Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အပူပိုင်းဒေသတွင် ဘောစကိုင်းစိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ

$
0
0

(၁) မိုးနည်းရေရှားဒေသဖြစ်သော အပူပိုင်းဇုံတွင် ယာခင်းများပတ်လည်၌ ကြီးထွားမှုလျှင်မြန်သော ဘောစကိုင်းပင်များကို စိုက်ပျိုးခြင်း အားဖြင့် အမြဲစိမ်းလန်းသစ်တောများ (Ever green Forest) အဖြစ် တည်ရှိနေမည်ဖြစ်ပြီး အနီးဝင်းကျင်တွင် မိုးလေ၀သရာသီဥတု (Microclimate) တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။

(၂) ယာသီးနှံခင်းများ၏ လမ်းဘေးတစ်လျှောက်နှင့် စိုက်ခင်းပတ်လည်တို့တွင် လေကာတန်းများအဖြစ် စိုက်ပျိုးပြီး နှစ်စဉ်နှစ်တိုင်း အ ကိုင်းနုနှင့် အရွက်တို့ကို ခုတ်ယူကာ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧက ပတ်လည်တွင် ဘောစကိုင်းလေကာတန်း စိုက်ထားပါက မြေသြဇာအပြင်တစ်နှစ်လျှင် ထင်း(၃)တန်ခန့် ရရှိနိုင်ပါသည်။

(၃) တစ်ဧကလျှင် ဘောစကိုင်းမျိုးစေ့ (၈)ပြီနှုန်းကြဲပတ်ပြီး အပင်များ (၄)ပေမှ (၅)ပေခန့် မြင့်လာသောအခါ မြေထဲသို့ထယ်ဖြင့် ထိုးမြှုပ် သောနည်းဖြင့်လည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။

(၄) ကြက်၊ ၀တ်၊ နွား တို့ကို အစာစိမ်းအဖြစ်ကျွေးပါက ကြီးထွားမှုလျှင်မြန်ပါသည်။

(၅) အရွက်များကို သီးနှံပင်တန်းကြားများအတွင်းသို့ ထည့်ပေးခြင်းဖြင့် ဓာတ်မြေသြဇာကဲ့သို့ သီးနှံအတွက် တိုးစေပါသည်။

(၆) ဘောစကိုင်းတွင် နိုက်ထရိုဂျင် (၂.၁% မှ ၄.၃%)၊ ဖော့စ်ဖရပ်စ် (၀.၂၀%)၊ ပိုတက်ဆီယမ် (၀.၅၆%) ပါဝင်ပါသည်။ အရွက်စိမ်း (၅၀၀) ပေါင်ထည့်ပေးလျှင် အမိုနီယမ်ဆာလ်ဖိတ် (၁၀၀)ပေါင် ထည့်ပေးခြင်းနှင့် တူညီပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post အပူပိုင်းဒေသတွင် ဘောစကိုင်းစိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>