– အထွက်ကောင်းနှမ်းမျိုး (ဆင်းရတနာ – ၃၊ ဆင်းရတနာ – ၄၊ ဆင်းရတနာ – ၁၂၊ ဆင်းရတနာ – ၁၄) များကို စိုက်ပါ။
– တစ်ဧက မျိုးစေ့နှုန်း (၂ မှ ၃ ) ပြည် အသုံးပြုပါ။
– မြေချဉ်ငံဓာတ် (၅.၈ မှ ၇) အတွင်းရှိ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီသဲဝန်း များတွင် စိုက်ပျိုးပါ။
– မိုးနှမ်းကို (မေလ)၊ ဆောင်းနှမ်းကို (စက်တင်ဘာလကုန်) နှင့် မိုးကြိုရေသွင်းနှမ်းကို (မေလ) တွင် စိုက်ပျိုးပါ။
– နှမ်းလျင်မျိုးကို တန်းကြား x ပင်ကြား (၁၂ x ၄) လက်မ၊ နှမ်းကြီးမျိုးတန်းကြား x ပင်ကြား (၁၈ x ၄) လက်မ စိုက်ပျိုးပြီး မျိုးစေ့နက် (၁.၅ မှ ၂) လက်မထက် မနက်စေရပါ။
– တစ်ဧကလျှင် နွားချေး/ မြေဆွေးလှည်း (၅ မှ ၁၀) စီးနှုန်း ၊ ပုလဲ (၁၆) ပြည်၊ တီစူပါ (၁၆)ပြည်၊ တီစူပါ (၁၆) ပြည်၊ ပိုတက် (၈) ပြည်နှုန်းမြေပြင် ချိန်ထည့်ပါ။ အဖူးဝင်ချိန် နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ပုလဲ (၈)ပြည် စီ ထပ်မံထည့်ပေးပါ။ သက်တမ်း (၂)ပတ် သို့မဟုတ် မူမှန်ရွက် (၆) ရွက်ထွက်ချိန် သားခွဲပေးပါ။
– အပင်ငယ်စဉ် အဖူးဝင်ချိန်နှင့် နှမ်းသီးဖြစ်ပေါ်ချိန်များတွင် အစိုဓာတ်လုံလောက်အောင်ဆောင်ရွက်ပါ။
– အပင်ငယ်စဉ် စုပ်စားပိုးကျပါက ပင်လုံးပြန့်ပိုးသတ်ဆေး၊ ပန်းပွင့်ချိန်နှင့် အသီးသီးချိန် သီးလုံးဖောက်ပိုး၊ ဂျပိုးမဲနှင့် နှမ်းဖိုရောဂါဖြစ်စေသော ဖြုတ်ညိုကျရောက်ပါက ထိတွေ့ပိုးသတ်ဆေး ဖျန်းပါ။ နှမ်းရိုးမဲရောဂါ ကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေး လူးနယ်စိုက်ပျိုးပါ။
– ရိတ်ပြီးနှမ်းများကို တိုက်ရိုက်စည်း၍ နေရောင်အောက်တွင် ထောင်ထားပါ။ နှမ်းမျိုးများကို အစိုဓာတ် (၉)ရာခိုင်နှုန်း အထိရရှိအောင် အခြောက်ခံ၍ လေလုံအောင်ပိတ်ပြီး သိုလှောင်ပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post နှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ appeared first on Myanmar Farmers' Portal.