Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မတ်ပဲသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

$
0
0

၁။ ပိုးမွှားရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
(ဥပမာ – ရေဆင်း – ၂၊ ရေဆင်း – ၄၊ ရေဆင်း – ၆၊ ပုလဲထွန်း)

၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၈ – ၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။

၃။ မြေချဉ်ငံဓာတ် (၆.၅ – ၇) ရှိပြီး ရေသွင်း ရေထုတ်လွယ်ကူသည့် စနယ်မြေစေး၊ နုံးမြေ၊ သဲနုံးမြေတို့တွင် စိုက်ပျိုးပါ။

၎။ မြန်မာပြည်အလယ်ပိုင်းတွင် မိုးကြိုရာသီ၌ မေလနှင့် ဇွန်လ၊ မိုးနှောင်းတွင် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း စိုက်ပျိုးပါ။

၅။ မြန်မာပြည်အောင်ပိုင်းတွင် မိုးနှောင်းရာသီ၌ အစိုဓာတ်မီစေရန် နိုဝင်ဘာလအတွင်း အပြီး စိုက်ပျိုးပါ။

၆။ မိုးကြို၊ မိုးနှောင်းရာသီများတွင် အပင်ဦးရေ (၁၃၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း ( ၆ – ၈) ပြည်သုံးစွဲပါ။

၇။ မိုးရာသီတွင် အပင်ဦးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄ – ၆) ပြည် သုံးစွဲပါ။

၈။ မြေပြင်ချိန်တွင် တစ်ဧကနွားချေး (၁၀၀ – ၁၅၀) တင်း ပုလဲ (၈)ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။

၉။ ဂျစ်ပဆန် မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်းထည့်ပေးပါ။

၁၀။ မြေအောင်းပိုး ကာကွယ်ရန် တစ်ဧကလျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။

၁၁။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

၁၂။ အ၀ါရောင်မိုစေ့ (ပင်ဝါ) ရောဂါမဖြစ်စေရေးအတွက် ၄င်းရောဂါကို ဖြစ်စေသည့် ယင်ဖြူကို ကာကွယ်ရန် နှစ်ပတ်သားမှ စ၍ ပင်လုံးပြန့်အာနိသင်ရှိသည့် ပိုးသတ်ဆေး တစ်မျိုးမျိုး ဖျန်းပါ။

၁၃။ ပန်းပြချိန်မှ ။သီးကင်းဝင်ချိန်အတွင်း ပုလဲ +လက်ချားဖျော်ရည်ကို တစ်ဧက (၅ – ၆) ပုံးဖျန်းပါ။ (ရေတစ်ဂါလန်တွင် ပုလဲဟင်းစားဇွန်း (၄) ဇွန်း၊လက်ချားဟင်းစားဇွန်း (၁)ဇွန်း ထည့်ပါ။

၁၄။ သီးတောင့်များ အ၀ါရောင်/ အညိုရောင်များပြောင်းချိန်နှင့် သီးတောင့်အတွင်း အစေ့မာချိန်တွင် ရိတ်သိမ်းရမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post မတ်ပဲသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>