ရွက်ပြန့်ပေါင်း
ကတောက်ဆက်
နှစ်ရှည်ရေကြိုက်ပေါင်းဖြစ်သည်။ စပါးခင်း၌ တစ်နှစ်ခံပင် အဖြစ် ပေါက်ရောက်သည်။ အစေ့အားဖြင့် မျိုးပွားသည်။ နိုက်ထရိုဂျင် မြေသြဇာများသောမြေ၌ ပို၍ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသည်။ စပါးအထွက် (၈၅)% အထိ လျော့နည်းနိုင်သည်။ စပါးဖြုတ်ညို (Brown Planthopper) ၏ လက်ခံလွှဲပင် ဖြစ်သည်။
လယ်လေးညင်း
တစ်နှစ်ခံပေါင်း၊ မျိုးစေ့အားဖြင့် မျိုးပွားသည်။ စွတ်စိုသောမြေနှင့် ရေလွှမ်းနေသည့် မြေတို့၌ အချို့ မျိုးစေ့များသည် ချက်ချင်းပြန်ပေါက်နိုင်သည်။ ယှဉ်ပြိုင် နိုင် စွမ်းအားကောင်းသည့် ပေါင်းဖြစ်ပြီး စပါးအထွက် (၅၀ – ၈၀)% ထိ လျော့နည်းနိုင်သည်။
လက်ပဒူ
တစ်နှစ်ခံပေါင်း၊ မျိုးစေ့အားဖြင့် မျိုးပွားသည်။ စွတ်စိုသော မြေတွင် ပေါက်ရောက်ပြီး ရေရရှိသောနေရာများကို ပို၍နှစ်သက်သည်။ တစ်နှစ်ပတ် လုံးပေါက် ရောက်ပြီး ရေရှိသောနေရာများကို ပို၍နှစ်သက်သည်။ တစ်နှစ်ပတ်လုံး ပေါက်ရောက်ပြီး ပန်းပွင့်နိုင်သည်။ စပါးအထွက် (၄၅)% လျော့ နည်းနိုင်သည်။
မှိုနတို
ရေနေပေါင်းဖြစ်ပြီး ရိုင်ဇုမ်းနှင့် စပိုးများမှ မျိုးပွားသည်။ ရေသွင်းမြောင်းနှင့် လယ်စပါးခင်းများတွင် အမြဲရှင်သန်နိုင်ပြီး စပါးအထွက် ၇၀%ထိ လျော့ နည်းနိုင်သည်။
ဗေဒါ
နှစ်ရှည်ရေကြိုက်ပေါင်းဖြစ်သည်။ မျိုးစေ့နှင့် သားတက်မှ မျိုးပွားသည်။ မြစ်ချောင်း၊ အင်းအိုင်များမှာ ရှင်သန်ပေါက်ရောက်သည်။ ရေစီးကြောင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် ရေနက်စပါးခင်းသို့ ရောက်ရှိ ပွာများသည်။ လျင်မြန်စွာ ပွားများနိုင်ပြီး စပါးပင်အားအရိပ်မိုး၍ ရေနက်စပါးခင်းအား လုံးဝပျက်ဆီးနိုင် ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post လယ်စပါးသီးနှံတွင် အဓိကပေါက်ရောက်သော ရွက်ပြန့်ပေါင်းပင်များ appeared first on Myanmar Farmers' Portal.