Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အ⁠စေ့ထုတ်ေ⁠ပြာင်းသီး⁠နှံ စိုက်ပျိုး⁠ရေးဆိုင်ရာ အ⁠လေ့အကျင်း⁠ကောင်းများ

$
0
0

(၁) အထွက်ကောင်းမျိုး (စီပီ – ၈၈၈၊ စီပီ – ၂၂၂၊ ရေဆင်း – ၁၀၊ ရေဆင်း – ၁၁) စပ်မျိုးများကို စိုက်ပျိုးပါ။

(၂) မြေချဉ်ငံဓာတ် (၆ မှ ၇) အတွင်းရှိ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများတွင် စိုက်ပျိုးပါ။

(၃) ထယ်ရေးနက်နက် ၊ ထွန်ရေးညက်ညက် ရရှိအောင် ဆောင်ရွက်ပါ။

(၄) မိုးရာသီ (မေလဆန်းမှ ဇွန်လကုန်)၊ ဆောင်းရာသီ (စက်တင်ဘာလမှ အောက်တိုဘာလ) အတွင်း စိုက်ပျိုးပါ။

– စပ်မျိုးပြောင်းဖြစ်ပါက မျိုးစေ့နှုန်း တစ်ဧက (၂.၅)ပြည် စိုက်ပျိုးပါ။

– မျိုးစေ့ကို (၂ လက်မ မှ ၂ လက်မခွဲ) အနက်ထက် မပိုပဲ မျိုးစေ့ချ စိုက်ပျိုးပါ။

– တစ်ဧက အပင်ဦးရေ (၂၀၀၀၀ မှ ၂၅၀၀၀) ထိရရှိအောင် တန်းကြား (၂) ပေ (၆) လက်မ၊ ပင်ကြား (၉) လက်မ ထား၍ စိုက်ပျိုးပါ။

(၅) – မြေပြင်ချိန်တွင် ပုလဲ (၁၄) ပြည် ၊ တီစူပါ (၁၈) ပြည်၊ ပိုတက်ရှ် (၉) ပြည်။

– ကြားထွန်လိုက်ချိန်တွင် (၂၀ မှ ၂၁) ရက်သားတွင် ပုလဲ (၁၄) ပြည်၊ ပိုတက်ရှ် (၅) ပြည်။

– ဘောင်တင်ချိန် (၃၅ မှ ၄၀) ရက်သားတွင် ပုလဲ (၁၄) ပြည်၊ ပိုတက်ရှ်(၅) ပြည် ထည့်သွင်းပါ။

(၆) အပင် (၂) ပတ်သားတွင် တစ်ကျင်း (၁) ပင်ချန် သားခွဲရမည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တည်ချိန် အစိုဓာတ်မလုံလောက်ပါက ရေသွင်းပေးပါ။

(၇) အပင်ငယ်စဉ် – ပျပိုး နှင့် ပင်ညှိုးရောဂါ/ အပင်ကြီးချိန် – ပင်စည်ထိုးပိုးနှင့် ပြောင်းရွက်နာကျ၊ ရွက်ဖုံးပုပ်ရောဂါများ/ သိုလှောင်စဉ်

– ပြောင်းစေ့ထိုးပိုးများ ကျရောက်ဖျက်ဆီးတက်သည်။

(၈) ပြောင်းဖူးဖက်များ အ၀ါရောင်သမ်းစပြုချိန် (၈၀ မှ ၉၀) ရာခိုင်နှုန်း ခြောက်သွေ့ချိန် ရိတ်သိမ်းပါ။

(၉) ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ (၅ – ၇)ရက်ခန့် နေလှန်းပြီး အစိုဓာတ် (၁၅) ရာခိုင်နှုန်းရှိချိန်တွင် ခြွေပေးရမည်။ အခြောက်ခံပြီး အစေ့များအစိုဓာတ်

(၁၂) ရာခိုင်နှုန်းရှိချိန် သန့်စင်ပြီး စနစ်တကျ သိုလှောင်ရမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post အ⁠စေ့ထုတ်ေ⁠ပြာင်းသီး⁠နှံ စိုက်ပျိုး⁠ရေးဆိုင်ရာ အ⁠လေ့အကျင်း⁠ကောင်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>