စိုက်ပျိုးချိန်
ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီကုန်ဆုံးသောအချိန် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် စိုက်ပျိုးပါက ပို၍ ကောင်းသည်။
စိုက်ပျိုးနည်း
အရှည် ၃ပေ၊ အကျယ် ၁ပေခွဲရှိသော ကျင်းများကို ၁ပေခန့်နက်အောင်တူးရမည်။ ထို့နောက် မြေဆွေးနှင့် အပေါ်ယံ မြေသားဆတူရော၍ ထည့်ရမည်။ ကျင်းအလယ်တွင် (၄ – ၅)စေ့ခန့်ကို ၄ လက်မအနက်ချပြီး မြေပြန်ဖုံးပေးထားရမည်။ ထို့နောက်နေ့စဉ် ရေမှန်မှန်လောင်းပေးရမည်။
ပြုစုခြင်း
အပင်ငယ်များ ၁ ပေခန့်ရှိပါက စင်ထိုး၍ အပင်တက်ရန်တိုင်များ ခပ်ကျဲကျဲထောင်ပေးရမည်။ ၁လတစ်ကြိမ် နှမ်းဖတ်ပုပ် နို့ဆီဘူး၂ဘူး (သို့မဟုတ်) သာကူစေ့မြေသြဇာ နို့ဆီဘူးတစ်ဝက်ထည့်ပေးရမည်။
ဆွတ်ခူးချိန်
ဆောင်းရာသီစိုက်ပျိုးသောအပင်မှာ ရက်ပေါင်း ၉၀ တွင် စတင်အသီးသီးသည်။ ၄၅ ရက်ခန့် ဆက်တိုက်သီးသည်။နွေရာသီစိုက်ပျိုးသောအပင်မှာ အသီးလှီကင်းသည်။ တစ်ပတ်လျှင် ၅ ပိဿာခန့် ဆွတ်ခူးနိုင်သည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ပဲပုဇွန် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.