ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် – ၁၀၀၀ဂရမ်
ဆန်မှူန့် – ၂၀၀ ဂရမ်
ရေသန့် – ၄၀၀ml
ဆား ထမင်းစားဇွန်းဝက်
ရောင်စုံ food colour
အုန်းသီးခြစ်ပြီးသား တစ်လုံးခန့်
ထန်းလျက်ခဲ.. ၁၅ကျပ်သား
ပြုလုပ်နည်း
ပထမဦးစွာ ကောက်ညှင်းမှူန့်၊ ဆန်မှူန့်၊ ဆား၊ ရေသန့်တို့ကိုဇလုံတစ်ခုတည်းထည့်၍ သမအောင်ရောနယ်ထားပါ။
ရရှိလာသောမုန့်နှစ်များ ၅ပုံ ခွဲ၍ အရောင် တစ်ရောင်ခြင်းစီစပ်ကာ နယ်ထားပါ။ထန်းလျှက်ခဲကို၎စိတ် စိတ်၍ မုန့်နှစ်နှင့်အတူအလုံး ပုံသဏ္ဍန်လေးဖြစ် အောင်ရောလုံးပါ။
တစ်ရောင်ခြင်းစီ လုံးပြီးပါက ရေသန့် ၃လီတာခန့်အိုးထဲ ဆူပွက်အောင်တည်ပြီး မုန့်လုံးလေးများထည့်ပြုတ်ပါ ။
ဆူပွက်နေသောရေပေါ်သို့ မုန့်လုံးလေးများတက်လာပါက ဆယ်ယူပြီး ရေအေး ဇလုံထဲ ၁၀မီနစ်ခန့်စိမ်ပြီးမှ ဆယ်ယူပါ။
မုန့်လုံးရေပေါ် လေးများကို အုန်းသီးခြစ်ပြီးသားလေးများဖြူကာ သုံးဆောင်နိုင်ပါဖြစ်ပါတယ်။
နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာမုန့်လုပ်နည်း တွေကို ထပ်မံတင်ဆက်ပေးပါမယ်။
Pissaya Info
The post ရောင်စုံမုန့်လုံးရေပေါ် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.