Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပေါင်းပင်အကြောင်း ( Weed )

$
0
0

စိုက်ပျိုးထားသော သီးနှံပင်များနှင့် မွေးမြူထားသောတိရိစ္ဆာန်များအား အရေအတွက်နှင့် အရည်အသွေးကျဆင်းစေရန် အနှောင့် အယှက်ပေးသည့် မလိုအပ်သောနေရာ မလိုအပ်သော ကာလတွင်ရှိနေသော အပင်ဟူသမျှသည် ပေါင်းပင် ( Weed )ဖြစ်သည်။

ဆိုလိုသည်မှာ စိုက်ပျိုးထားသော ကြက်သွန်ခင်းတွင်ပေါက်လာသော မုန်လာပင်သည် ။ကြက်သွန်ခင်းအတွက် ပေါင်းဖြစ် သည်။ ထို့နည်းတူစွာ မုန်လာခင်းတွင် ပေါက်သောကြက်သွန်သည်လည်း ပေါင်းပင် ဖြစ်သည်။  တောင်သူအချို့မှာ   ပေါင်းဟုပြောလျှင် ပေါင်းမြက်ကိုသာ ပြေးမြင်ကြသည်။ အမှန်တကယ်မှာ စိုက်ခင်းအတွင်းစိုက်ပျိုးထားသော သီးနှံပင်မှအပ အခြားအပင်အားလုံးသည် ပေါင်းပင်သာဖြစ်သည်။ နေရာတိုင်းတွင်လောကနီယာမအတိုင်း အဆိုးအကောင်း ဒွန်တွဲေ နကြစမြဲမို့ ပေါင်းတွင်လည်း အဆိုးအကောင်းရှိသည်။ ပေါင်းပင်ကို အဆိုးမြင်တစ်ခုတည်း ကြည့်၍မရနိုင်ပါ။

ပေါင်းပင်၏ ဆိုးကျိုးများကို ဖော်ပြရလျှင် –

– သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကိုထိခိုက်စေသည်။

– ပိုးမွှားရောဂါများ၏ လက်ခံပင်ဖြစ်သည်။

– သီးနှံပင်များ စိုက်ပျိုးပြုစုခြင်း၊ ရိတ်သိမ်းခြင်းနှင့်သိုလှောင်ခြင်းတို့တွင် အနှောင့်အယှက်ပေးသည်။

– ရေသွင်း၊ ရေထုတ်သည့် လုပ်ငန်းကို အဟန့်အတားဖြစ်စေသည်။

– မွေးမြူထားသော တိရိစ္ဆာန်များ၏ ခြံပတ်လည်တွင်ရှိနေခြင်းဖြင့် လေဝင်လေထွက် ညံ့ဖျင်းကာ ကျမ်းမာရေး ထိခိုက်စေနိုင်သည်။

– ဝတ်မှုန်ကူးပေးသည့် အင်းဆက်များကိုဆွဲဆောင်သဖြင့် သီးနှံပင်များ၏ ပင်ခြားဝတ်မှုန်မှုကို
လျော့နည်းစေခြင်း စသည့်ဆိုးကျိုးများဖြစ်စေသည်။

တစ်ဖန်ပေါင်းပင်၏ အနည်းငယ်သော ကောင်းကျိုးများကို ဖော်ပြရသော် –

– မြေဆီလွှာပေါ်တွင် ပေါင်းပင်များရှိနေစေခြင်းဖြင့်ရေလေတို့၏ မြေတိုက်စားမှုကို ဟန့်တားထားနိုင်သဖြ င့်မြေဆီလွှာ ပျက်ဆီးဆုံးရှုံးခြင်းများ လျော့နည်းစေသည့်အပြင် ပေါင်းပင်အကြွင်းအကျန်အဆွေးများမှတဆင့်မြေဆွေးဓာတ်ရရှိစေသည်။

– ရှင်းလင်းပြီးသော ပေါင်းပင်များကို မြေဖုံးပင်များအဖြစ် အသုံးပြုနိုင်သဖြင့် ရေဓာတ်ဆုံးရှုံးခြင်းနှင့်
ပေါင်းပေါက်ရောက်မှုကို သက်သာစေသည်။

– ကပ်ပါးကောင်များနှင့် သားရဲကောင်များအတွက်နေအိမ်သဖွယ်ဖြစ်စေပြီး အစားအစာလည်း
ဖြစ်စေသည်။

– အချို့သော သက်ရှိများအတွက် အစားအစာအပြင်ဆေးဖက်ဝင်အပင်လည်း ဖြစ်နိုင်သည်။

– မြေတွင်းအောင်းသက်ရှိများအတွက် မှီခိုအားထားရာ ဖြစ်စေနိုင်သည်။

– သီးနှံမွေးမြူရေး လုပ်ငန်းအတွက် ဗီဇမျိုးသစ်များရရှိရာ အခြေခံလည်းဖြစ်စေသည့် အစရှိသော ကောင်းကျိုးများ ရရှိစေနိုင်ပါသည်။

ပေါင်းပင်သည် စိုက်ပျိုးသီးနှံပင်များအတွက် လိုအပ်သော အစာအာဟာရကို ယှဉ်ပြိုင်လုယူ စားသောက် သဖြင့် အထွက်နှုန်းထိခိုက်စေသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့သော် မည်၍မည်မျှထိခိုက်စေနိုင်သည်ကို သာမန်တောင်သူများ သိရှိမည်နည်း ဆိုသည်ကိုတော့ မပြောတက်ပါ။

စစ်တမ်းများအရ ပေါင်းပင်များကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာပင် အထွက်နှုန်း၏ ( ၅ % ) ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ( ၂၆ % )အထိ ဆုံးရှုံးမှုရှိသည်။

ပေါင်းပင်များအား ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှု မပြုနိုင်သည့် စိုက်ခင်းများတွင် ( ၆၀% ) အထိ ဆုံးရှုံးများရှိသဖြင့် အထူးဂရုစိုက် ကာကွယ်နှိမ်နင်းသင့်သည်။အထွက်နှုန်း၏ ၅ ရာခိုင်နှုန်းကိုမပြောပလောက်သည်ဟု မထင်လေနှင့်
မှားသွားပါမည်။ ဥပမာပြရသော် စပါး ၁ ဧက တင်း ၅၀ ထွက်ပါက ၅ ရာခိုင်နှုန်းသည် ၂ တင်းခွဲဖြစ် သည်။ ၅ ဧကဆိုလျှင် ၁၂ တင်းခွဲဖြစ်သည်။ တစ်နိုင်ငံလုံး စိုက်ဧကနှင့်  တွက်ချက်ကြည့်ပါက တင်းပေါင်းမြောက်များစွာ ပေါင်းပင်များကြောင့် အတွက်နှုန်း ထိခိုက်နေသည်ကို တွေရှိရပါမည်။ ပေါင်းကြောင့် ဤမျှ ထိခိုက်စေသော ပမာဏကိုလျော့နည်းသွားစေရန် ဘက်စုံပေါင်းနှိမ်နင်းခြင်း လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း ပေါ်လွင်စေသည်။

Source – ဥာဏ်မြင့်

The post ပေါင်းပင်အကြောင်း ( Weed ) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>