Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကံ့⁠ကော် အေ⁠ကြာင်းသိ⁠ကောင်းစရာ

$
0
0

မျိုးရင်း                          Guttiferae (ကံ့ကော်မျိုးရင်း)

ရုက္ခဗေဒအမည်           Mesua Ferrea Linn

အခေါ်အဝေါ်

 မြန်မာအမည်              ကံ့ကော်

အင်္ဂလိပ်အမည်            Cobra’s Saffron.

ကချင်အမည်                Maiting (my)                   

ကရင်အမည်                Kaw-Ta-Nok.

မွန်အမည်                    Ar Ganui;Jai-Nool.

ရှမ်းအမည်                   Kam-Kan (Mai).

ပုံသဏ္ဍာန်

အပင်  

အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက်ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။

အရွက်  

ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။  ရွက်ထိပ်ချွန်၍  ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍  ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ် မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏။  ရွက်ကြောများ နီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။

အပွင့်

တစ်ပွင့်တည်း သို့မဟုတ် စုပွင့်၏။ အချင်း ၁ လက်မမှ ၃လက်မ အထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင် ၀ါ၍ မွှေးသောဝတ်ဆံတို့သည် တစ်စုတစ်ဝေးတည်း လုံးထွေးနေ၏။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။

အသီး

အနည်းငယ် ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ၀န်းရံထားသည်။ ကဆုန် နှင့်  နယုန်လ တွင်  သီးသည်။

အစေ့

၁ မှ ၄ စေ့ထိ ပါရှိသည်။ အညိုရင့်ရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံမာကျောသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံ အနှံ့ အပြားတွင် တွေ့ရသည်။ အထူးသဖြင့် တနသာင်္ရီတိုင်းတွင် တွေ့နိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏။ ဥယာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။

အသုံးပြုသည့် အစိတ်အပိုင်း

အပွင့်၊ ၀တ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက် နှင့် အဆီ။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်းကို ဖြစ်စေသည်။ သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း တို့ကို ပျောက်စေ၍ အားကြွစေသည်။

 အသုံးပြုပုံ

အပွင့်

၁။ အပွင့်များကို ထောပတ်၊ သကြား၊ ရောစပ်၍ ကြိတ်ပြီးစားပါက ပူလောင်ခြင်း နှင့် ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။

၂။ အဆိပ်ကို ပြယ်စေသဖြင့် အဆိပ်သင့်သော ရောဂါကုဆေးများ၌ ထည့်သွင်းသုံး၏။

၃။ အပွင့်ခြောက်များကို အစာအိမ်မကောင်းခြင်း၊ ချွေးထွက်လွန်ခြင်း၊ ချောင်းဆိုး၊ သလိပ်များခြင်း စသော ရောဂါများ အတွက် အသုံးပြုသည်။

ဝတ်ဆံ

၁။ ကံ့ကော်ဝတ်ဆံကို အလွန်ပြင်းသော အဖျား၊ ဦးခေါင်းသို့ သွေးဝင်သောအနာ၊ မီးယပ်သွေးလျှဲသောအနာ၊ ထိပ်လန့်ရူးသွပ်သော အနာတို့ကို  ကုသသော ဆေးဖော်စပ်ရာ၌သုံးသည်။

၂။ သကြားခဲ နှင့် ကံ့ကော်ဝတ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ၊ ဒူလာသွေးကျရောဂါ ပျောက်၏။

၃။ မီးယပ်သွေးဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြု၏။

၎။ အရေပြားပေါ်တွင် ပေါက်သော အပူဖုများ၊ ယားနာများကို သနပ်ခါး နှင့် ကြိတ်၍ သွေးလိမ်း

ပါက အနာများကို ပျောက်၏။

အမြစ် နှင့် အခေါက်

အမြစ်နှင့် အခေါက်ကို အားဆေးအဖြစ် အသုံးပြု၏။

အစေ့ဆီ

အစေ့မှရသော အဆီကို အဆစ်အမျစ်ရောင် ရောဂါ၊ ၀ဲ၊ ယားနာ စသောရောဂါများ ပျောက်ကင်းစေရန် လိမ်းဆေးအဖြစ် အသုံးပြု၏။

အနာများ ပုပ်ညှီက ၄င်းအဆီကို လိမ်းပေးရသည်။

မှတ်ချက် ။                    ။ ဆေးညွှန်းများကို သက်ဆိုင်ရာသမားတော်ကြီးများ၏ ခွင့်ပြုချက်ယူပြီးမှ သုံးစွဲသင့်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ကံ့⁠ကော် အေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>