မိုးမြေပဲ ကို (မေလ မှ ဇွန်လ) ၊ စကမြေပဲ ကို (သြဂုတ်လ) ၊ ဆောင်းမြေပဲ ကို စက်တင် ဘာလနဲ့ နိုင်ဝင်ဘာလ) လများမှာစိုက်ပျိုးကြပါတယ်။
မြေပဲ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို Pissaya Info မှ တောင် သူဦးကြီးများသိရှိစေရန် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ အထွက်ကောင်းမျိုး (ဆင်းပဒေသာ – ၇၊ ဆင်းပဒေသာ – ၁၁၊ ဆင်းပဒေ သာ – ၁၂၊ တွန်တာနီ) များကို စိုက်ပျိုးပါ။ တစ်ဧကလျှင် မျိုးစေ့ (၁.၅ မှ ၂) တင်းနှုန်း စိုက်ပါ။
၂။ မြေချဉ်ငံဓာတ် (၅.၅ မှ ၇) အတွင်းရှိ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေ များတွင် ဖြစ်ထွန်းသည်။ ထယ်ရေးနက်နက် ၊ ထွန်ရေးညက် ညက်ပြုပြင်၍ မြေတွင်းအောင်း ရောဂါပိုးမွှား ကာကွယ်ရန် တစ်ဧကလျှင် (၁) ကီလိုဂရမ်ပါ ဖျူရာဒန် ( ၃ မှ ၆) ထုပ်နှုန်း စိုက်ကြောင်း အတွင်း ထည့်ပေးပါ။
၃။ မိုးမြေပဲ (မေလ မှ ဇွန်လ) ၊ စကမြေပဲ (သြဂုတ်လ) ၊ ဆောင်းမြေပဲ (စက်တင်ဘာလမှ နိုင်ဝင်ဘာလ) စိုက်ပျိုးပါ။
၎။ ပင်ထောင်မြေပဲ ကို တန်ကြား (၁၂ မှ ၁၅ လက်မ) x ပင်ကြား (၄ လက်မ) ၊ ပင်ပြန့်မြေပဲကို တန်းကြား (၁၈) လက်မ x ပင်ကြား (၆) လက်မ စိုက်ပျိုးပါ။
၅။ တစ်ဧကလျှင် နွားချေး / မြေဆွေး လှည်း (၅ မှ ၁၀) စီးနှုန်း၊ ပုလဲ (၈ မှ ၁၆) ပြည်၊ တီစူပါ (၂၃ မှ ၃၁)ပြည်၊ ပိုတက် (၈) ပြည်နှုန်းထည့်ပေးပါ။ တစ်ဧကလျှင် လချေးမြေသြဇာ (၃၀ မှ ၄၀) ပြည်နှုန်းကို မြေခံ (သို့) နောက်ဆုံး ကြားလိုက်ချိန် (အစိုဓာတ်ရှိချိန်) အပင်ခြေထည့်ပေးပါ။ ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ဧက (၁) ထုပ်နှုန်း မျိုးစေ့နှင့် လူးနယ် စိုက်ပျိုးပါ။
၆။ အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်ပါက ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြ များ ကျရောက်တတ်ပါက ပင်လုံးပြန့်ထိတွေ့ ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်းထည့်ပါ။ ရွက်ပြောက်ရောဂါကျရောက်တတ်ပါက မှို သတ်ဆေးဖြင့် ကာကွယ်ပါ။ အပင်သက်တမ်းပြည့်ချိန်အရွက်များ ရင့်ဝါ လာပါက နှုတ်သိမ်းပြီး မြေပဲတောင့်များကို ခပ်ပါးပါးဖြန့်၍ အစိုဓာတ် (၆ မှ ၉) ရာခိုင်နှုန်းအထိ အခြောက်ခံပြီး လေလုံစွာ သိုလှောင်ပါ။
#စိုက်ပျိုးရေးနည်းပညာ
#Pissaya_Info
The post မြေပဲသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ appeared first on Myanmar Farmers' Portal.