ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့ ဒါထောပတ်သီးစားသူတိုင်း သိထားရ မဲ့အချက်ပါနော် ရေလုံးဝမထိရပါဘူး။ အညှာထဲရေဝင်ရင် အမျှင် မဲတွေေ ပ်ါလာပီးပုတ်တတ်ပါတယ်။
တကယ်လို့ ဘုရားကပ်မယ်။ လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆို ရင်ေ တာ့ tissue အစိုနဲ့သုတ်ပြီး အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါ။ သူ့အရောင်အလိုလိုတက်လာပါမယ်။တချို့ရောင်း တန်းတွေမှာ အသီးကိုပြောင်လတ်နေအောင် သုတ်ထားတာက အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။ အသီးကြောတင်းပီး စားမကောင်းတော့ပါ။
ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့ သတင်းစာနဲ့တလုံးချင်းပတ် ။နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါဖာထဲ ငှက်ပျောသီး အမှည့် ၁ လုံးထည့်ထားပါ။အသီးအရမ်းစိမ်းရင် ၃ ရက်။မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။
ချိန်ဆဖွင့်ပါ။ဆန်အိုးထဲမထားရပုတ်လွယ်သည်။
အမှည့်မလွန်ပါနဲ့အညှာလေး ဖယ်ကျိလို့ အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပြီ။ ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံး နောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်
အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို ပစ်ရပါလိမ့်မယ်။မာယာ များတဲ့ထောပတ်သီးကို သေချာ ဂရုစိုက်
စားပါက အကောင်းဆုံး အရသာ ရပါမယ်။
မှည့်နေသော အသီးအား ကြာကြာထားနည်းကတော့ ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့ ရေခဲသေတ္တာ ရှိရင်ရ ပါတယ်။ မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ ဇွန်းလေးနဲ့ သေချာခြစ်ချ သိပ်သိပ်လေးလုပ် အဖုံးလေးဖုံးပီး ရေခဲထဲထည့်ထားရင်ကြာကြာထားစား လို့ရပါတယ်။ အဓိက လေလုံနေဖို့ပါ။စားခါနီး အပေါ်ယံလွှာလေးမဲ နေရ င်တောင် ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါ။ မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်ဆီလေးသုတ်ထားပါ။
#Pissaya_Info
Credit
The post ထောပတ်သီးကိုအနားကင်းစွာမှည့်ရန်နှင့် မှည့်နေသောထော ပတ်သီးများအား ထားသိုနည်း appeared first on Myanmar Farmers' Portal.