မျိုးရင်း
Sterculiaceae (လက်ခုပ်မျိုးရင်း)
ရုက္ခဗေဒအမည်
Mansonia gagei Drummond.
အခေါ်အဝေါ်
(က) မြန်မာအမည် ကရမက်
(ခ) အင်္ဂလိပ်အမည် Bastard Sandalwood.
ပုံသဏ္ဍာန်
အပင်
အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ၊ လုံးပတ် ၄ – ၈ ပေရှိသည်။ အခေါက်အညိုရောင်ပေါ်တွင် အဖြူရောင်ရောနေပြီး မာကြောသော အနှစ်ပါရှိသည်။ အသားအစိုတွင် မွှေးကြိုင်သော အနံ့ လုံးဝမရှိချေ။ သစ်တောအတွင်း ခုတ်လှဲထားပြီးနောက် ဆွေးမြေ့စေသည့် မှိုတစ်မျိုးဝင်ရောက်စွဲကပ်လာမှသာ မွှေးကြိုင်သော အနံ့ ဖြစ်ပေါ်လာသည်။
အရွက်
ရွက်လွှဲထွက်သည်။ ရွက်ပြားကြီး၍ ထီးပုံသဏ္ဍာန်ရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းဝိုင်းသည်။
အောက်မျက်နှာပြင် အရောင်ဖြူ၍ အမွှေးနုရှိပြီး ရွက်ကြောထင်ရှားသည်။ အပေါ်မျက်နှာပြင် စိမ်း၍ ပြောင်ချောသည်။ အရွက်ညှာထိပ်မှ ရွက်ကြောဖြာသည်။ ရွက်နားဟိုက်၍ အတွန့်များ ရှိ၏။
အပွင့်
အပွင့်ရှည်လျားသည်။ ညိုဝါရောင်ရှိသည်။ ကတ္တီပါမွေးနုများပါသည်။ ပွင့်ညှာတိုသည်။ အနံ့မွှေးသည်။
အသီး
အတောင်ပါသီးဖြစ်၍ ၃ – ၄ လက်မခန့် ရှိပြီး အချင်း ၂ လက်မခန့်ရှိသည်။ အစေ့တစ်ခုတည်းသာရှိသည်။ ရင့်သောအခါ အက်ကွဲ၏။
ပေါက်ရောက်သည့်ဒေသ
တနသာင်္ရီတိုင်း၊ အမြဲစိမ်းပူအိုက်စွတ်စိုသော ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် အလေ့ကျပေါက်သည်။
အသုံးပြုသည့် အစိတ်အပိုင်း
အမြစ်၊ အသား
အာနိသင်
မြန်မာဆေးကျမ်းများအလိုအရခါးသက်သော အရသာရှိ၍ စဉ်းငယ်ချိုသည်၊ အေးသည်၊ သလိပ်ကို ဖြစ်စေသည်၊ လေကို တိုးပွားစေသည်။
အသုံးပြုပုံ
အမြစ်၊ အသား
၁။ သွေး၍ လိမ်းခြင်းဖြင့် လည်းကောင်း၊ သောက်ခြင်ဖြင့်လည်းကောင်း၊ သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။
၂။ သွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏။
မှတ်ချက် – ဆေးကို အသုံးပြုရာမှာ သက်ဆိုင်ရာ သိကျမ်းနားလည်သည့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ကရမက် အကြောင်းသိကောင်းစရာ appeared first on Myanmar Farmers' Portal.