Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဥဿာ⁠မွှေးစပါးမျိုးသစ် စိုက်ပျိုးနည်း အေ⁠ကြာင်းသိ⁠ကောင်းစရာ

$
0
0

ဥဿာမွှေးစပါးမျိုးသစ်

ဥဿာမွှေး စပါးမျိုးသစ်သည် ပဲခူးတိုင်းမှ စတင်၍ ပွားများထုတ်လုပ်သော မျိုးသစ်တမျိုး ဖြစ်ပါသည်။ ရာသီစပါး တစ်မျိုးဖြစ်ပြီး အနံ့မွှေးကြိုင်ခြင်း၊ စားသုံးမှုအဆင့်အတန်းကောင်းမွန်ခြင်း၊ အထွက် ကောင်း မွန်ခြင်း၊ မိုးရာသီတွင်ေ တာင်သူဦးကြီးများ စိုက်ပျိုးသင့်တဲ့ အရည်အချင်းကောင်းများကြောင့် ပဲခူးတိုင်းအတွင်းဆက်လက်၍ ပွားများထုတ် လုပ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ဥဿာမွှေးစပါးမျိုး၏ သမိုင်းကြောင်း

ဥဿာမွှေးစပါးမျိုးသန့်ကို ကရင်ပြည်နယ်ဘားအံမြို့ မှတဆင့် မျိုး ရရှိခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ် မိုးရာသီတွင် ပဲခူး တိုင်းအတွင်းမျိုးစေ့ခြံများ ဖြစ်သော အုတ်ဖြတ်ခြံ၊ ပဲခူးခြံ၊ ကတုတ်ခြံ နှင့် ပေါက်တပင်ခြံတို့တွင် ရေမြေသဘာဝ၊ ရာသီဥ တု နှင့် ကိုက်ညီမှု ရှိ၊ မရှိ အခြေအနေအား သိရှိစေရန် တခြံလျှင် နို့ဆီဘူး တစ်ဘူးခန့်စီ စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ မျိုးရရှိမှု အနေအထားအရမျိုးစေ့များမပျောက်ပျက်စေရန်နှင့် ပျိုးပင်များ ရှင်သန်ရေးအတွက် ဦးတည်၍ ပျိုးဘောင်ဖြင့် ပျိုးထောင်ခဲ့ပါသည်။ စိုက်ပျိုးရေး၌လည်း မျိုးအနေအထားအရ၄င်း၊ လေ့လာရန် လွယ်ကူစေရေးအတွက်၎င်း တပင်ချင်း (Single plant) စိုက်ပျိုးခဲ့ပါသည်။

စမ်းသပ်စိုက်ပျိုးမှု အရ စပါးမျိုးသစ်သည် ယခုလက်ရှိစိုက်ပျိုးလျှက်ရှိသော အဆင့်မြင့် စပါးမျိုးများဖြစ်သည့် လုံး သွယ်မွှေး၊ ပေါ်ဆန်းမွှေးကဲ့သို့ အနံ့ မွှေးကြိုင်ခြင်း၊ လုံးသွယ်မွှေးထက် တံစဉ်ပြန် (၇) ရက်ခန့်စော၍ ပန်းပွင့်ခြင်းဖြင့် ဒုတိယသီးဆောင်းသီးနှံစိုက်ပျိုးရန်အတွက် အချိန် ပိုမိုရရှခြင်း လုံးသွယ်မွှေးထက် အထွက်ပိုကောင်းမွန်ခြင်းစသည့် အရည်အသွေးများကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ရေမြေဒေသ နှင့် ကိုက်ညီသည့် စပါးမျိုးသစ်တခုအဖြစ် ပိုမို၍ သေချာမှုရရှိစေရန် ၂၀၀၁ – ၂၀၀၂ ခုနှစ် မိုးရာသီတွင် ဒုတိယနှစ်အဖြစ်ဆက်လက်၍ စိုက်ပျိုးခဲ့ပါသည်။

၂၀၀၀ – ၂၀၀၁ ခုနှစ်နှင့် ၂၀၀၁ – ၂၀၀၂ ခုနှစ်တွင် စိုက်ပျိုးခဲ့မှုများအရ ဥဿာမွှေးစပါး၏ အရည်အေ သွးလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဥဿာမွှေးစပါး၏ အရည်အသွေးလက္ခဏာများ

 

၁။  

မျိုးအုပ်စု

 

ဧည့်မထ
၂။ ပျမ်းမျှအပင်အမြင့် (၅)ပေ (၃)လက်မ
၃။ (၅၀) ရာခိုင်နှုန်းပန်းပွင့်ရက် အောက်တိုဘာလ ဒုတိယပတ်
၎။ ပျှမ်းမျှအနှံပါပင်ပွား (၈)ပင်
၅။ အနံအရှည် (၁၀.၅) လက်မ
၆။ တနှံပါအောင်စေ့ ၁၉၈
၇။ အစေ့ (၁၀၀၀) အလေးချိန် (၂၇) ဂရမ်
၈။ ဆန်ထွက်ရာခိုင်နှုန်း ၄၀
၉။ ဆန်ရည်ဆန်သား ကြည်လင်

 

၁၀။ စားသုံးမှုအဆင့် ကောင်း

 

၁၁။ တစ်ဧကအထွက်နှုန်း တွက်ချက်မှုအရ (၉၀ မှ ၁၁၀)တင်း ထွက်ရှိနိုင်ပါသည်။

ဥဿာမွှေးစပါး၏ အကောင်းဆုံးစိုက်ပျိုးရာသီသည် မိုးရာသီဖြစ်ပြီး စမ်းသပ်စိုက်ပျိုးခဲ့သော အတွေ့အကြုံများအရ အမြင့်မားဆုံးသော အထွက်နှုန်းကို ရရှိစေရန် အောက်ပါအချက်အလက်များကို သတိပြုရန် လိုအပ်ပါသည်။

ဥဿာမွှေးစပါးစိုက်ပျိုးရာတွင် သတိပြုသင့်သည့်အချက်များ

(၁) ပျိုးသက်

ဥဿာမွှေးစပါးသည် ပျိုးသက်နုစိုက်ပျိုးခြင်းကို နှစ်သက်ပါသည်။ ပျိုးသက်ကို (၁၄) ရက်သားမှ အလွန်ဆုံး (၂၀) ရက်သားထား၍ စိုက်ပျိုးရန် သင့်တော်ပါသည်။

(၂) လက်ဆ

လက်ဆကို တစ်ပင်မှ အများဆုံး နှစ်ပင်အထိသာထား၍ စိုက်ပျိုးသင့်ပါသည်။

(၃) ကောက်ကွက်

ဥဿာမွှေးစပါးသည် ကောက်ကွက်ကျဲခြင်းကို နှစ်သက်ပါသည်။ ကောက်ကွက် (၁၀” x ၆”) ထား၍ စိုက်ပျိုးသင့်ပါသည်။

(၄) စိုက်ပျိုးချိန်

မိုးရာသီတွင် သက်တမ်း  (၅) လ မကျော်အောင် အောက်တိုဘာလ (ဒုတိယ) ပတ် ပန်းပွင့်ရက်ကို ချိန်ဆ၍ စိုက်ပျိုးသင့်ပါသည်။

အမွှေးရနံ့ ရရှိမှုအခြေအနေ                        

မွှေးကြိုင်သောရနံ့ကို ဥဿာမွှေးစပါပျိုးထောင်ပြီး ပျိုးခင်းမှ စတင်၍ မှို့ကပ်ချိန်အထိအနံ့ရရှိပါသည်။ မှို့ကပ်ချိန်တွင် အနံ့နည်းသွားပြီး ပန်းပွင့်ချိန်မှ စပါးစေ့ရင့်မှည့်သည်အထိ အနံ့ပြန်ရရှိပါသည်။ နံနက်စောစော နှင့် ညနေပိုင်းတွင် အမွှေးနံ့ကို ပိုမိုရရှိပြီး နေ့လည်ခင်းနေအပူရှိန်ကြောင့် အနံ့ရရှိမှုနည်းပါးသည်။

ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေ

ဥဿာမွှေးစပါးသည် အပင်ရိုးတံအနေဖြင့် လုံးသွယ်မွှေး၊ ပေါ်ဆန်းမွှေးစပါးများထက် ပိုမိုမာကြော၍ ပိုးမွှားနှင့် ရောဂါများကျရောက်မှုနည်းသည်ကိုလည်း (၂) နှစ်တာကာလအတွင်း စိုက်ပျိုးမှုအနေအထားအရတွေ့ရပါသည်။ ထူးခြားမှုမှာ စပါးဘက်တီးရီးယားရောဂါ နှင့် ဂုတ်ကျိုးရောဂါများမတွေ့ရှိခြင်း၊ ရွက်လောင်ရောဂါကို စက်တင်ဘာလဆန်းတွင် အနည်းငယ်တွေ့ရသော်လည်း ဆေးဖျန်းနှိမ်နင်းသည့် အဆင့်သို့ မရောက်ရှိဘဲ ထိခိုက်ပျက်ဆီးမှု မရှိ ခံနိုင်ရည်ရှိစွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်ကို တွေ့ရှိရပါသည်။ ဥဿာမွှေးစပါး၏ အမွှေးရနံ့ကြောင့် ပန်းပွင့်ချိန်နှင့် စပါး ရင့်မှည့်ချိန်တို့တွင် နှံစုပ်ပိုး ကျရောက်တတ်၍ အထွက်နှုန်းမလျော့စေရေး နှင့် အရည်အသွေးမကျဆင်းရေးအတွက် ၄င်းအချိန်တွင် ဆေးပက်ဖျန်းကာကွယ်နှိမ်နင်းသင့်ပါသည်။

စားသုံးမှု အဆင့်အတန်း အခြေအနေ

ထမင်းချက်၍ စားသုံးရာတွင် စေးကပ်သော (Sticky) အမျိုးအစား မဟုတ်ဘဲ ပျော့ပြောင်းနူးညံ့သော အမျိုးအစား ဖြစ်ပါသည်။

Source- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post ဥဿာ⁠မွှေးစပါးမျိုးသစ် စိုက်ပျိုးနည်း အေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>