မြက်မျိုးရင်းဝင်ပေါင်း
မြက်သီး (မြက်ချို၊ ခွေးမြီးပုတ်)
တစ်နှစ်ခံမြက်ဖြစ်သည်။ စွတ်စိုသောမြေကို ကြိုက်နှစ်သက်သည်။ မျိုးစေ့အားဖြင့် မျိုးပွားသည်။ မျိုးစေ့များသည် (၃-၄)လအထိ အစေ့ငုတ် နေနိုင်သည်။ အစေ့များသည် ရေအောက်၌ရှိသော်လည်း အပင်ပေါက်နိုင်သည်။ မျိုးစေ့ အမြောက်အများ ထုတ်နိုင်သည်။ အပင်တစ်ပင်မှ အစေ့ (၄၀၀၀၀) အထိ ထုတ်နိုင်သည်။ အပင်ငယ်စဉ်၌ စပါးပင်နှင့် အလွန်တူသောကြောင့် လက်ပေါင်းလိုက်ရာ၌ ကျန်ရစ်ခဲ့တတ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းအား အလွန်ကောင်း သဖြင့် စပါးအထွက် ၁၀၀ % အထိ လျော့နဲနိုင်သည်။
စပါးပင်ပုဗိုင်းရပ်စ်ရောဂါ (Rice dwarf virus disease) နှင့် စပါးရွက်စင်းဗိုင်းရပ်စ်ရောဂါ (Rice stripe virus disease) Tungro virus၊ စပါးရွက် စင်းဗိုင်းရပ်စ်ရောဂါ (Rice stripe virus disease)၊ Tungro viru၊ စပါးဂုတ်ကျိုးရောဂါ (Rice blast) စသည့် ရောဂါဖြစ်စေနိုင်သော သက်ရှိများကို လက်ခဲလွှဲပင်အဖြစ် ဆောင်ရွက်နိုင်သည်။ 2-4,D ကဲ့သို့ Phenoxy Herbicide များကို ဆက်တိုက်သုံးစွဲခြင်းဖြင့် ၄င်းကဲ့သို့ မြက်များပို ၍ ပေါက် ရောက်စေနိုင်သည်။
ဒေါင်းမြီးပျံ
တစ်နှစ်ခံ (သို့) နှစ်ရှည်ခံမြက် ဖြစ်သည်။ အစေ့အားဖြင့် မျိုးပွားသည်။ အပင်ဆစ်ပိုင်းဖြတ်နှင့် အမြစ်ဆုံတို့မှလည်း မျိုးပွားနိုင်သည်။ ရွံ့ နွံ၌ ကောင်းစွာ ရှင်သန်နိုင်သော်လည်း ရေအဆက်မပြတ် လွှမ်းနေလျှင် မရှင်သန်နိုင်၊ ထို့ကြောင့် တိုက်ရိုက်အစေ့ချစပါးခင်းများ ၌ ပို၍ ပေါက်ရောက်သည်။ ယာသီးနှံများ၌လည်း ပေါက်နိုင်သည်။
ဆိုးရွားသောပေါင်းဖြစ်ပြီး စပါးပင်နှင့် အလင်းရောင် အာဟာရအတွက် ယှဉ်ပြိုင်ပြီး စပါးအထွက် ၄၀% ကျော်အထိ လျော့နဲနိုင်သည်။ စပါး အ၀ါရောင်ပင်ပုရောဂါ (Rice yellow dwarf virus) ဖြစ်စေသည် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial leaf blight) ဖြစ်သည့်မှိုများနှင့် ရွက်လိပ်အိမ်ပိုး (case worm) တို့ကို လက်ခံပွားများစေသည်။
ကချေသည်မြက်
တစ်နှစ်ခံမြက်၊ မျိုးစေ့အားဖြင့်မျိုးပွားပြီး ၄င်းအစေ့များသည် အစေ့ငုပ်နေနိုင်စွမ်းရှိသည်။ စိုစွတ်သောမြေကို ကြိုက်နှစ်သက်သည်။ အစေ့များသည် အလွယ်အကူ ကြွေကျနိုင်စွမ်းရှိသည်။ မျိုးဆက် မပြတ်တော့ပါ။ အပင်ပိုင်း ကြီးထွားကာလ၌ စပါးပင်နှင့် အလွန်တူသောကြောင့် လက်ပေါင်း လိုက်ရာ၌ခက်ခဲသည်။
အလွန်ယှဉ်ပြိုင်နိုင်စွမ်းအားကောင်း၍ (၁)မီတာပတ်လည်၌ အပင် (၈၀) ရှိပါက စပါးအထွက်ကို (၈၂)% အထိ လျော့နည်းနိုင်သည်။ ရွက်လိပ်အိမ်ပိုးအတွက် လက်ခံလွှဲပင် အဖြစ် ဆောင်ရွက်သည်။
သမန်းမြက်
နှစ်ရှည် ၊ ရေကြိုက်ပေါင်းဖြစ်သည်။ မျိုးစေ့၊ ရိုင်ဇုမ်း၊ စတို လွန်တို့ဖြင့် မျိုးပွားနိုင်သည်။ ရေအမြဲဖုံးလွှမ်းနေသော နေရာများတွင် ရှင်သန်နိုင်သည်။ စပါးအထွက် (၆၀) အထိလျော့နဲနိုင်သည်။
စပါးအ၀ါရောင် ပင်ပုဗိုင်းရပ် (Rice yellow dwarf virus) ၊ Brown Spot (Cochliobolus miyabeanus) စပါးဖြုတ်ညို၊ ရွက်လိပ်အိမ်ပိုးတို့၏ လက်ခံလွှဲပင်ဖြစ်သည်။
The post လယ်စပါးသီးနှံတွင် အဓိကပေါက်ရောက်သော မြက်မျိုးရင်းဝင်ပေါင်းပင်များ appeared first on Myanmar Farmers' Portal.