပါ။
ကန့်ဓာတ်ချို့တဲ့သော စပါးစိုက်မြေများတွင် ဂျစ်ပဆန်မြေသြဇာကို တစ်ဧကလျှင် ဆာလ်ဖာ ၇ပေါင်နှုန်းအား မြေခံထည့်ပေးခြင်းဖြင့် စပါးအတွက် ၂၈% မှ ၃၀% ထိတိုးစေနိုင်ပါသည်။
Source – စိုက်ပျိုးဦးစီးဌာန
The post စပါးအထွက်တိုးစေရန် စိုက်ပျိုးမြေအလိုက် မြေသြဇာကို စနစ်တကျအသုံးပြုခြင်း appeared first on Myanmar Farmers' Portal.