Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စိုက်ပျိုး⁠ရေး စိတ်ဝင်စားသူတိုင်း သိထားသင့်⁠သော ⁠ရှေးစကားပုံများ

$
0
0

စိုက်ပျိုးရေး စိတ်ဝင်စားသူများ သိထားသင့်တဲ့ ရှေးစကားပုံများကို Pissaya Info မှ တောင်သူဦးကြီးများ ဗဟုသုတရရှိစေရန်အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်

၂။ ခဝဲပွင့်တုန်း တန်ဆောင်မုန်း

၃။ ခဝဲပွင့်ချိန် ခင်းကထိန်

၎။ ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်

၅။ ခံသီးပြိုးပြောင် လဝါခေါင်

၆။ ငှက်ပျောပင်စိုက် မိလိုက်ဘပါ

၇။ ငှက်ပျောတစ်ခိုင် သားတစ်ထိုင်

၈။ ဖွဲထောင်းလို့ ဆန်ကောင်းမရ

၉။ ငှက်ပျောတစ်နှိုက် အုန်းတစ်မိုက်

၁၀။ ကျူး၊ လာ၊ မိုးသက် ပျိုးကြဲရက်

၁၁။ တမန်းအိုအို ပျိုးပျိုပျို

၁၂။ မိုးလင့်၍ ပျိုးရင့်သည်

၁၃။ ကောက်သီးဝါဝင်း တော်သလင်း

၁၄။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း

၁၅။ နွေထနောင်း ဆောင်းမန်ကျည်း

 

၁၆။ ဖျောက်ဆိပ်မွန်းလွဲ နှမ်းကြီးကြဲ

၁၇။ ပြောင်းနှင့်ပိစပ် လူးနှင့်ဆပ် မအပ်မဖွယ်ရာ

၁၈။ ပေါက်လဲလည်းငုံ ရာသီကုံ မြူဖုန်မထသေး

၁၉။ ဖရုံတစ်ညှာ ဘူးတစ်ညှာ ဘယ်ခါတည့်မလဲ

၂၀။ မျောက်နှင့်ဖရုံ နီးစိုက်တုံ ဖျင်းသုဉ်းပျက်တက်ကြောင်း

၂၁။ နယုန်မိုးသေး မြက်သားမွေး

၂၂။ ဝါကဆုန် နှမ်းနယုန်

၂၃။ သစ်အဖျား ဝါးအရင်း

၂၄။ ငှက်ပျောကဆုန် ဝါးနယုန်

၂၅။ သဇင်ပွင့်သော် လနတ်တော်

၂၆။ စိုက်ပျိုးချိန်တန် မူရင်းသန် ဟေမာန်ဆောင်းအခါ

၂၇။ အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊

မြောက်ကြော လက်ပံ၊ နောက်ယံသဖန်း

ဒန်းနှင့်သပြေ မစိုက်လေနှင့်

၂၈။ ဝါခေါင်တစ်ကြောင်း ထနောင်းကြောင်ကျစ်

ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသဲ

၂၉။ ဆောင်းမှာသားရေ၊ နွေမှာသစ်ခေါက်၊ မိုးမှာ

ဝါးယောင်းခြောက်

၃၀။ ခွေးတောက်မြစ်ယှက် စိုက်ရောဖက်က

သရက်ပင်မင်း သီးချိုကင်း၏။

၃၁။ ငုံးပျံဖုန်ထ နှမ်းကြဲရ

၃၂။ ယာမှာအသုတ် လယ်မှာအပုပ်

၃၃။ မိုးဖြူမစဲ မိုးမဲမရွာ

Source – Nyan Myint

The post စိုက်ပျိုး⁠ရေး စိတ်ဝင်စားသူတိုင်း သိထားသင့်⁠သော ⁠ရှေးစကားပုံများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>