Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင် စိုက်ပျိုးနည်း

$
0
0

ရာသီဥတုပြောင်းလဲလာခြင်းများကြောင့် နှစ်ရှည်သီးနှံပင်များ ထိခိုက်မှုကို ကာကွယ်ရန် မြေပြန့်ဒေသနှင့် တောင်တန်းဒေသများတွင်လည်း သီးနှံများကို စိုက်ပျိုးသော အခါနည်းလမ်းများကို သိရှိထားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် သီးနှံ စိုက်ခင်းများနှင့် သစ်တောများဆက်စပ်မှုရှိရန် လိုအပ်ပါသည်။ သစ်တောများဆက်စပ်မှုရှိရန် လိုအပ်ပါသည်။ သစ်တောသစ်ပင်များ ရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးသီးနှံများအတွက် အရွက်ကြွေများမှလည်း သဘာ ၀မြေသြဇာများကို ရရှိစေပါသည်။

သစ်ပင်သစ်တောများ ရှိနေခြင်းသည် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့် သစ်တော များအနီး တွင် စားပင်၊ သီးပင်များကို စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးခြင်းကို (သစ်နှံသစ်တော ရောနှောစိုက်ခြင်း) ဟုခေါ်ပါသည်။ အကြောင်းမှာ စိုက်ပျိုးသီးနှံများ အောင်မြင်စေရေးတို့အတွက် သစ်ပင်သစ်တောများက စိုက်ပျိုးသီးနှံများကို သစ်ပင်သစ်တောများက စိုက်ပျိုးသီးနှံများကို အထောက် အကူ ဖြစ်စေသော ရေချိုများ၊ သဘာဝမြေသြဇာများ၊ ပတ်ဝန်းကျင်စိမ်းလန်းမှုများကို ရရှိစေပါသည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံအပူပိုင်းဇုန်ဒေသများနှင့် ကိုက်ညီပြီး ရာသီဥတု ပြောင်းလဲပေးနိုင်မှု ဖြစ်စေမည့် အပြင် ပြည်ပပို့ကုန် အဖြစ် ဈေးကွက် ၀င်ပြီး နိုင်ငံခြားဝင်ငွေများကို ရှာဖွေပေးမည်။ အထူးသဖြင့် မိသားစုဝင်ငွေ တိုးတက်ရရှိနိုင်မည့် လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင် များကို ရောနှောစိုက်ခင်းများအဖြစ် တိုးချဲ့ စိုက်ပျိုးသွားရန် လိုအပ်လှပါသည်။

စိုက်ပျိုးချိန်

လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန် မိုးခေါင်ရေရှားဝန်းဒေသများတွင် ရာသီဥတုကောင်းမွန်ရေးအတွက် တစ်အုပ်တစ်မစိုက်ခင်းများ၊ အမြဲစိမ်းတောကြီးများအဖြစ် စိုက်ပျိုးသွားကြရန် လိုအပ်ပါသည်။ လျှော်ဖြူပင် (ခေါ်) ဆေးကုလား မပင်သည် နှစ်ရှည်သီးနှံ ပင်ဖြစ်သဖြင့် နိုင်ငံတော်၏ တောရိုင်းမြေများ၊ တောင်သူလယ်သမားကြီးများ၏ လယ်မြေ၊ ယာမြေများ၏ လေးဝဲယာတွင် လေကာပင်များအဖြစ် လည်းကောင်း၊ နေအိမ်ခြံဝန်း၊ စည်းရိုးများနှင့် သင့်အိမ်တွင် မြေပိုနေလျှင် လျှော်ဖြူပင်ကို တိုးချဲ့ စိုက်ပျိုးသင့်ပါသည်။

လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင်ကို စိုက်ပျိုးရန်အတွက် ပထမဦးစွာ တောရှင်းခြုံခုတ်ခြင်း၊ မြေနေရာရှင်းလင်းခြင်းများကို ကြိုတင်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လျှော်ဖြူပင်ကို စိုက်ပျိုးရာတွင် မိုးဦးကျသည်နှင့် မေလ၊ ဇွန်လ၊ဇွန်လိုင်လများတွင်စတင်စိုက်ပျိုးနိုင်ပါသည်။ လျှော်ဖြူပင်အကြိုက် ဆုံးမြေမှာ နုန်းမြေများဖြစ်ပြီး မြေနီခံသဲဝန်း၊ မြေနီခဲသဲနုန်း၊ ကျောက်စရစ်မြေများ၊ စနယ်မြေနယ်များတွင်လည်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးနည်းစနစ်

လျှော်ဖြူပင်ကို စိုက်ပျိုးရန်အတွက် ပင်ကြား ၁၂ပေ၊ တန်းကြား ၁၂ ပေ၊ နှစ်ပေအနက်၊ နှစ်ပေကျယ် မြေကျင်းများကိုတူးပြီး တစ်ကျင်းလျှင် တစ်ကျင်း လျှင် မြေဆွေးနှစ်ပြည်သာထည့်ကျွေးပြီး အိတ်ထည့်ပြီး ပျိုးထားသော ပျိုးပင်ပေါက်များကို စိုက်ပျိုးနိုင်ပါသည်။ လျှော်ဖြူပင်များကို အပင်ပြု စုစောင့်ရှောက်ပေးခြင်းအနေဖြင့် စိုက်ခင်းများအကြား နွားထယ်၊ နွားထွန်ဝင်ပေးခြင်း၊ ပေါင်းမြက်ရှင်းလင်းပေးခြင်းများကို နှစ်လလျှင် တစ်ကြိမ် ခန့် ဆောင်ရွက်ခြင်းများနှင့် အတူ မြေဆွေးနှင့် ဓာတ်မြေသြဇာများကိုလည်း ကျွေးပေးပြီးပြုစုစောင့်ရှောက် သွားရန်လိုအပ်ပါသည်။

လျှော်ဖြူပင်များအကြား crop – ping patten သီးနှံပုံစံများအဖြစ် ဥပမာ လျှော်ဖြူပင် (မူရင်းသီးနှံ) + ခရန်းချဉ်သီး (သီးညှပ်သီးနှံ) လျှော်ဖြူပင် (မူရင်းသီးနှံ) + ပဲတောင့်ရှည် (သီးညှပ်သီးနှံ) များအဖြစ်လျှော်ဖြူ + ရုံးပတီ လျှော်ဖြူ + ခရမ်း။ လျှော်ဖြူ + နှမ်း + လျှော်ဖြူ +မြေပဲ။ လျှော်ဖြူ + ဟင်းသီးဟင်းရွက်။ လျှော်ဖြူ + သစ်သီးဝလဲ၊ မာလကာ ၊ သံပရာအပါအ၀င် သီးနှံသစ်တော ရောနှော စိုက်ခင်းများအဖြစ် စိုက်ပျိုးနိုင်ပါသည်။ လက်တွေ့လည်း စိုက်ပျိုးလျက်ရှိ ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိမြို့ နယ်များတွင် ယခုအခါလျှော်ဖြူပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပါသည်။

လျှော်ဖြူပင်များမှာ ငါးနှစ်၊ ခြောက်နှစ်မှစတင်၍ လျှော်ဖြူအစေးများကို စတင်ရယူနိုင်ပါသည်။ လျှော်ဖြူပင်သည် နှစ်ပေါင်း ၃၀ အထိ လျှော်ဖြူစေးများကို ထုတ်ယူနိုင်သည်။ လျှော်ဖြူစေးများကို ဆေးကုလားမအဖြစ် ရယူစားသုံးနိုင်ပါသည်။ အထူးသဖြင့် လျှော်ဖြူစေးများမှာ ကားမှန်များပြုလုပ်ရာတွင် အသုံးဝင်ပါသည်။ လျှော်ဖြူစေးများဖြင့်လည်း လူတို့ရဲ့ အသုံးအဆောင်ပစ္စည်းများကို ပြုလုပ်သုံးစွဲလျက်ရှိကြောင်း သိရပါသည်။ လျှော်ဖြူစေးများ ကို မြန်မာနိုင်ငံတွင်လည်း ဈေးကောင်းပေး၍ ၀ယ်ယူလျှက်ရှိပါသည်။ လျှော်ဖြူစေးသည် ယခုအခါ နိုင်ငံတကာ ဈေးကွက်တွင် ထိပ်ဆုံးမှ ပါဝင်နေပြီး နိုင်ငံခြားဝင်ငွေကိုလည်း ရရှိစေနိုင်ပါသည်။ လျှော်ဖြူပင်များသည် သဘာဝပတ်ဝန်းကျင်များကို စိမ်းလန်းစေပြီး ထိန်းသိမ်းပေးနိုင်ပါ သည်။ လျှော်ဖြူပ င်များမှ ကာဗွန်ဓာတ်များကို အများဆုံးစုပ်ယူပြီး အောက်စီဂျင်ဓာတ်များကို ထုတ်ပေးပါသည်။ လျှော်ဖြူပင်များသည် အပူဒဏ်နှင့် မိုးခေါင်ဒဏ်များကို ခံနိုင်ပြီး အရွက်များမှလည်း တစ်နှစ်ပတ်လုံး အမြဲစိမ်းစေနိုင်သဖြင့် အမြဲစိမ်းတောများအဖြစ် တည်ထောင်စိုက်ပျိုးနိုင်ပါသည်။

မြန်မာတောင်သူကြီးများ မိသားစုဝင်ငွေတိုး ရရှိစေရေးနှင့် တောတောင်သာယာရေး၊ တစ်အုပ်တစ်မစိုက်ခင်းများ ဖြစ်ပေါ်စေရေးတို့အတွက် အဖိုးတန်လှသော လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင်များကို တိုးချဲ့ စိုက်ပျိုးပေးသင့်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>