Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးကို ပျိုးသက်⁠နု စိုက်ပျိုးနည်းစနစ် (SRI) ⁠နှင့် ⁠ဘောင်ပျိုးစိုက်နည်းစနစ် စိုက်ပျိုး⁠ကြသူများ လိုက်နာ⁠ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ

$
0
0
မြန်မာနိုင်ငံမှာ ဆန်စပါးဟာ အဓိက စိုက်ပျိုးတဲ့ သီးနှံတစ်မျိုးဖြစ်သလို အဓိက စားသုံးတဲ့ သီးနှံ တစ်မျိုးလည်း ဖြစ်ပါတယ်။
 
ဒီနေ့ မှာပျိုးသက်နု စိုက်ပျိုးနည်းစနစ် (SRI) နဲ့ ဘောင်ပျိုးစိုက်နည်းစနစ် စိုက်ပျိုးကြတဲ့ တောင်သူဦးကြီးများအတွက် လိုက်နာသင့်တဲ့ လုပ်ငန်းစဉ်များကို Pissaya Info မှ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
 
 
ပျိုးသက်နု စိုက်ပျိုးနည်းစနစ် (SRI)
 
– တစ်ဧကမျိုးစပါး နို့ဆီဗူး (၁၀) ဗူးသာ အသုံးပြုပါ။
 
– ပင်ကြား တန်းကြား (၁၀ x ၁၀) လက်မ ပတ်လည် စိုက်ပျိုးပါ။
 
– (၈ – ၁၂) ရက်သားပျိုးပင်ကို တစ်ပင်ချင်း စိုက်ပျိုးပါ။
 
– သဘာဝမြေသြဇာ (နွားချေးဆွေး) ကို လှည်း (၁၀ – ၁၅) စီးထည့်ပါ။
 
– ရေသွင်းရေခန်းစနစ်ကို အသုံးပြုပါ။
 
– သမန်းနိုးကိရိယာဖြင့် (၁၀) ရက် ခြားတစ်ကြိမ်၊ (၃)ကြိမ် ပြုလုပ်ပါ။
 
– သဘာဝနည်းဖြင့် ဖော်စပ်သော ပိုးသတ်ဆေးများကို အသုံးပြုပါ။
 
ဘောင်ပျိုးစိုက်နည်းစနစ်
 
– တစ်ဧကမျိုးစပါး (၆ – ၈) ပြည် အသုံးပြုပါ။
 
– ပင်ကြားတန်းကြား (၈ x ၆) လက်မ စိုက်ပျိုးပါ။
 
– နွားချေးဆွေးလှည်း (၅ – ၁၀) စီးနှင့် ပုလဲ (၁.၅) အိတ် ၊ တီစူပါ အိတ်ဝက်၊ ပိုတက်ရှ် (၁/၄) အိတ်၊ ကွန်ပေါင်း (၁) အိတ် ကို တစ်ဧက စာ အသုံးပြုပါ။
 
– ရေသွင်း ရေခမ်းစနစ် ကျင့်သုံးပါ။
 
– သမန်းနိုးကိရိယာဖြင့် (၁၀)ရက် ခြားတစ်ကြိမ်၊ (၃) ကြိမ် ပြုလုပ်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးကို ပျိုးသက်⁠နု စိုက်ပျိုးနည်းစနစ် (SRI) ⁠နှင့် ⁠ဘောင်ပျိုးစိုက်နည်းစနစ် စိုက်ပျိုး⁠ကြသူများ လိုက်နာ⁠ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>