Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပဲလွမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

$
0
0

၁။ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းမျိုးကို စိုက်ပျိုးပါ။
(ဥပမာ – ရေဆင်း – ၁၊ ရေဆင်း – ၂၊ ရေဆင်း – ၃၊ အမေရိကန် ပဲလွမ်းဖြူ)

၂။ ရေသွင်း၊ ရေထုတ်ကောင်းမွန်ပြီး မြေသြဇာ ထက်သန်သော မြေတွင် စိုက်ပျိုးပါ။

၃။ မြန်မာပြည်အထက်ပိုင်းတွင် မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်တွင် စိုက်ပျိုးပါ။

၎။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းရာသီသီးထပ်စိုက်ပါက မြေတွင်း အစိုဓာတ်မီစေရန် နိုဝင်ဘာလအတွင်း အပြီး စိုက်ပျိုးပါ။

၅။ မျိုးစေ့နှုန်း (၈ – ၁၂) ပြည် သုံးစွဲပြီး တန်းကြား x ပင်ကြား (၂၄ လက်မ x ၆ လက်မ) ထား၍ စိုက်ပျိုးပါ။

၆။ မြေပြင်ချိန် တစ်ဧကတွင် နွားချေးမြေသြဇာကို (၁၀၀ – ၁၅၀) တင်းနှုန်း၊ ပုလဲ (၈) ပြည်/ တီစူပါ (၂၄) ပြည် နှင့် ပိုတက်ရှိ(၁၂)ပြည် နှုန်းထည့်ပါ။

၇။ စိုက်ချိန်တွင် ဂျစ်ပဆန်မြေသြဇာကို တစ်ဧကလျှင်ပြည် (၂၀) နှုန်းထည့်ပါ။

၈။ မြေအောင်ပိုးကာကွယ်ရန် စိုက်ကြောင်းထဲတွင် တစ်ဧကလျှင် ဖျူရာဒန် (၅ – ၆) ထုပ်ထည့်ပါ။

၉။ အပင် (၂) ပတ်သားမှ ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

၁၀။ အ၀ါရောင်မိုစေ့ရောဂါကို ဖြစ်စေသည့် ယင်ဖြူကို ကာကွယ်ရန် (၂) ပတ်သားမှစ၍ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပါ။

၁၁။ ပန်းပွင့်ချိန်မှ သီးကင်းဝင်ချိန်ထိ ပုလဲ + လက်ချားဖျော်ရည်ကို တစ်ဧကတွင် (၅ – ၆) ပုံးဖျန်းပါ။
(ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း၊ လက်ချား ဟင်းစားဇွန်း (၁) ဇွန်း ထည့်ပါ)

၁၂ သီးတောင့်များ ကောက်ရိုးရောင်ပြောင်းချိန်၊ သီးတောင့်အတွင်း အစေ့မာချိန်တွင် စက်(သို့) လက်ဖြင့် ရိတ်သိမ်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲလွမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles